[Unicode]
Google က “Bubbles” လို့ခေါ်တဲ့ API အသစ်လေးကို မိတ်ဆက်လိုက်ပါတယ်။ သူကတော့ developer တွေအတွက် notification တွေပို့တဲ့အခါမှာ သုံးစွဲသူရဲ့ display မှာ မြင်သာဖို့ ကူညီပေးနိုင်ပါတယ်။ Facebook Messenger ရဲ့ “Chat Heads” feature လိုပေါ့။
Android Message Bubbles လေးကိုတွေ့ခဲ့တာကတော့ XDA-Developers တွေဖြစ်ပြီး အသုံးပြုနေတဲ့ screen shot အချို့ကိုတောင် တင်ထားပါသေးတယ်။ Facebook ရဲ့ Chat Heads နဲ့ယှဉ်လိုက်တဲ့အခါ အသစ်အဆန်းရယ်လို့တော့မရှိပါဘူး။ message ဝင်လာတဲ့အခါ visual notification လေးတက်လာမှာဖြစ်တဲ့အတွက်ကြောင့် လက်ရှိသုံးနေတဲ့ app ကနေ ထွက်စရာမလိုတော့ပါဘူး။
floating bubble လေးကို ဆွဲပြီးတော့ နေရာပြောင်းတာတွေလည်း လုပ်လို့ရသလို အောက်ထဲကိုဆွဲချပြီး ဖျောက်လို့လည်းရပါတယ်။ Chat Heads လိုပေါ့။ Facebook ရဲ့ Chat Heads တောင်မှ မကြိုက်တဲ့သူတွေရှိခဲ့သေးတာဆိုတော့ ကျွန်တော့အနေနဲ့ ဒီ feature လေးကို ပိတ်ဖို့အတွက် option လေးတစ်ခုထည့်သွင်းပေးထားတာကိုပဲ ကျေးဇူးတင်မိနေပါတယ်။
[Zawgyi]
Google က “Bubbles” လို႕ေခၚတဲ့ API အသစ္ေလးကို မိတ္ဆက္လိုက္ပါတယ္။ သူကေတာ့ developer ေတြအတြက္ notification ေတြပို႕တဲ့အခါမွာ သံုးစြဲသူရဲ႕ display မွာ ျမင္သာဖုိ႕ ကူညီေပးႏုိင္ပါတယ္။ Facebook Messenger ရဲ႕ “Chat Heads” feature လိုေပါ့။
Android Message Bubbles ေလးကိုေတြ႕ခဲ့တာကေတာ့ XDA-Developers ေတြျဖစ္ျပီး အသံုးျပဳေနတဲ့ screen shot အခ်ိဳ႕ကိုေတာင္ တင္ထားပါေသးတယ္။ Facebook ရဲ႕ Chat Heads နဲ႕ယွဥ္လုိက္တဲ့အခါ အသစ္အဆန္းရယ္လို႕ေတာ့မရွိပါဘူး။ message ၀င္လာတဲ့အခါ visual notification ေလးတက္လာမွာျဖစ္တဲ့အတြက္ေၾကာင့္ လက္ရွိသံုးေနတဲ့ app ကေန ထြက္စရာမလိုေတာ့ပါဘူး။
floating bubble ေလးကို ဆြဲျပီးေတာ့ ေနရာေျပာင္းတာေတြလည္း လုပ္လို႕ရသလို ေအာက္ထဲကိုဆြဲခ်ျပီး ေဖ်ာက္လို႕လည္းရပါတယ္။ Chat Heads လိုေပါ့။ Facebook ရဲ႕ Chat Heads ေတာင္မွ မၾကိဳက္တဲ့သူေတြရွိခဲ့ေသးတာဆိုေတာ့ ကၽြန္ေတာ့အေနနဲ႕ ဒီ feature ေလးကို ပိတ္ဖို႕အတြက္ option ေလးတစ္ခုထည့္သြင္းေပးထားတာကိုပဲ ေက်းဇူးတင္မိေနပါတယ္။
Ref: gsmarena