Google Santa Tracker လေးကို ပြန်လည်ပြင်ဆင်ထား

0
652

[Unicode]

Google ရဲ့ Santa Tracker လေးကို ၂၀၁၉မှာ ပြန်လည်မြင်တွေ့ရတော့မှာပါ။ တကမ္ဘာလုံးကို ဖြန့်ကျက်သွားလာနေပြီးတော့ ရုရှားမှာ ၂၅နာရီကြာအောင် လက်ဆောင်တွေဖြန့်ဝေပေးနေခဲ့ပါတယ်။ အခုတော့ ဂျပန်ကိုရောက်နေပါပြီ။
jolly ol’ St Nick ကို နောက်ယောင်ခံလိုက်ချင်တယ်ဆိုရင်တော့ လုပ်စရာလေးတွေ ရှိနေပါပြီ။ Santatracker.google.com ကို သွားလိုက်ပါ။ သူူဘယ်နေရာရောက်နေလဲဆိုတာ သိရမှာပါ။
အခုတော့ နယူးဇီလန်တောင်ပိုင်းကို ရောက်နေတယ်လို့ သတင်းကြားပါတယ်။ လက်ဆောင်ပေါင်း ၃၅မီလျံလည်း ပါပါတယ်။ တောင်ဝင်ရိုးစွန်းကိုဦးတည်နေပါတယ်။ ဘာရှိလို့လဲတော့မသိဘူး။ သူတော့သိချင်သိမှာပေါ့။ Android ဖုန်းမှာဆိုရင်တော့ Play Store ကိုသွားလိုက်ပါ။ ဆန်တာ့ကို ခြေရာခံနိုင်တဲ့အပြင် ဂိမ်းတွေကိုလည်း ဆော့ကစားနိုင်ပါလိမ့်မယ်။
ကလေးတွေအတွက် ဒီဇိုင်းလုပ်ထားတယ်ဆိုပေမယ့်လည်း ဖျော်ဖြေမှုတွေပေးနိုင်တဲ့အတွက်ကြောင့် အရွယ်ရောက်သူတွေပါ ကြိုက်နှစ်သက်နေကြတာပါ။
ကျွန်တော်တို့အကြိုက်ဆုံးတချို့ကို ရွေးချယ်ပြရမယ်ဆိုရင်
Memory Match
ခရစ္စမတ်တံခါးနောက်ကွယ်က သင်္ကေတတွေကို ကိုက်ညီအောင်တွဲရတာပါ။ စစချင်းမှာလွယ်ပေမယ့်လည်း အချိန်ကတဖြည်းဖြည်း လျော့လာပါတယ်။
Santa Search
Where’s Waldo လေးအတိုင်းပါပဲ။
Present Bounce
မှန်ကန်တဲ့အပေါက်ထဲကို လက်ဆောင်တွေထည့်ဖို့အတွက် building blocks လေးတွေကို နေရာမှန်ထားရပါတယ်။ ကျွန်တော်တို့မမျှော်လင့်ထားတဲ့ ယုန်တွင်းလေးတစ်တွင်းပေါ့။
ဒီဆိုက်လေးက ဒီဇင်ဘာတစ်လျှောက်လုံးမှာ မိဘတွေနဲ့ကလေးတွေ၊ ဆရာတွေ ပျော်ရွှင်စွာကစားနိုင်ဖို့ ရှိနေဦးမှာပါ။ နှင်းပွင့်လေးကို ကုဒ်ရေးနည်းသင်မလား ဒါမှမဟုတ် ‘Merry Christmas’ ကို ဘာသာစကားအသစ်နဲ့ ဘယ်လိုပြောမလဲဆိုတာလည်း လေ့လာနိုင်ပါတယ်။
ဆန်တာနဲ့ စကားပြောမယ်
Google Assistant ကို အသုံးပြုပြီးတော့ ‘Hey Google, what’s new at the North Pole’ လို့ပြောလိုက်ပါ။ ဆန်တာ့ဆီကနေ သတင်းတွေကြားရပါလိမ့်မယ်။
လူငယ်တွေအတွက် Christmas stories တွေလည်း ဖတ်နိုင်ပါတယ်။
ကဲ အခုပဲ Santatracker.google.com ကို သွားမွှေကြမယ်

[Zawgyi]

Google ရဲ႕ Santa Tracker ေလးကို ၂၀၁၉မွာ ျပန္လည္ျမင္ေတြ႕ရေတာ့မွာပါ။ တကမာၻလံုးကို ျဖန္႕က်က္သြားလာေနျပီးေတာ့ ရုရွားမွာ ၂၅နာရီၾကာေအာင္ လက္ေဆာင္ေတြျဖန္႕ေ၀ေပးေနခဲ့ပါတယ္။ အခုေတာ့ ဂ်ပန္ကိုေရာက္ေနပါျပီ။
jolly ol’ St Nick ကို ေနာက္ေယာင္ခံလိုက္ခ်င္တယ္ဆုိရင္ေတာ့ လုပ္စရာေလးေတြ ရွိေနပါျပီ။ Santatracker.google.com ကို သြားလိုက္ပါ။ သူူဘယ္ေနရာေရာက္ေနလဲဆိုတာ သိရမွာပါ။
အခုေတာ့ နယူးဇီလန္ေတာင္ပိုင္းကို ေရာက္ေနတယ္လို႕ သတင္းၾကားပါတယ္။ လက္ေဆာင္ေပါင္း ၃၅မီလ်ံလည္း ပါပါတယ္။ ေတာင္၀င္ရိုးစြန္းကိုဦးတည္ေနပါတယ္။ ဘာရွိလို႕လဲေတာ့မသိဘူး။ သူေတာ့သိခ်င္သိမွာေပါ့။ Android ဖုန္းမွာဆုိရင္ေတာ့ Play Store ကိုသြားလိုက္ပါ။ ဆန္တာ့ကို ေျခရာခံႏုိင္တဲ့အျပင္ ဂိမ္းေတြကိုလည္း ေဆာ့ကစားႏုိင္ပါလိမ့္မယ္။
ကေလးေတြအတြက္ ဒီဇုိင္းလုပ္ထားတယ္ဆုိုေပမယ့္လည္း ေဖ်ာ္ေျဖမႈေတြေပးႏုိင္တဲ့အတြက္ေၾကာင့္ အရြယ္ေရာက္သူေတြပါ ၾကိဳက္ႏွစ္သက္ေနၾကတာပါ။
ကၽြန္ေတာ္တို႕အၾကိဳက္ဆံုးတခ်ိဳ႕ကို ေရြးခ်ယ္ျပရမယ္ဆုိရင္
Memory Match
ခရစၥမတ္တံခါးေနာက္ကြယ္က သေကၤတေတြကို ကိုက္ညီေအာင္တြဲရတာပါ။ စစခ်င္းမွာလြယ္ေပမယ့္လည္း အခ်ိန္ကတျဖည္းျဖည္း ေလ်ာ့လာပါတယ္။
Santa Search
Where’s Waldo ေလးအတုိင္းပါပဲ။
Present Bounce
မွန္ကန္တဲ့အေပါက္ထဲကို လက္ေဆာင္ေတြထည့္ဖို႕အတြက္ building blocks ေလးေတြကို ေနရာမွန္ထားရပါတယ္။ ကၽြန္ေတာ္တို႕မေမွ်ာ္လင့္ထားတဲ့ ယုန္တြင္းေလးတစ္တြင္းေပါ့။
ဒီဆုိက္ေလးက ဒီဇင္ဘာတစ္ေလွ်ာက္လံုးမွာ မိဘေတြနဲ႕ကေလးေတြ၊ ဆရာေတြ ေပ်ာ္ရႊင္စြာကစားႏုိင္ဖို႕ ရွိေနဦးမွာပါ။ ႏွင္းပြင့္ေလးကို ကုဒ္ေရးနည္းသင္မလား ဒါမွမဟုတ္ ‘Merry Christmas’ ကို ဘာသာစကားအသစ္နဲ႕ ဘယ္လိုေျပာမလဲဆိုတာလည္း ေလ့လာႏုိင္ပါတယ္။
ဆန္တာနဲ႕ စကားေျပာမယ္
Google Assistant ကို အသံုးျပဳျပီးေတာ့ ‘Hey Google, what’s new at the North Pole’ လို႕ေျပာလုိက္ပါ။ ဆန္တာ့ဆီကေန သတင္းေတြၾကားရပါလိမ့္မယ္။
လူငယ္ေတြအတြက္ Christmas stories ေတြလည္း ဖတ္ႏုိင္ပါတယ္။
ကဲ အခုပဲ Santatracker.google.com ကို သြားေမႊၾကမယ္

Ref : techradar

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.