2020 iPad Pro လေးကို ဘယ်လိုပုံစံနဲ့ မြင်တွေ့ရနိုင်လဲ

0
913

[Unicode]

အကယ်လို့များ ကောလာဟလတွေသာမှန်ခဲ့မယ်ဆိုရင်တော့ နောက်နှစ်ရဲ့ ပထမဆုံးလတွေအတွင်းမှာပဲ iPad Pro အသစ်လေးကို မြင်တွေ့ရတော့မှာပါ။
Render တွေကို တအားထုတ်တတ်တဲ့ OnLeaks ကတော့ အဲဒီတက်ဘလက်လေးကိုလည်း ရေးဆွဲထုတ်လုပ်ပြသလိုက်ပါပြီ။
2020 iPad Pro အသစ်လေးကတော့ 2018 မော်ဒယ်လ်နဲ့ အရှေ့ဘက်မှာ ဆင်တူပါတယ်။ ဒါပေမယ့် အနောက်ခြမ်းမှာတော့ ခြားနားနေတာကို မြင်တွေ့ရမှာပါ။ ကင်မရာသုံးလုံးတပ်ဆင်ထားမှုရယ်၊ iPhone 11 Pro ကလို ကင်မရာဖုကြီးရယ်ကို ခံစားကြည့်လိုက်ပါ။


နာမည်ကျော် leak တွေလုပ်တတ်တဲ့ OnLeaks ကတော့ လာမယ့် 2020 iPad Pro မော်ဒယ်လ်တွေကို ၂၀၁၈ မော်ဒယ်လ်တွေရဲ့ အချိုးအစားအတိုင်း မြင်တွေ့ရနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း ၁၁လက်မ iPad Pro ရဲ့ အချိုးအစားကိုသာ သူကပြောခဲ့တာပါ။ အချိုးအစားကတော့ 248 x 178.6 x 5.9mm ဖြစ်ပြီး အနောက်ကင်မရာဖုက 7.8mm ဖြစ်ပါတယ်။
အထူကတော့လာမယ့်device တွေမှာ ပိုလာနိုင်ချေရှိနေပါတယ်။ အကြောင်းရင်းကတော့ Apple ဟာ ကင်မရာသုံးလုံးကို တပ်ဆင်ဖို့ စိတ်ကူးထားလို့ပါပဲ။ iPad ရဲ့ ကင်မရာတွေကို iPhone 11 Pro ၊ Pro Max တို့ရဲ့ဟာနဲ့ ယှဉ်ပြီးတော့ တွေးထားလို့ရပါတယ်။
အနောက်ဘက် panel ကို လုံးဝကြီးကွာခြားသွားစေတဲ့အချက်တစ်ခုလည်း ရှိနေပါသေးတယ်။ နှစ်တွေတစ်လျှောက် metal ကိုသာအသုံးပြုခဲ့ပေမယ့်လည်း အခုတော့ glass ကို ပြောင်းလိုက်ပါပြီ။ iPhone 11 Pro မှာ သုံးခဲ့သလိုပေါ့။
၁၁လက်မ iPad Pro ကိုတော့ metal black နဲ့ ပြသထားပါတယ်။ ၁၂.၉လက်မ iPad Pro ကတော့ ကျောဘက် glass နဲ့ မြင်တွေ့ရပါတယ်။


2020 iPad Pro refresh နဲ့အတူ ကျွန်တော်တို့ဟာ iPhone SE 2 ကိုလည်း မြင်တွေ့ရနိုင်တယ်လို့ ကြားရပါတယ်။ ၂၀၂၀ထဲကို မကြာခင်ရက်ပိုင်းအတွင်းမှာ ဝင်ရောက်တော့မယ်ဆိုတော့ ရင်ခုန်လို့ရနေပါပြီ။ ဒါပေမယ့် စက်တင်ဘာကတော့ iPhone အသစ်တွေအတွက် အမြဲတမ်းတံခါးခေါက်နေမှာကိုတော့ မှတ်ထားပေးပါဦး။

[Zawgyi]

အကယ္လို႕မ်ား ေကာလာဟလေတြသာမွန္ခဲ့မယ္ဆုိရင္ေတာ့ ေနာက္ႏွစ္ရဲ႕ ပထမဆံုးလေတြအတြင္းမွာပဲ iPad Pro အသစ္ေလးကို ျမင္ေတြ႕ရေတာ့မွာပါ။
Render ေတြကို တအားထုတ္တတ္တဲ့ OnLeaks ကေတာ့ အဲဒီတက္ဘလက္ေလးကိုလည္း ေရးဆြဲထုတ္လုပ္ျပသလိုက္ပါျပီ။
2020 iPad Pro အသစ္ေလးကေတာ့ 2018 ေမာ္ဒယ္လ္နဲ႕ အေရွ႕ဘက္မွာ ဆင္တူပါတယ္။ ဒါေပမယ့္ အေနာက္ျခမ္းမွာေတာ့ ျခားနားေနတာကို ျမင္ေတြ႕ရမွာပါ။ ကင္မရာသံုးလံုးတပ္ဆင္ထားမႈရယ္၊ iPhone 11 Pro ကလို ကင္မရာဖုၾကီးရယ္ကို ခံစားၾကည့္လုိက္ပါ။


နာမည္ေက်ာ္ leak ေတြလုပ္တတ္တဲ့ OnLeaks ကေတာ့ လာမယ့္ 2020 iPad Pro ေမာ္ဒယ္လ္ေတြကို ၂၀၁၈ ေမာ္ဒယ္လ္ေတြရဲ႕ အခ်ိဳးအစားအတုိင္း ျမင္ေတြ႕ရႏုိင္တယ္လို႕ ဆိုပါတယ္။ ဒါေပမယ့္လည္း ၁၁လက္မ iPad Pro ရဲ႕ အခ်ိဳးအစားကိုသာ သူကေျပာခဲ့တာပါ။ အခ်ိဳးအစားကေတာ့ 248 x 178.6 x 5.9mm ျဖစ္ျပီး အေနာက္ကင္မရာဖုက 7.8mm ျဖစ္ပါတယ္။
အထူကေတာ့လာမယ့္device ေတြမွာ ပိုလာႏုိင္ေခ်ရွိေနပါတယ္။ အေၾကာင္းရင္းကေတာ့ Apple ဟာ ကင္မရာသံုးလံုးကို တပ္ဆင္ဖို႕ စိတ္ကူးထားလို႕ပါပဲ။ iPad ရဲ႕ ကင္မရာေတြကို iPhone 11 Pro ၊ Pro Max တို႕ရဲ႕ဟာနဲ႕ ယွဥ္ျပီးေတာ့ ေတြးထားလို႕ရပါတယ္။
အေနာက္ဘက္ panel ကို လံုး၀ၾကီးကြာျခားသြားေစတဲ့အခ်က္တစ္ခုလည္း ရွိေနပါေသးတယ္။ ႏွစ္ေတြတစ္ေလွ်ာက္ metal ကိုသာအသံုးျပဳခဲ့ေပမယ့္လည္း အခုေတာ့ glass ကို ေျပာင္းလုိက္ပါျပီ။ iPhone 11 Pro မွာ သံုးခဲ့သလိုေပါ့။
၁၁လက္မ iPad Pro ကိုေတာ့ metal black နဲ႕ ျပသထားပါတယ္။ ၁၂.၉လက္မ iPad Pro ကေတာ့ ေက်ာဘက္ glass နဲ႕ ျမင္ေတြ႕ရပါတယ္။


2020 iPad Pro refresh နဲ႕အတူ ကၽြန္ေတာ္တုိ႕ဟာ iPhone SE 2 ကိုလည္း ျမင္ေတြ႕ရႏုိင္တယ္လို႕ ၾကားရပါတယ္။ ၂၀၂၀ထဲကို မၾကာခင္ရက္ပိုင္းအတြင္းမွာ ၀င္ေရာက္ေတာ့မယ္ဆိုေတာ့ ရင္ခုန္လို႕ရေနပါျပီ။ ဒါေပမယ့္ စက္တင္ဘာကေတာ့ iPhone အသစ္ေတြအတြက္ အျမဲတမ္းတံခါးေခါက္ေနမွာကိုေတာ့ မွတ္ထားေပးပါဦး။

Ref: redmondpie

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.