မြန်မာငွေ ၇သိန်းကျော်နဲ့ 5G ကိုင်ခွင့်ပေးမယ့် OPPO Reno 3 5G series

0
791

[Unicode]

Oppo ကတော့ Reno 3 5G series ကို မကြာခင်မှာ ပွဲထုတ်တော့မှာဖြစ်ပါတယ်။ ကျွန်တော်တို့ဆီမှာ ဒီဇိုင်းနဲ့ အသေးစိတ်အချက်အလက်လေးတွေကို ရရှိထားပါတယ်။ အခုလည်း တရားဝင်မိတ်ဆက်လိုက်ပါပြီ။
Oppo Reno 3 Pro 5G ကတော့ အချက်အလက်တွေအရ အတော်လေးမိုက်နေတဲ့ဖုန်းတစ်လုံး ဖြစ်ပါတယ်။ 32MP ကင်မရာအတွက် သေးငယ်တဲ့ punch-hole ထည့်သွင်းထားသလို brand-new Snapdragon 765G ပရိုဆက်ဆာ၊ ၆.၅လက်မ OLED FHD+ မျက်နှာပြင် ၊ 90Hz refresh rate တို့ကို ပေါင်းစပ်ပြုလုပ်ထားပါတယ်။ 4,025mAh ပမာဏရှိတဲ့ဘတ်ထရီထည့်သွင်းထားသလို 30W VOOC 4.0 အားသွင်းစနစ်လည်း ပါရှိပါတယ်။ OPPO ကတော့ မိနစ်၂၀အားသွင်းတာနဲ့ 50% ပြည့်တယ်လို့ ပြောထားပါတယ်။ ၅၆မိနစ်အားသွင်းမယ်ဆိုရင်တော့ ၁၀၀% ပြည့်ပါပြီ။
Pro မော်ဒယ်လ်လေးကတော့ အနောက်ဘက်မှာ ကင်မရာငါးလုံးပါဝင်နေပြီး 48MP ကင်မရာမှာ (OIS ပါဝင်တဲ့ IMX586 ) 8MP ultra-wide snapper ၊ 13MP telephoto ၊ 2MP monochrome sensor နဲ့ ဝန်းရံထားပါတယ်။ OPPO ကတော့ 5x “hybrid optical” zoom ရတယ်လို့ပြောထားပါတယ်။ ဒီတော့ telephoto ကင်မရာမှာ 2x or 3x native zoom ရှိမယ်လို့ မှန်းရပါတယ်။
Oppo Reno 3 Pro 5G ရဲ့ မြင်သာတဲ့ feature တွေကို ထပ်ပြောရမယ်ဆိုရင်တော့ dual mode 5G (NSA/SA) ၊ မျက်နှာပြင်အောက်က လက်ဗွေစနစ်၊ Android 10 အခြေပြု Color OS 7 ၊ NFC နဲ့ Bluetooth 5.1 တို့ ဖြစ်ပါတယ်။
Oppo Reno 3 Pro 5G ကတော့ ၅၇၁ဒေါ်လာ နဲ့ 8GB/128GB ဖြစ်ပြီး 12GB/256GB လိုချင်တယ်ဆိုရင်တော့ ၆၄၃ဒေါ်လာ ကျသင့်မှာပါ။
5G က ပိုပြီးဈေးချိုတယ်


Pro က နည်းနည်းဈေးကြီးနေတယ်ဆိုရင်တော့ ရွေးလို့ရပါတယ်။ standard Oppo Reno 3 5G ရှိနေတာပဲ။ Pro နဲ့ခြားနားနေမှာက MediaTek Dimensity 1000L chipset ရယ်၊ waterdrop notch လေးရယ်ပါ။
ဒါတွေပြီးတော့ standard အလုံးလေးမှာက 4,025mAh ဘတ်ထရီကို 30W အားသွင်းစနစ်၊ NFC ၊ ၆.၄လက်မ FHD+ OLED မျက်နှာပြင်ကို မျက်နှာပြင်အောက်လက်ဗွေစနစ်တွေနဲ့ ရနိုင်နေတုန်းပါပဲ။ Reno 3 မှာလည်း ကင်မရာလေးလုံး (64MP primary, 8MP ultra-wide, monochrome sensor, depth lens) တပ်ဆင်ထားပြီးတော့ ဆယ်လ်ဖီအတွက် 32MP တပ်ဆင်ထားပါတယ်။
Oppo Reno 3 5G ဈေးနှုန်းကတော့ 8GB/128GB အတွက် ၄၈၆ဒေါ်လာ ဖြစ်ပြီး 12GB/128GB က ၅၂၈ ဒေါ်လာ ဖြစ်ပါတယ်။

[Zawgyi]




Ref : androidauthority

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.