ကင်မရာငါးလုံး၊ notch ပျောက်မျက်နှာပြင်တို့နဲ့ပွဲထွက်လာမယ့် Huawei P40 Pro

0
877

[Unicode]

၂၀၂၀ မတ်လမှာ Huawei P40 နဲ့ P40 Pro တို့ ရောက်ရှိလာတော့မှာပါ။ ပြီးခဲ့တဲ့အပတ်တွေတည်းက သူတို့ဒီဇိုင်းတွေကို မြင်တွေ့ခဲ့ရပါတယ်။ P40 တွေမှာ လေးထောင့်ပုံရှိတဲ့ ကင်မရာနေရာကြီးကို မြင်တွေ့ခဲ့ကြတာပါ။
အဲဒီပုံထဲမှာ ကင်မရာအရေအတွက်ကို တိတိပပ မဖော်ပြခဲ့ပါဘူး။ ဒါပေမယ့် မကြာသေးခင်က ပေါက်ကြားလာတဲ့ပုံထဲမှာတော့ Pro ဗားရှင်းမှာ ကင်မရာငါးလုံးပါမယ်ဆိုတာ သိခွင့်ရခဲ့ပါတယ်။ 64MP Sony IMX686 main sensor ကို 20MP ultrawide ၊ 12MP periscope telephoto (10x optical zoom) ၊ macro ၊ 3D ToF unit တို့နဲ့ ပေါင်းစပ်ထားပါတယ်။
P40 Pro လေးကို အပြာရောင်အဖြစ်နဲ့ မြင်တွေ့ရတာဖြစ်ပြီး ကင်မရာလေးလုံးဟာ တစ်ခုအပေါ်ကိုတစ်ခုတင်ထားတဲ့အနေအထားဖြစ်ပါတယ်။ အဲဒီအထဲမှာ periscope ကတော့ ညာဘက်မှာ ထည့်သွင်းထားပါတယ်။
P40 Pro ရဲ့မျက်နှာပြင်ဟာ ၆.၅ ကနေ ၆.၇လက်မအတွင်း ရှိနိုင်ပါတယ်။ အရင်ကြားထားတဲ့သတင်းတွေအရဆိုရင်တော့ notch ဒါမှမဟုတ် notch ပျောက်နိုင်လားဆိုတာ မပြောတတ်ပါဘူး။ ဒါပေမယ့်လည်း P40 Pro မှာ မြင်ရသလောက်တော့ notch ပျောက်ပြီး ဘောင်တွေပါးနေပါတယ်။
P40 Pro ကို pop-up ဆယ်လ်ဖီကင်မရာနဲ့မြင်ရမလား၊ မျက်နှာပြင်အောက်မှာပဲ မြှုပ်ထားမလားဆိုတာကတော့ ပဟေဠိဖြစ်နေတုန်းပါပဲ။ ဒါပေမယ့် တရားဝင်မိတ်ဆက်ပွဲမတိုင်ခင်မှာ သိရမယ်လို့ မျှော်လင့်ပါတယ်။

[Zawgyi]

၂၀၂၀ မတ္လမွာ Huawei P40 နဲ႕ P40 Pro တို႕ ေရာက္ရွိလာေတာ့မွာပါ။ ျပီးခဲ့တဲ့အပတ္ေတြတည္းက သူတို႕ဒီဇုိင္းေတြကို ျမင္ေတြ႕ခဲ့ရပါတယ္။ P40 ေတြမွာ ေလးေထာင့္ပံုရွိတဲ့ ကင္မရာေနရာၾကီးကို ျမင္ေတြ႕ခဲ့ၾကတာပါ။
အဲဒီပံုထဲမွာ ကင္မရာအေရအတြက္ကို တိတိပပ မေဖာ္ျပခဲ့ပါဘူး။ ဒါေပမယ့္ မၾကာေသးခင္က ေပါက္ၾကားလာတဲ့ပံုထဲမွာေတာ့ Pro ဗားရွင္းမွာ ကင္မရာငါးလံုးပါမယ္ဆိုတာ သိခြင့္ရခဲ့ပါတယ္။ 64MP Sony IMX686 main sensor ကို 20MP ultrawide ၊ 12MP periscope telephoto (10x optical zoom) ၊ macro ၊ 3D ToF unit တို႕နဲ႕ ေပါင္းစပ္ထားပါတယ္။
P40 Pro ေလးကို အျပာေရာင္အျဖစ္နဲ႕ ျမင္ေတြ႕ရတာျဖစ္ျပီး ကင္မရာေလးလံုးဟာ တစ္ခုအေပၚကိုတစ္ခုတင္ထားတဲ့အေနအထားျဖစ္ပါတယ္။ အဲဒီအထဲမွာ periscope ကေတာ့ ညာဘက္မွာ ထည့္သြင္းထားပါတယ္။
P40 Pro ရဲ႕မ်က္ႏွာျပင္ဟာ ၆.၅ ကေန ၆.၇လက္မအတြင္း ရွိႏုိင္ပါတယ္။ အရင္ၾကားထားတဲ့သတင္းေတြအရဆိုရင္ေတာ့ notch ဒါမွမဟုတ္ notch ေပ်ာက္ႏုိင္လားဆိုတာ မေျပာတတ္ပါဘူး။ ဒါေပမယ့္လည္း P40 Pro မွာ ျမင္ရသေလာက္ေတာ့ notch ေပ်ာက္ျပီး ေဘာင္ေတြပါးေနပါတယ္။
P40 Pro ကို pop-up ဆယ္လ္ဖီကင္မရာနဲ႕ျမင္ရမလား၊ မ်က္ႏွာျပင္ေအာက္မွာပဲ ျမွဳပ္ထားမလားဆိုတာကေတာ့ ပေဟဠိျဖစ္ေနတုန္းပါပဲ။ ဒါေပမယ့္ တရား၀င္မိတ္ဆက္ပြဲမတုိင္ခင္မွာ သိရမယ္လို႕ ေမွ်ာ္္လင့္ပါတယ္။

Ref : gsmarena

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.