၂၀၂၀ခုနှစ်ဖြစ်လို့ Galaxy S20 လို့အမည်ပေးထား

0
755

[Unicode]

Samsung ဟာ Galaxy S10 ရဲ့ မျိုးဆက်အသစ်ကို နောက်နှစ်မှာမိတ်ဆက်တဲ့အခါ နာမည်ကို Galaxy S20 လို့အမည်ပေးပါလိမ့်မယ်။ ဒီသတင်းကတော့ Samsung tipster Ice Universe ဆီက ထွက်လာတာပါ။ သူက S11 ကိုကျော်ပြီးတော့ နာမည်ပြောင်းလိမ့်မယ်လို့ တွစ်တာမှာ ရေးတင်ထားတာပါ။
“နောက်နှစ်က ၂၀၂၀ ဆိုတော့ 20 က အစတစ်ခုပဲ”။ ဒါပေမယ့် အစဆိုတဲ့သဘောကိုတော့ ရှင်းမထားပါဘူး။ ဒါဟာ Samsung အတွက် ရည်ညွှန်းတယ်လို့ ယူဆပါတယ်။
နောက်တစ်ခုကတော့ ဖုန်းမော်ဒယ်လ်နံပါတ်ပါ။ Samsung ဟာ သုံးစွဲသူတွေအတွက် နောက်ဆုံးထွက်ဖုန်းဝယ်ထားတာလားဆိုတာ သိနိုင်စေဖို့ လုပ်ဆောင်ပေးတော့မှာပါ။ S11 ကို ကျော်လိုက်ခြင်းအားဖြင့် S-series ဟာ iPhone ကို မော်ဒယ်လ်နံပါတ်အားဖြင့် ကျော်သွားမှာပါ။ ဘာကြောင့်လဲဆိုတော့ Samsung ဟာ ဒီလိုလုပ်တာ ပထမဆုံးမဟုတ်ပါဘူး။ Huawei ကလည်း ၂၀၁၈ မှာ P20 ကို ကြေညာချိန်က P11 ကို ကျော်ခဲ့တာပါ။ Samsung က Note 6 ကိုကျော်ခဲ့သလိုမျိုးပေါ့။
ဒီလိုသတင်းတွေက ယုံဖို့သိပ်မကောင်းဘူးဆိုပေမယ့်လည်း Ice ကတော့ နာမည်ရှိပြီးသားပါ။ ဒီတစ်ပတ်အစောပိုင်းတုန်းက S11e, S11 နဲ့ S11+ ဆိုပြီးတော့ သူကိုယ်တိုင်ရေးခဲ့သေးတာပါ။ အခုမှ S20 ကိုရည်ညွှန်းချင်တာ ဖြစ်ပါတယ်။

[Zawgyi]

Samsung ဟာ Galaxy S10 ရဲ႕ မ်ိဳးဆက္အသစ္ကို ေနာက္ႏွစ္မွာမိတ္ဆက္တဲ့အခါ နာမည္ကို Galaxy S20 လို႕အမည္ေပးပါလိမ့္မယ္။ ဒီသတင္းကေတာ့ Samsung tipster Ice Universe ဆီက ထြက္လာတာပါ။ သူက S11 ကိုေက်ာ္ျပီးေတာ့ နာမည္ေျပာင္းလိမ့္မယ္လို႕ တြစ္တာမွာ ေရးတင္ထားတာပါ။
“ေနာက္ႏွစ္က ၂၀၂၀ ဆိုေတာ့ 20 က အစတစ္ခုပဲ”။ ဒါေပမယ့္ အစဆိုတဲ့သေဘာကိုေတာ့ ရွင္းမထားပါဘူး။ ဒါဟာ Samsung အတြက္ ရည္ညႊန္းတယ္လို႕ ယူဆပါတယ္။
ေနာက္တစ္ခုကေတာ့ ဖုန္းေမာ္ဒယ္လ္နံပါတ္ပါ။ Samsung ဟာ သံုးစြဲသူေတြအတြက္ ေနာက္ဆံုးထြက္ဖုန္း၀ယ္ထားတာလားဆိုတာ သိႏုိင္ေစဖို႕ လုပ္ေဆာင္ေပးေတာ့မွာပါ။ S11 ကို ေက်ာ္လိုက္ျခင္းအားျဖင့္ S-series ဟာ iPhone ကို ေမာ္ဒယ္လ္နံပါတ္အားျဖင့္ ေက်ာ္သြားမွာပါ။ ဘာေၾကာင့္လဲဆိုေတာ့ Samsung ဟာ ဒီလိုလုပ္တာ ပထမဆံုးမဟုတ္ပါဘူး။ Huawei ကလည္း ၂၀၁၈ မွာ P20 ကို ေၾကညာခ်ိန္က P11 ကို ေက်ာ္ခဲ့တာပါ။ Samsung က Note 6 ကိုေက်ာ္ခဲ့သလိုမ်ိဳးေပါ့။
ဒီလိုသတင္းေတြက ယံုဖို႕သိပ္မေကာင္းဘူးဆုိေပမယ့္လည္း Ice ကေတာ့ နာမည္ရွိျပီးသားပါ။ ဒီတစ္ပတ္အေစာပုိင္းတုန္းက S11e, S11 နဲ႕ S11+ ဆိုျပီးေတာ့ သူကို္ယ္တုိင္ေရးခဲ့ေသးတာပါ။ အခုမွ S20 ကိုရည္ညႊန္းခ်င္တာ ျဖစ္ပါတယ္။

Ref: engadget

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.