
[Unicode]
ရှိုးအသစ်နဲ့ဇာတ်ကားအသစ်တွေကိုမျှော်ရတဲ့အလုပ်ကို အထောက်အပံ့ဖြစ်စေမှာပါ။
Google Search ရလဒ်တွေဟာ မျက်ခြေမပြတ်စောင့်ကြည့်ချင်နေတဲ့ ရှိုးတွေနဲ့ဇာတ်ကားတွေအတွက် အထောက်အကူပြုပေးနိုင်ပါတော့မယ်။ မိုဘိုင်းလ်အတွက် result page လေးမှာ တီဗွီစီးရီးတွေနဲ့ဇာတ်ကားတွေကို Watchlist အဖြစ်နဲ့ ထည့်သွင်းနိုင်တော့မှာဖြစ်သလို Watched ဆိုတဲ့ bookmarks collection တွေလည်း လုပ်လာနိုင်တော့မှာဖြစ်တယ်လို့ သိရပါတယ်။
တကယ်လို့များ YouTube ပေါ်မှာကြည့်နေတာဖြစ်ခဲ့မယ်ဆိုရင် Watch now ခလုတ်လေးအပြင် သူ့ရဲ့ဈေးနှုန်းတွေနဲ့အတူ ကြည့်လို့ရတော့မယ့် လင့်လေးလည်း ပါဝင်နေတဲ့ကဒ်လေးကို မြင်တွေ့ရမှာပါ။ ရုပ်ရှင်ရုံတွေမှာ ကြည့်ရတဲ့ကားမျိုးဆိုရင်တော့ Get tickets ဆိုတဲ့ခလုတ်လေးနဲ့ ဘယ်အချိန်တွေပြသလဲဆိုတာ မြင်တွေ့ရမှာဖြစ်ပါတယ်။ Watchlist ကိုထည့်တဲ့အချိန်မှာလည်း cover art လေးနဲ့ Collection လုပ်ပေးဦးမှာဖြစ်ပါတယ်။ ဒီတော့ ကြည့်ချင်တဲ့အခါတိုင်းမှာ browse လို့ရပြီပေါ့။

သတင်းတွေအရ ဒီ feature လေးဟာ အရင်ရက်တွေကတည်းက ထွက်ရှိနေတာပါ။ ကျွန်တော်တို့ကတော့ သုံးကြည့်လို့မရသေးပါဘူး။ ဒါပေမယ့်လည်း လူမှုကွန်ရက်တွေမှာ သုံးထားတဲ့ပုံတွေ တက်လာနေပါတယ်။ လက်ရှိမှာတော့ မိုဘိုင်းလ်ကနေ web ကိုသုံးတဲ့အခါမှာသာ ရနိုင်ပါသေးတယ်။ ဒါပေမယ့်လည်း iOS နဲ့ Android ရဲ့ Google app တွေမှာလည်း ရတော့မှာပါ။
[Zawgyi]
ရႈိးအသစ္နဲ႔ဇာတ္ကားအသစ္ေတြကိုေမွ်ာ္ရတဲ့အလုပ္ကို အေထာက္အပံ့ျဖစ္ေစမွာပါ။
Google Search ရလဒ္ေတြဟာ မ်က္ေျခမျပတ္ေစာင့္ၾကည့္ခ်င္ေနတဲ့ ရႈိးေတြနဲ႔ဇာတ္ကားေတြအတြက္ အေထာက္အကူျပဳေပးႏိုင္ပါေတာ့မယ္။ မိုဘိုင္းလ္အတြက္ result page ေလးမွာ တီဗြီစီးရီးေတြနဲ႔ဇာတ္ကားေတြကို Watchlist အျဖစ္နဲ႔ ထည့္သြင္းႏိုင္ေတာ့မွာျဖစ္သလို Watched ဆိုတဲ့ bookmarks collection ေတြလည္း လုပ္လာႏိုင္ေတာ့မွာျဖစ္တယ္လို႔ သိရပါတယ္။
တကယ္လို႔မ်ား YouTube ေပၚမွာၾကည့္ေနတာျဖစ္ခဲ့မယ္ဆိုရင္ Watch now ခလုတ္ေလးအျပင္ သူ႔ရဲ႕ေဈးႏႈန္းေတြနဲ႔အတူ ၾကည့္လို႔ရေတာ့မယ့္ လင့္ေလးလည္း ပါဝင္ေနတဲ့ကဒ္ေလးကို ျမင္ေတြ႕ရမွာပါ။ ႐ုပ္ရွင္႐ုံေတြမွာ ၾကည့္ရတဲ့ကားမ်ိဳးဆိုရင္ေတာ့ Get tickets ဆိုတဲ့ခလုတ္ေလးနဲ႔ ဘယ္အခ်ိန္ေတြျပသလဲဆိုတာ ျမင္ေတြ႕ရမွာျဖစ္ပါတယ္။ Watchlist ကိုထည့္တဲ့အခ်ိန္မွာလည္း cover art ေလးနဲ႔ Collection လုပ္ေပးဦးမွာျဖစ္ပါတယ္။ ဒီေတာ့ ၾကည့္ခ်င္တဲ့အခါတိုင္းမွာ browse လို႔ရၿပီေပါ့။

သတင္းေတြအရ ဒီ feature ေလးဟာ အရင္ရက္ေတြကတည္းက ထြက္ရွိေနတာပါ။ ကြၽန္ေတာ္တို႔ကေတာ့ သုံးၾကည့္လို႔မရေသးပါဘူး။ ဒါေပမယ့္လည္း လူမႈကြန္ရက္ေတြမွာ သုံးထားတဲ့ပုံေတြ တက္လာေနပါတယ္။ လက္ရွိမွာေတာ့ မိုဘိုင္းလ္ကေန web ကိုသုံးတဲ့အခါမွာသာ ရႏိုင္ပါေသးတယ္။ ဒါေပမယ့္လည္း iOS နဲ႔ Android ရဲ႕ Google app ေတြမွာလည္း ရေတာ့မွာပါ။
Ref: engadget