ညာဘက်မှာ လက်ဗွေစနစ်တပ်ဆင်ထားတဲ့ ပထမဆုံးသော Realme ဖုန်းဖြစ်လာမယ့် X50 5G

0
863

[Unicode]

ဇန်နဝါရီ ၇ရက်နေ့မှာမြင်တွေ့ရမယ့် Realme X50 5G လေးကို Weibo ပေါ်မှာ CMO Xu Qi က official poster လေးတစ်ခုတင်လိုက်လို့ မြင်တွေ့ရပြန်ပါပြီ။
သူတင်လိုက်တဲ့ပုံလေးမှာ X50 5G ကို Polar အရောင်လေးနဲ့မြင်တွေ့ရသလို ဘယ်ဘက်အပေါ်ခြမ်းမှာ ကင်မရာလေးလုံးကို တပ်ဆင်ထားတာလည်း မြင်ရပါတယ်။ အောက်ဘက်မှာတော့ Realme logo လေး ရှိပါတယ်။
ဒီဇိုင်းပိုင်းကတော့ XT နဲ့ X2 အငွေ့အသက်တွေပါဝင်နေတယ်ဆိုပေမယ့်လည်း သေချာကြည့်ကြည့်လိုက်ရင် flash ကို စာသားတွေအောက်မှာ ထားထားတာပါ။


X50 5G ရဲ့ ကျောပြင်မှာ လက်ဗွေစနစ်မပါဝင်ဘူးဆိုတော့ များသောအားဖြင့် မျက်နှာပြင်အောက်မှာ ပါဝင်မယ်လို့ ယူဆကြမှာပါ။ ဒီပုံလေးမှာတော့ ကျွန်တော်တို့သိချင်နေတဲ့အကြောင်းလေးကို သေချာပေါက်ကို ပြောသွားခဲ့ပါတယ်။ ကျွန်တော်တို့ထင်သလိုမဟုတ်ပါဘူး။ X50 5G ဟာ ညာဘက်မှာ လက်ဗွေစနစ်ကိုတပ်ဆင်ထားတဲ့ ပထမဆုံးသော Realme စမတ်ဖုန်းလေးတစ်လုံး ဖြစ်လာမှာပါ။


Realme ရဲ့ official Weibo အကောင့်မှာ GIF လေးတစ်ခုလည်း တင်ထားပါသေးတယ်။ ဒါကတော့ X50 5G ရဲ့ Zoom လုပ်ဆောင်နိုင်စွမ်းကို ပြသထားခြင်းဖြစ်ပါတယ်။
X50 5G ကို မြင်တွေ့ရဖို့က နှစ်ပတ်တောင်မလိုတော့ဘူးဆိုတော့ Realme ဆီကနေ ဒီထက် teaser များများ မြင်တွေ့ရပါတော့မယ်။

[Zawgyi]

ဇန္န၀ါရီ ၇ရက္ေန႕မွာျမင္ေတြ႕ရမယ့္ Realme X50 5G ေလးကို Weibo ေပၚမွာ CMO Xu Qi က official poster ေလးတစ္ခုတင္လိုက္လို႕ ျမင္ေတြ႕ရျပန္ပါျပီ။
သူတင္လိုက္တဲ့ပံုေလးမွာ X50 5G ကို Polar အေရာင္ေလးနဲ႕ျမင္ေတြ႕ရသလို ဘယ္ဘက္အေပၚျခမ္းမွာ ကင္မရာေလးလံုးကို တပ္ဆင္ထားတာလည္း ျမင္ရပါတယ္။ ေအာက္ဘက္မွာေတာ့ Realme logo ေလး ရွိပါတယ္။
ဒီဇိုင္းပိုင္းကေတာ့ XT နဲ႕ X2 အေငြ႕အသက္ေတြပါ၀င္ေနတယ္ဆိုေပမယ့္လည္း ေသခ်ာၾကည့္ၾကည့္လုိက္ရင္ flash ကို စာသားေတြေအာက္မွာ ထားထားတာပါ။


X50 5G ရဲ႕ ေက်ာျပင္မွာ လက္ေဗြစနစ္မပါ၀င္ဘူးဆိုေတာ့ မ်ားေသာအားျဖင့္ မ်က္ႏွာျပင္ေအာက္မွာ ပါ၀င္မယ္လို႕ ယူဆၾကမွာပါ။ ဒီပံုေလးမွာေတာ့ ကၽြန္ေတာ္တို႕သိခ်င္ေနတဲ့အေၾကာင္းေလးကို ေသခ်ာေပါက္ကို ေျပာသြားခဲ့ပါတယ္။ ကၽြန္ေတာ္တို႕ထင္သလိုမဟုတ္ပါဘူး။ X50 5G ဟာ ညာဘက္မွာ လက္ေဗြစနစ္ကိုတပ္ဆင္ထားတဲ့ ပထမဆံုးေသာ Realme စမတ္ဖုန္းေလးတစ္လံုး ျဖစ္လာမွာပါ။


Realme ရဲ႕ official Weibo အေကာင့္မွာ GIF ေလးတစ္ခုလည္း တင္ထားပါေသးတယ္။ ဒါကေတာ့ X50 5G ရဲ႕ Zoom လုပ္ေဆာင္ႏုိင္စြမ္းကို ျပသထားျခင္းျဖစ္ပါတယ္။
X50 5G ကို ျမင္ေတြ႕ရဖို႕က ႏွစ္ပတ္ေတာင္မလို္ေတာ့ဘူးဆိုေတာ့ Realme ဆီကေန ဒီထက္ teaser မ်ားမ်ား ျမင္ေတြ႕ရပါေတာ့မယ္။

Ref : gsmarena

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.