လူတိုင်းသိထားသင့်တဲ့ iOS 13 sleeper feature ငါးခုအကြောင်း (ဗွီဒီယိုပါဝင်သည်)

0
4835

[Unicode]

iOS 13 ကတော့ ထူးခြားတဲ့ feature အသစ်တွေနဲ့အတူ ပွဲထွက်ခဲ့ပါတယ်။ အဲဒီမှာ Dark Mode ၊ ပိုမိုကောင်းမွန်လာတဲ့ Photos app ထဲမှာ အရမ်းမိုက်တဲ့ video editing feature တွေ၊ Apple Maps မှာလည်း Upate အကြီးစားတွေ လုပ်ဆောင်ထားပါတယ်။
ထူးခြားတဲ့ feature တွေအများကြီးထဲကမှ အချို့သော iOS 13 လေးတွေကတော့ ကျွန်တော်တို့ကို သဘောတွေ့စေခဲ့ပါတယ်။ ဥပမာပြောရမယ်ဆိုရင်တော့ Bluetooth နဲ့ Wi-Fi ကွန်ရက်တွေကို Control Center ကတဆင့် မြန်မြန်လေးပြောင်းလဲနိုင်တာမျိုး။
ကျွန်တော်တို့အနေနဲ့ ပြောပြမှာကတော့ iOS 13 ရဲ့ သိထားသင့်တဲ့ feature ငါးခုအကြောင်းဖြစ်ပါတယ်။ ဗွီဒီယိုလေးကိုလည်း တပါတည်း ထည့်သွင်းပေးထားပါတယ်။
Specific Wi-Fi /Bluetooth Networks ကို ပြောင်းခြင်း
iOS အရင်ဗားရှင်းတွေမှာ Settings ထဲက Wi-Fi ဒါမှမဟုတ် Bluetooth ကို သွားပြီးမှ ပြောင်းလဲတာ၊ ချိတ်တာမျိုးလုပ်နိုင်တာမဟုတ်လား။ iOS 13 မှာတော့ Control Center မှာ shortcut လေးထည့်သွင်းပေးထားတော့ အလွယ်တကူပဲ app သုံးနေရင်းက ချိတ်လို့ရပြီ။
Step 1: Control Center ဖွင့်ပါ။
Step 2: Bluetooth နဲ့ Wi-Fi toggle လေးပါဝင်တဲ့ လေးထောင့်လေးကို ကြာကြာဖိထားပါ။
Step 3: Control Center ထဲက Bluetooth or Wi-Fi shortcut toggle လေးကို ကြာကြာဖိထားပါ။
Step 4: ချိတ်ချင်တဲ့ကွန်ရက်ကို နှိပ်လိုက်ပါ။


iOS 13 ရဲ့ Bypass cellular download limits
ဖြစ်လာဖို့ အချိန်အတော်လေးယူခဲ့ရပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ cellular download limit ကို bypass လုပ်ခွင့်ပေးလိုက်ပါပြီ။ ဒါကြောင့် ဘယ်လောက်ကြီးတဲ့ game or app ဖြစ်နေပါစေ cellular ကနေ ကြိုက်သလောက်ဆွဲလို့ရပါပြီ။
Default အရဆိုရင် iOS 13 ဟာ 200MB ကျော်တာနဲ့ ဆက်လုပ်မလားမေးမှာပါ။ ဒါပေမယ့် ဒါလေးကို ကျော်ချင်တယ်ဆိုရင်တော့
Step 1: Settings ထဲက iTunes & App Store ကိုသွား။
Step 2: App Downloads under the Cellular Data ထဲက App Downloads ကိုနှိပ်ပြီး။
Step 3: Always Allow လုပ်ထားလိုက်ပါ။


Safari မှာ Full-page screenshot
web page တစ်ခုလုံးကို screenshot ဖမ်းဖို့ကြိုးစားဖူးလား။ iOS 13 အရင်တုန်းကတော့ third-party app နဲ့မှ ရလိမ့်မယ်။ အခုတော့ အေးဆေးရနေပါပြီ။
Step 1: Side button + Volume up button လေးနဲ့ screenshot ရိုက်ပါ။ Home button ရှိရင် သူ့ကိုပါတွဲနှိပ်ပါ။
Step 2: ပေါ်လာတဲ့ screenshot icon လေးကိုနှိပ်ပါ။
Step 3: Full Page tab ကို နှိပ်ပါ။
Note: Pages လို app တွေကလည်း full page screenshots ထောက်ပံ့ပါတယ်။ image format အစား PDF သုံးပြီးတော့ သိမ်း၊ မျှဝေပါ။


ဓါတ်ပုံတွေ share မလုပ်ခင်မှာ location ကိုဖယ်ခြင်း
ဓါတ်ပုံထဲမှာမြှုပ်နေတဲ့ တည်နေရာအချက်အလက်ကတဆင့် ကိုယ့်နေရာကို မတော်တဆမျှဝေလိုက်မိတာမျိုးမဖြစ်ရလေအောင် ကူညီပေးနိုင်ပါတယ်။ ဓါတ်ပုံကို share လုပ်တော့မယ်ဆိုရင်
Step 1: Photos app ဖွင့်၊ ပုံရွေးပြီး Share button နှိပ်လိုက်ပါ။
Step 2: Options button လေးကို ထိပ်ဆုံးမှာ မြင်ရလိမ့်မယ်။ တည်နေရာအချက်အလက်တွေပါနေတယ်ဆိုရင် ‘Location included’ message လေးကို မြင်နေရလိမ့်မယ်။
Step 3: Options buttonလေးကိုနှိပ်ပါ။ Include အောက်မှာ Location ကို strip location data အဖြစ်နဲ့ ပြောင်းလိုက်ပါ။


Safari tab တွေကို အလိုအလျောက်ပိတ်ခြင်း
Safari tab တွေကို မပိတ်တတ်တဲ့သူတစ်ယောက်ဆိုရင်တော့ ဒီသတင်းက ပျော်စေမှာပါ။
Step 1: Settings ထဲက Safari ထဲက Close Tabs ကိုသွားပါ။
Step 2: တစ်ရက်၊ တစ်ပတ်၊ တစ်လဆိုတဲ့ အချိန်ထဲကတစ်ခုခုကိုရွေးလိုက်ပါ။
ဒါလေးလုပ်ထားမယ်ဆိုရင်တော့ အလိုအလျောက်ပိတ်သွားပါလိမ့်မယ်။
iOS 13 ထဲက ဘယ်လို feature တွေက ကိုယ့်အတွက် အဆင်ပြေနေလဲ မန့်ခဲ့ပေးပါဦး။

[Zawgyi]










Ref: 9to5mac

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.