Concept One ဟာ OnePlus ဆီကမြင်တွေ့ရမယ့် ပထမဆုံးခေါက်ချိုးနိုင်တဲ့ဖုန်းဖြစ်လာ

0
562

[Unicode]

CES 2020 မှာ မြင်တွေ့ရမယ့် OnePlus Concept One ကို ဘယ်လိုအရာကြီးဖြစ်မလဲဆိုတာ ကျွန်တော်တို့သိထားပါတယ်။ သတင်းတွေအရတော့ ခေါက်ချိုးနိုင်တဲ့စမတ်ဖုန်းလေးပါတဲ့။
OnePlus ရဲ့ စီအီးအို Pete Lau က ဇန်နဝါရီလထဲမှာ ထူးခြားစိတ်လှုပ်ရှားစရာတစ်ခုကို မြင်တွေ့ရမယ်လို့ ကျွန်တော်တို့ကို ပြောခဲ့ပါတယ်။ OnePlus ဟာ CES 2020 မှာ အထူးတင်ဆက်မှုတစ်ခုကို ပြုလုပ်သွားမှာပါ။ အဲဒီမှာ OnePlus 8 Lite မိတ်ဆက်တာကိုမြင်တွေ့ရမယ်။ ပြီးတော့ တစ်ခုခုထူးခြားတာလည်း ပါမယ်လို့တွေးလိုက်ပြီးသားပါ။ ဒါပေမယ့် မြန်ဆန်စွာနဲ့ပဲ ကျွန်တော်တို့သိလိုက်ရတာကတော့ OnePlus Concept One အကြောင်းပါ။
ခေါက်ချိုးနိုင်တဲ့ဖုန်းတွေဟာ လူကြိုက်များလာတာနဲ့အညီ OnePlus ကလည်း နောက်ကျန်နေခဲ့လို့ မဖြစ်ပါဘူး။ The Korea Herald ရဲ့ တင်ပြချက်အရဆိုရင် OnePlus Concept One အသစ်လေးဟာ သူတို့အတွက် ပထမဆုံးသောခေါက်ချိုးနိုင်တဲ့စမတ်ဖုန်းတစ်လုံး ဖြစ်လာမှာပါ။ OnePlus ဆိုတာ အချက်အလက်အကောင်းတွေကို ဈေးသက်သက်သာသာနဲ့ ရနိုင်တယ်လို့ လူသိများနေတာမလား။ OnePlus ဆီက ပထမဆုံးသောခေါက်ချိုးနိုင်တဲ့စမတ်ဖုန်းလေးကို ဘယ်လိုဈေးနှုန်းနဲ့ မြင်တွေ့ရမလဲဆိုတာ စိတ်ဝင်စားဖို့တော့ ကောင်းနေပါတယ်။ လက်ရှိအခြေအနေမှာတော့ concept သာသာ ရှိသေးတာမို့ စောင့်ကြည့်ရမှာပါပဲ။ အဲဒါထက် အရေးကြီးတာက အခုသတင်းက ကောလာဟလအဆင့်ပဲ ရှိပါသေးတယ်။ ကျွန်တော်ကတော့ Foldable ထက် တခြားဆန်းဆန်းလေးကို မျှော်လင့်နေမိတယ်။

[Zawgyi]

CES 2020 မွာ ျမင္ေတြ႕ရမယ့္ OnePlus Concept One ကို ဘယ္လုိအရာၾကီးျဖစ္မလဲဆိုတာ ကၽြန္ေတာ္တို႕သိထားပါတယ္။ သတင္းေတြအရေတာ့ ေခါက္ခ်ိဳးနုိင္တဲ့စမတ္ဖုန္းေလးပါတဲ့။
OnePlus ရဲ႕ စီအီးအို Pete Lau က ဇန္န၀ါရီလထဲမွာ ထူးျခားစိတ္လႈပ္ရွားစရာတစ္ခုကို ျမင္ေတြ႕ရမယ္လို႕ ကၽြန္ေတာ္တို႕ကို ေျပာခဲ့ပါတယ္။ OnePlus ဟာ CES 2020 မွာ အထူးတင္ဆက္မႈတစ္ခုကို ျပဳလုပ္သြားမွာပါ။ အဲဒီမွာ OnePlus 8 Lite မိတ္ဆက္တာကိုျမင္ေတြ႕ရမယ္။ ျပီးေတာ့ တစ္ခုခုထူးျခားတာလည္း ပါမယ္လုိ႕ေတြးလိုက္ျပီးသားပါ။ ဒါေပမယ့္ ျမန္ဆန္စြာနဲ႕ပဲ ကၽြန္ေတာ္တို႕သိလုိက္ရတာကေတာ့ OnePlus Concept One အေၾကာင္းပါ။
ေခါက္ခ်ိဳးႏုိင္တဲ့ဖုန္းေတြဟာ လူၾကိဳက္မ်ားလာတာနဲ႕အညီ OnePlus ကလည္း ေနာက္က်န္ေနခဲ့လို႕ မျဖစ္ပါဘူး။ The Korea Herald ရဲ႕ တင္ျပခ်က္အရဆိုရင္ OnePlus Concept One အသစ္ေလးဟာ သူတို႕အတြက္ ပထမဆံုးေသာေခါက္ခ်ိဳးႏိုင္တဲ့စမတ္ဖုန္းတစ္လံုး ျဖစ္လာမွာပါ။ OnePlus ဆိုတာ အခ်က္အလက္အေကာင္းေတြကို ေစ်းသက္သက္သာသာနဲ႕ ရႏုိင္တယ္လုိ႕ လူသိမ်ားေနတာမလား။ OnePlus ဆီက ပထမဆံုးေသာေခါက္ခ်ိဳးႏုိင္တဲ့စမတ္ဖုန္းေလးကို ဘယ္လိုေစ်းႏႈန္းနဲ႕ ျမင္ေတြ႕ရမလဲဆိုတာ စိတ္၀င္စားဖို႕ေတာ့ ေကာင္းေနပါတယ္။ လက္ရွိအေျခအေနမွာေတာ့ concept သာသာ ရွိေသးတာမို႕ ေစာင့္ၾကည့္ရမွာပါပဲ။ အဲဒါထက္ အေရးၾကီးတာက အခုသတင္းက ေကာလာဟလအဆင့္ပဲ ရွိပါေသးတယ္။ ကၽြန္ေတာ္ကေတာ့ Foldable ထက္ တျခားဆန္းဆန္းေလးကို ေမွ်ာ္လင့္ေနမိတယ္။

Ref : pocketnow

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.