mid-range တွေဆီ 5G ယူဆောင်လာပေးမယ့် MediaTek Dimensity 800

0
650

[Unicode]

၂၀၂၀အတွက် MediaTek က စီမံကိန်းကြီးတစ်ခုလုပ်ထားပါတယ်။ ဒါကတော့ flagship တွေကိုပဲဦးစားပေးတာမဟုတ်ဘဲ mid-range စမတ်ဖုန်းတွေအတွက်လည်း 5G ရနိုင်အောင် လုပ်ဆောင်ပေးတော့မှာ ဖြစ်ပါတယ်။
MediaTek ဟာ ဘတ်ဂျက်စမတ်ဖုန်းတွေအတွက် ထင်ရှားတဲ့နာမည်တစ်ခုဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့ဈေးကွက်ကို အခြားထုတ်လုပ်သူတွေက နေရာယူလာတာကို မြင်တွေ့ခဲ့ပါတယ်။ ဒီနှစ်မှာတော့ အပြောင်းအလဲတစ်ခုလုပ်လိုက်ပါတယ်။ ဂိမ်းကိုအဓိကထားတဲ့ Helio G90T chipset ကို မိတ်ဆက်ခဲ့ပြီးတော့ Redmi Note 8 Pro မှာ ထည့်သွင်းလိုက်ပါတယ်။ လာမယ့်လတွေမှာတော့ Dimensity 1000 series ကြေငြာတာကို မြင်တွေ့ရတော့မှာပါ။ သူကတော့ စွမ်းဆောင်ရည်မြင့်တဲ့ chip တစ်ခုဖြစ်သလို 5G modem လည်း ပေါင်းစပ်ပါဝင်နေမှာဖြစ်ပါတယ်။ Dimensity 1000 ရဲ့ ပထမဆုံးတွဲဘက်ဖုန်းတွေကို ၂၀၂၀မှာ မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။
MediaTek Dimensity 800 အသစ်လေးဟာ 5G SoC ထဲကိုဝင်ရောက်လာတာဖြစ်ပေမယ့်လည်း သူအဓိကထားမှာကတော့ mid-range စမတ်ဖုန်းတွေဖြစ်ပါတယ်။ Dimensity 1000 နဲ့ Dimensity 1000L chipset တွေထက်တော့ တွက်ချက်မှုစွမ်းအားပိုင်းမှာ နည်းနည်းလျော့မှာပါ။ Huawei Kirin 800 series ၊ Qualcomm Snapdragon 7 series chipset တွေနဲ့ အပြိုင်ဖြစ်လာတော့မှာပါ။
နည်းပညာပိုင်းဆိုင်ရာ အသေးစိတ်အချက်အလက်တွေကို မသိရသေးပေမယ့်လည်း Helio M70 5G modem နဲ့အားဖြည့်ထားပြီး 4.7Gbps downlink ၊ 2.5Gbps uplink ၊ SA နဲ့ NSA standard ထောက်ပံ့မှုတွေပါဝင်မယ်လို့ မှန်းရပါတယ်။ Graphic ပိုင်းမှာတော့ Dimensity 800 ဟာ Mali-G77 GPU သုံးထားလောက်ပါတယ်။ “Valhall” architecture အသစ်ကို သုံးထားတာဖြစ်လို့ shader core ၇လုံးကနေ ၁၆လုံးကြား ထည့်သွင်းနိုင်မှာပါ။


MediaTek ရဲ့ ပြန်လည်ထမြောက်မှု
ဒီနေ့ခေတ်ရဲ့စမတ်ဖုန်းထုတ်လုပ်သူတွေဟာ ၂၀၂၀ထဲမှာ 5G စမတ်ဖုန်းတွေထုတ်လုပ်ဖို့အတွက် လုပ်ဆောင်နေကြတဲ့အချိန်မှာ MediaTek ရဲ့ Dimensity ဟာ သူတို့အတွက် အထောက်အကူဖြစ်စေမှာ ကျိန်းသေပါတယ်။ Dimensity 800 လေးကို ကွာတား(၂) မှာ မြင်တွေ့ရမှာဖြစ်ပါတယ်။ Samsung, Xiaomi, Realme, Oppo နဲ့ Huawei တို့ကလည်း မိတ်ဖက်အဖြစ်နဲ့ ပါဝင်နေပါတယ်။ CES 2020 ဒါမှမဟုတ် MWC 2020 မှာတော့ သတင်းတွေဆက်လက်ကြားရနိုင်ပါတယ်။

[Zawgyi]

၂၀၂၀အတြက္ MediaTek က စီမံကိန္းၾကီးတစ္ခုလုပ္ထားပါတယ္။ ဒါကေတာ့ flagship ေတြကိုပဲဦးစားေပးတာမဟုတ္ဘဲ mid-range စမတ္ဖုန္းေတြအတြက္လည္း 5G ရႏုိ္င္ေအာင္ လုပ္ေဆာင္ေပးေတာ့မွာ ျဖစ္ပါတယ္။
MediaTek ဟာ ဘတ္ဂ်က္စမတ္ဖုန္းေတြအတြက္ ထင္ရွားတဲ့နာမည္တစ္ခုျဖစ္ခဲ့ပါတယ္။ ဒါေပမယ့္လည္း သူ႕ရဲ႕ေစ်းကြက္ကို အျခားထုတ္လုပ္သူေတြက ေနရာယူလာတာကို ျမင္ေတြ႕ခဲ့ပါတယ္။ ဒီႏွစ္မွာေတာ့ အေျပာင္းအလဲတစ္ခုလုပ္လုိက္ပါတယ္။ ဂိမ္းကိုအဓိကထားတဲ့ Helio G90T chipset ကို မိတ္ဆက္ခဲ့ျပီးေတာ့ Redmi Note 8 Pro မွာ ထည့္သြင္းလုိက္ပါတယ္။ လာမယ့္လေတြမွာေတာ့ Dimensity 1000 series ေၾကျငာတာကို ျမင္ေတြ႕ရေတာ့မွာပါ။ သူကေတာ့ စြမ္းေဆာင္ရည္ျမင့္တဲ့ chip တစ္ခုျဖစ္သလို 5G modem လည္း ေပါင္းစပ္ပါ၀င္ေနမွာျဖစ္ပါတယ္။ Dimensity 1000 ရဲ႕ ပထမဆံုးတြဲဘက္ဖုန္းေတြကို ၂၀၂၀မွာ ျမင္ေတြ႕ရေတာ့မွာ ျဖစ္ပါတယ္။
MediaTek Dimensity 800 အသစ္ေလးဟာ 5G SoC ထဲကို၀င္ေရာက္လာတာျဖစ္ေပမယ့္လည္း သူအဓိကထားမွာကေတာ့ mid-range စမတ္ဖုန္းေတြျဖစ္ပါတယ္။ Dimensity 1000 နဲ႕ Dimensity 1000L chipset ေတြထက္ေတာ့ တြက္ခ်က္မႈစြမ္းအားပိုင္းမွာ နည္းနည္းေလ်ာ့မွာပါ။ Huawei Kirin 800 series ၊ Qualcomm Snapdragon 7 series chipset ေတြနဲ႕ အျပိဳင္ျဖစ္လာေတာ့မွာပါ။
နည္းပညာပိုင္းဆုိင္ရာ အေသးစိတ္အခ်က္အလက္ေတြကို မသိရေသးေပမယ့္လည္း Helio M70 5G modem နဲ႕အားျဖည့္ထားျပီး 4.7Gbps downlink ၊ 2.5Gbps uplink ၊ SA နဲ႕ NSA standard ေထာက္ပံ့မႈေတြပါ၀င္မယ္လို႕ မွန္းရပါတယ္။ Graphic ပိုင္းမွာေတာ့ Dimensity 800 ဟာ Mali-G77 GPU သံုးထားေလာက္ပါတယ္။ “Valhall” architecture အသစ္ကို သံုးထားတာျဖစ္လို႕ shader core ၇လံုးကေန ၁၆လံုးၾကား ထည့္သြင္းႏုိင္မွာပါ။


MediaTek ရဲ႕ ျပန္လည္ထေျမာက္မႈ
ဒီေန႕ေခတ္ရဲ႕စမတ္ဖုန္းထုတ္လုပ္သူေတြဟာ ၂၀၂၀ထဲမွာ 5G စမတ္ဖုန္းေတြထုတ္လုပ္ဖို႕အတြက္ လုပ္ေဆာင္ေနၾကတဲ့အခ်ိန္မွာ MediaTek ရဲ႕ Dimensity ဟာ သူတို႕အတြက္ အေထာက္အကူျဖစ္ေစမွာ က်ိန္းေသပါတယ္။ Dimensity 800 ေလးကို ကြာတား(၂) မွာ ျမင္ေတြ႕ရမွာျဖစ္ပါတယ္။ Samsung, Xiaomi, Realme, Oppo နဲ႕ Huawei တို႕ကလည္း မိတ္ဖက္အျဖစ္နဲ႕ ပါ၀င္ေနပါတယ္။ CES 2020 ဒါမွမဟုတ္ MWC 2020 မွာေတာ့ သတင္းေတြဆက္လက္ၾကားရႏုိင္ပါတယ္။

Ref : techradar

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.