Samsung က PD နဲ့အားသွင်းရမယ့် 25W အထိ ထောက်ပံ့ပေးထားတဲ့ ပါဝါဘဏ်တစ်လုံးတည်ဆောက်နေ

0
483

[Unicode]

Samsung တံဆိပ်ပါဝါဘဏ်အသစ်လေးတစ်ခုဟာ FCC ကိုဖြတ်သွားပါတယ်။ စာရွက်စာတမ်းတွေထဲမှာ သတင်းအချက်အလက် အနည်းငယ်ပါဝင်နေတာမို့ တင်ဆက်ပေးလိုက်ပါတယ်။ အသိသာဆုံး feature လေးတစ်ခုကတော့ 25W အားအမြန်သွင်းစနစ်ကို USB Power Delivery standard ကနေတဆင့် လုပ်ဆောင်ခွင့်ပေးထားပါတယ်။
Galaxy Note10-series နဲ့အတူ Samsung ဟာ သူ့ဖုန်းတွေအတွက် အားအမြန်သွင်းစနစ်ကို မိတ်ဆက်ခဲ့ပါတယ်။ အဲဒီဟန်းဆက်တွေဟာ 25W နဲ့ 45W အထိ ထောက်ပံ့ပေးထားခဲ့ပါတယ်။ အခုလည်း Samsung က 10,000 mAh ရှိတဲ့ ပါဝါဘဏ်လေးကို 25W output နဲ့ ဖြန့်ချိဖို့လုပ်ဆောင်နေတာဖြစ်ပါတယ်။ FCC ဝက်ဘ်ဆိုက်မှာတင်ထားတဲ့ပုံလေးအရဆိုရင်တော့ USB-C port နှစ်ခုပါဝင်နေပါတယ်။ တစ်ခုက ပါဝါဘဏ်ထဲကိုအားသွင်းဖို့ တစ်ခုကတော့ ဖုန်းကိုအားသွင်းဖို့ ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ်လည်း ကြိုက်တာသုံးလို့ရနိုင်တာမျိုးပေါ့။ USB-C တစ်ခုတည်းဖြစ်တဲ့အတွက်ကြောင့် 25W နဲ့ ပါဝါဘဏ်ကိုအားပြန်သွင်းလို့ ရနိုင်မယ်ထင်ပါတယ်။


ဒါ့အပြင် ပါဝါဘဏ်ပုံလေးကိုကြည့်လိုက်တဲ့အခါမှာ wireless charging pad လေးလည်း ပါဝင်နေတာကို တွေ့လိုက်ရပါတယ်။ ဒါပေမယ့် အမြန်နှုန်းက 15W ထက် ကျော်နိုင်ပါ့မလား တွေးမိပါတယ်။ ဒီပစ္စည်းလေးကို ဘယ်အချိန်မှာ ထွက်ရှိမလဲဆိုတာကတော့ ကျွန်တော်တို့မသိရသေးပါဘူး။ ဒါပေမယ့်လည်း Galaxy S11-series နဲ့အတူ ဖေဖော်ဝါရီလမှာ မြင်တွေ့ရနိုင်ဖို့တော့ ရှိနေပါတယ်။ ဒါမှမဟုတ်လည်း 2020 CES မှာပေါ့။

[Zawgyi]

Samsung တံဆိပ္ပါ၀ါဘဏ္အသစ္ေလးတစ္ခုဟာ FCC ကိုျဖတ္သြားပါတယ္။ စာရြက္စာတမ္းေတြထဲမွာ သတင္းအခ်က္အလက္ အနည္းငယ္ပါ၀င္ေနတာမို႕ တင္ဆက္ေပးလိုက္ပါတယ္။ အသိသာဆံုး feature ေလးတစ္ခုကေတာ့ 25W အားအျမန္သြင္းစနစ္ကို USB Power Delivery standard ကေနတဆင့္ လုပ္ေဆာင္ခြင့္ေပးထားပါတယ္။
Galaxy Note10-series နဲ႕အတူ Samsung ဟာ သူ႕ဖုန္းေတြအတြက္ အားအျမန္သြင္းစနစ္ကို မိတ္ဆက္ခဲ့ပါတယ္။ အဲဒီဟန္းဆက္ေတြဟာ 25W နဲ႕ 45W အထိ ေထာက္ပံ့ေပးထားခဲ့ပါတယ္။ အခုလည္း Samsung က 10,000 mAh ရွိတဲ့ ပါ၀ါဘဏ္ေလးကို 25W output နဲ႕ ျဖန္႕ခ်ိ္ဖို႕လုပ္ေဆာင္ေနတာျဖစ္ပါတယ္။ FCC ၀က္ဘ္ဆိုက္မွာတင္ထားတဲ့ပံုေလးအရဆိုရင္ေတာ့ USB-C port ႏွစ္ခုပါ၀င္ေနပါတယ္။ တစ္ခုက ပါ၀ါဘဏ္ထဲကိုအားသြင္းဖို႕ တစ္ခုကေတာ့ ဖုန္းကိုအားသြင္းဖို႕ ျဖစ္ႏုိင္ပါတယ္။ ဒါမွမဟုတ္လည္း ၾကိဳက္တာသံုးလို႕ရႏုိင္တာမ်ိဳးေပါ့။ USB-C တစ္ခုတည္းျဖစ္တဲ့အတြက္ေၾကာင့္ 25W နဲ႕ ပါ၀ါဘဏ္ကိုအားျပန္သြင္းလို႕ ရႏုိင္မယ္္ထင္ပါတယ္။


ဒါ့အျပင္ ပါ၀ါဘဏ္ပံုေလးကိုၾကည့္လိုက္တဲ့အခါမွာ wireless charging pad ေလးလည္း ပါ၀င္ေနတာကို ေတြ႕လိုက္ရပါတယ္။ ဒါေပမယ့္ အျမန္ႏႈန္းက 15W ထက္ ေက်ာ္ႏုိင္ပါ့မလား ေတြးမိပါတယ္။ ဒီပစၥည္းေလးကို ဘယ္အခိ်န္မွာ ထြက္ရွိမလဲဆိုတာကေတာ့ ကၽြန္ေတာ္တို႕မသိရေသးပါဘူး။ ဒါေပမယ့္လည္း Galaxy S11-series နဲ႕အတူ ေဖေဖာ္၀ါရီလမွာ ျမင္ေတြ႕ရႏုိင္ဖို႕ေတာ့ ရွိေနပါတယ္။ ဒါမွမဟုတ္လည္း 2020 CES မွာေပါ့။

Ref : gsmarena

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.