ကြည့်ကောင်းလာတဲ့ ကင်မရာနဲ့ Samsung Galaxy S11 ရဲ့ ပေါက်ကြားပုံရိပ်အသစ်

0
737

[Unicode]

Samsung Galaxy S11 ရဲ့ ပုံရိပ်အသစ်လေးကို ကျွန်တော်တို့လက်ခံရရှိထားပါတယ်။ မိတ်ဆက်မယ့်ရက်ကတော့ MWC 2020 မတိုင်ခင်ဖြစ်မှာပါ။
ပထမဆုံးမြင်လိုက်ရတဲ့ပုံရိပ်လေးတွေကတော့ Samsung Galaxy S11 အတွက် ခံစားချက်ပေါင်းစုံ ပေးခဲ့ပါတယ်။ စိတ်မကောင်းစွာနဲ့ပဲ ဒီဇိုင်းဟာ ကျွန်တော်တို့အနေနဲ့ အခြားသောစမတ်ဖုန်းတွေမှာ မြင်ခဲ့ဖူးပြီးသားဒီဇိုင်းတွေပါ။ အခုလည်း ဒီဇိုင်းကတော့ အသစ်အဆန်းမဟုတ်ပေမယ့် ကင်မရာလေးကတော့ ပိုကြည့်ကောင်းလာပါတယ်။


လာမယ့် Samsung Galaxy S11 ကတော့ ကြည့်လို့ကောင်းနေပါပြီ။ သူ့ရဲ့ကင်မရာဒီဇိုင်းနဲ့ပတ်သတ်ပြီး အတွေးတစ်ခုထပ်ရပြန်ပါတယ်။ ဒါပေမယ့်လည်း @OnLeaks နဲ့ CashKaro တို့ရဲ့ ပုံရိပ်တွေကတော့ အမေးဇင်းဖြစ်ပါတယ်။ ပထမအဆင့် prototype လေးရဲ့ ပထမဆုံးပုံရိပ်ဖြစ်မယ်ထင်ပါတယ်။ နောက်ထပ်ထွက်လာတဲ့ဟာကတော့ ပိုပြီးတိကျလာတတ်တာထုံးစံပါပဲ။ Israeli website Girafa ဆီကသတင်းရထားတာက S11 series ကို ဖေဖော်ဝါရီ ၁၁ရက် San Francisco, California မှာ မိတ်ဆက်မှာပါ။ Samsung Galaxy Fold 2 ကိုလည်း အဲဒီပွဲမှာ မြင်တွေ့ရနိုင်ဦးမှာဆိုတော့ Galaxy S11 ဒါမှမဟုတ် ကျွန်တော်တို့ရဲ့ Samsung Galaxy S20 အသစ်စက်စက်လေးကို စောင့်ရတာ နီးလာပါပြီ။

[Zawgyi]




Ref: pocketnow

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.