Google ပေးစွမ်းသလို feature တွေပါဝင်လာနေတဲ့ Huawei Mobile Services 4.0 beta

0
836

[Unicode]

Huawei နဲ့ US ကြားကဆက်ဆံရေးက အဆင်မပြေဘူးဆိုပေမယ့်လည်း တရုတ်အတွက်ကတော့ သိပ်မခက်ခဲသလိုပါပဲ။ ဒါပေမယ့် ပိတ်ဆို့မှုအားလုံးကိုတော့ ပြေလည်အောင်ဖြေရှင်းနိုင်နေပြီလို့ မပြောလိုသေးပါဘူး။ Huawei နဲ့ သူ့ရဲ့လက်အောက်ခံလုပ်ငန်းတွေ၊ ညီအစ်မလုပ်ငန်းတွေဟာ လက်ရှိနေရာကနေ ရုန်းထွက်ဖို့အတွက် နှစ်ဆပိုကြိုးစားနေရပါတယ်။ 5G infrastructure လိုမျိုး အထင်ကြီးစရာကောင်းတဲ့ လုပ်ရပ်တွေရှိနေသော်ငြားလည်းပဲ ပိတ်ဆို့မှုတွေကြောင့် အခက်အခဲတွေတော့ ရှိနေဆဲပါပဲ။ ဒါပေမယ့် စမတ်တီဗွီတွေနဲ့ wearable လိုမျိုး နည်းပညာဆက်စပ်ပစ္စည်းတွေအတွက် အနောက်နိုင်ငံမားကတ်တင်းလုပ်ခြင်း၊ ချဲ့ထွင်ခြင်း၊ စာချုပ်ချုပ်ဆိုခြင်းတွေကိုတော့ ဆက်လက်လုပ်ကိုင်ခွင့်ရှိနေပါတယ်။ ဒီထက်ပိုပြီး အံ့သြစရာကောင်းတဲ့အချက်တစ်ခုရှိနေပါသေးတယ်။
Software ပိုင်းမှာ တော်တော်လေးအားထုတ်ထားတာ မြင်သာပါတယ်။ Android အစားထိုးအနေနဲ့လုပ်ဆောင်မယ်လို့ပြောထားတဲ့ HarmonyOS ကို ပြောနေတာမဟုတ်ပါဘူး။ Huawei ရဲ့ လက်ရှိလုပ်ဆောင်ချက်က Google ရဲ့လစ်လပ်နေတဲ့အပေါက်ထဲကို ဖြည့်တင်းလိုက်တာပါ။ ဆိုတော့ သူ့ရဲ့လက်ရှိနဲ့ နောင်လာမယ့် Android device တွေအတွက်ပေါ့။ Huawei Mobile Services (HMS) 4.0 beta လေးကို ဒီဇင်ဘာ၂၇ရက်နေ့မှာ Huawei Developer Groups (HDG) event လုပ်ပြီး ပြသခဲ့ပါတယ်။ Google ရဲ့ Mobile/Play Services အစားထိုးအနေနဲ့ မကြာခင်မှာ ထွက်ရှိလာတော့မှာဖြစ်ပါတယ်။ သူ့မှာ feature အသစ်တွေပါဝင်နေသလို ရှိပြီးသားတွေကိုလည်း တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ထားပေးပါတယ်။
Huawei account services, in-app payment sevices, advertising services တွေဟာလည်း အဓိကလုပ်ဆောင်ချက်တွေမှာ အားကောင်းလာပါတယ်။ smart learning service လိုမျိုး၊ dynamic label manager services လိုမျိုး စိတ်လှုပ်ရှားရမယ့် အသစ်တွေအပြင် Safety Detect security detection service တွေလည်း ပါဝင်နေပါတယ်။ SD service လေးမှာတော့ system integrity, application security, ဗိုင်းရပ်စ်တွေပါဝင်နေတဲ့ URL, သုံးစွဲသူအတုအယောင် detection တွေလည်း ပါဝင်နေပါတယ်။ privacy နဲ့ပတ်သတ်လို့ သူတို့ရဲ့ပုံရိပ်ကို ပြန်တက်လာစေမှာတော့ ကျိန်းသေပါတယ်။


Huawei ဟာ သူ့ရဲ့ကိုယ်ပိုင် Push kit notification နဲ့ communication service တွေကိုလည်း အရှိန်အဟုန်မြှင့်ကာ လုပ်ဆောင်ထားပါတယ်။ လက်ရှိမှာ application 38,000 လောက် sign-up လုပ်ထားပြီး နေ့စဉ်မက်ဆေ့ချ် ၃၀ဘီလျံ ရှိနေပါပြီ။ သူတို့အနေနဲ့ ၂၀၂၀အကုန်မှာ Google app အစားထိုးအနေနဲ့ software ဖန်တီးပြီးနိုင်ဖို့ မှန်းထားတယ်လို့လည်း သိရပါတယ်။ အိန္ဒိိယမှာရှိတဲ့ ထိပ်တန်းapp ၁၅၀ ရဲ့ ရေးသားသူတွေနဲ့ တွေ့ဆုံပြီးတော့ HMS ကို ထောက်ပံ့နိုင်ဖို့ လုပ်ဆောင်ထားပါတယ်။ ဒီမစ်ရှင်အတွက် ထောက်ပံ့ဖို့ ဒေါ်လာ၁ဘီလျံ ကျောထောက်နောက်ခံရှိနေပါတယ်။

[Zawgyi]

Huawei နဲ႔ US ၾကားကဆက္ဆံေရးက အဆင္မေျပဘူးဆိုေပမယ့္လည္း တ႐ုတ္အတြက္ကေတာ့ သိပ္မခက္ခဲသလိုပါပဲ။ ဒါေပမယ့္ ပိတ္ဆို႔မႈအားလုံးကိုေတာ့ ေျပလည္ေအာင္ေျဖရွင္းႏိုင္ေနၿပီလို႔ မေျပာလိုေသးပါဘူး။ Huawei နဲ႔ သူ႔ရဲ႕လက္ေအာက္ခံလုပ္ငန္းေတြ၊ ညီအစ္မလုပ္ငန္းေတြဟာ လက္ရွိေနရာကေန ႐ုန္းထြက္ဖို႔အတြက္ ႏွစ္ဆပိုႀကိဳးစားေနရပါတယ္။ 5G infrastructure လိုမ်ိဳး အထင္ႀကီးစရာေကာင္းတဲ့ လုပ္ရပ္ေတြရွိေနေသာ္ျငားလည္းပဲ ပိတ္ဆို႔မႈေတြေၾကာင့္ အခက္အခဲေတြေတာ့ ရွိေနဆဲပါပဲ။ ဒါေပမယ့္ စမတ္တီဗြီေတြနဲ႔ wearable လိုမ်ိဳး နည္းပညာဆက္စပ္ပစၥည္းေတြအတြက္ အေနာက္ႏိုင္ငံမားကတ္တင္းလုပ္ျခင္း၊ ခ်ဲ႕ထြင္ျခင္း၊ စာခ်ဳပ္ခ်ဳပ္ဆိုျခင္းေတြကိုေတာ့ ဆက္လက္လုပ္ကိုင္ခြင့္ရွိေနပါတယ္။ ဒီထက္ပိုၿပီး အံ့ၾသစရာေကာင္းတဲ့အခ်က္တစ္ခုရွိေနပါေသးတယ္။
Software ပိုင္းမွာ ေတာ္ေတာ္ေလးအားထုတ္ထားတာ ျမင္သာပါတယ္။ Android အစားထိုးအေနနဲ႔လုပ္ေဆာင္မယ္လို႔ေျပာထားတဲ့ HarmonyOS ကို ေျပာေနတာမဟုတ္ပါဘူး။ Huawei ရဲ႕ လက္ရွိလုပ္ေဆာင္ခ်က္က Google ရဲ႕လစ္လပ္ေနတဲ့အေပါက္ထဲကို ျဖည့္တင္းလိုက္တာပါ။ ဆိုေတာ့ သူ႔ရဲ႕လက္ရွိနဲ႔ ေနာင္လာမယ့္ Android device ေတြအတြက္ေပါ့။ Huawei Mobile Services (HMS) 4.0 beta ေလးကို ဒီဇင္ဘာ၂၇ရက္ေန႔မွာ Huawei Developer Groups (HDG) event လုပ္ၿပီး ျပသခဲ့ပါတယ္။ Google ရဲ႕ Mobile/Play Services အစားထိုးအေနနဲ႔ မၾကာခင္မွာ ထြက္ရွိလာေတာ့မွာျဖစ္ပါတယ္။ သူ႔မွာ feature အသစ္ေတြပါဝင္ေနသလို ရွိၿပီးသားေတြကိုလည္း တိုးတက္ေကာင္းမြန္ေအာင္ လုပ္ေဆာင္ထားေပးပါတယ္။
Huawei account services, in-app payment sevices, advertising services ေတြဟာလည္း အဓိကလုပ္ေဆာင္ခ်က္ေတြမွာ အားေကာင္းလာပါတယ္။ smart learning service လိုမ်ိဳး၊ dynamic label manager services လိုမ်ိဳး စိတ္လႈပ္ရွားရမယ့္ အသစ္ေတြအျပင္ Safety Detect security detection service ေတြလည္း ပါဝင္ေနပါတယ္။ SD service ေလးမွာေတာ့ system integrity, application security, ဗိုင္းရပ္စ္ေတြပါဝင္ေနတဲ့ URL, သုံးစြဲသူအတုအေယာင္ detection ေတြလည္း ပါဝင္ေနပါတယ္။ privacy နဲ႔ပတ္သတ္လို႔ သူတို႔ရဲ႕ပုံရိပ္ကို ျပန္တက္လာေစမွာေတာ့ က်ိန္းေသပါတယ္။


Huawei ဟာ သူ႔ရဲ႕ကိုယ္ပိုင္ Push kit notification နဲ႔ communication service ေတြကိုလည္း အရွိန္အဟုန္ျမႇင့္ကာ လုပ္ေဆာင္ထားပါတယ္။ လက္ရွိမွာ application 38,000 ေလာက္ sign-up လုပ္ထားၿပီး ေန႔စဥ္မက္ေဆ့ခ်္ ၃၀ဘီလ်ံ ရွိေနပါၿပီ။ သူတို႔အေနနဲ႔ ၂၀၂၀အကုန္မွာ Google app အစားထိုးအေနနဲ႔ software ဖန္တီးၿပီးႏိုင္ဖို႔ မွန္းထားတယ္လို႔လည္း သိရပါတယ္။ အိႏၵိိယမွာရွိတဲ့ ထိပ္တန္းapp ၁၅၀ ရဲ႕ ေရးသားသူေတြနဲ႔ ေတြ႕ဆုံၿပီးေတာ့ HMS ကို ေထာက္ပံ့ႏိုင္ဖို႔ လုပ္ေဆာင္ထားပါတယ္။ ဒီမစ္ရွင္အတြက္ ေထာက္ပံ့ဖို႔ ေဒၚလာ၁ဘီလ်ံ ေက်ာေထာက္ေနာက္ခံရွိေနပါတယ္။

Ref: GSMArena

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.