ရှိမှန်းမသိကြသေးတဲ့ Xiaomi ရဲ့ထူးခြားတဲ့ထုတ်ကုန် ကိုးမျိုး
0
2584
[Unicode]
Xiaomi ဆိုရင်တော့ လူတိုင်းပြေးမြင်ကြတာက ဘတ်ဂျက်စမတ်ဖုန်းထုတ်လုပ်သူတစ်ယောက်။ ဒါပေမယ့် သူ့ရဲ့ ecosystem က စမတ်ဖုန်းတစ်ခုတည်းမဟုတ်ဘဲ စမတ်ပစ္စည်းတွေမှာလည်း ဖြန့်ကျက်ထားတယ်။ Xiaomi က ecosystem ကို အိန္ဒိယမှာ ကောင်းကောင်းဖြန့်ထားပေမယ့် ဥရောပမှာ နည်းနည်းသာရှိပါတယ်။ ဒီထက်ပိုများတာက တရုတ်မှာပါ။
ထူးခြားသလို အသုံးဝင်တဲ့စမတ်ပစ္စည်းတွေကို ကျွန်တော်တို့စုစည်းပြီးတော့ တင်ဆက်ပေးလိုက်ပါတယ်။ ကျွန်တော်ထင်ပါတယ်။ တော်တော်များများကိုတော့ စာဖတ်သူမသိလောက်သေးပါဘူး။
Universal translator
Star Trek ဖန်တွေကတော့ Universal Translator လေးကို မှတ်မိနေကြမှာပါ။ universal language translator လေးရဲ့ ကျော်ကြားမှုဟာ နောက်မှာကျန်ရစ်ခဲ့ပြီဆိုသော်ငြား Xiaomi က စိတ်ဝင်စားဖို့ကောင်းတဲ့ထုတ်ကုန်တစ်ခုဖြစ်အောင် ဆွဲဆောင်ထားတုန်းပါပဲ။
Xiaomi Mijia translator လေးကတော့ စမတ်ဖုန်းလိုပစ္စည်းလေးဖြစ်ပြီးတော့ မိုက်ခရိုဖုန်းနဲ့ အနောက်ဘက်မှာ ကင်မရာတွေကို တပ်ဆင်ထားပါတယ်။ ၄.၁လက်မမျက်နှာပြင်ကတော့ အချိန်နဲ့တပြေးညီ ဘာသာပြန်ပေးတဲ့စာသားတွေကို ကြည့်ရှုနိုင်ပါတယ်။ cellular or Wi-Fi အဆင်ပြေတာသုံးလို့ရပါတယ်။ ဘာသာစကား ၁၈မျိုးအထိ ထောက်ပံ့ပေးနိုင်သလို မိုက်ခရိုဖုန်းခြောက်လုံးကလည်း အသံတွေကို ပတ်ပတ်လည်က ဖမ်းယူနိုင်ပြီးတော့ အချိန်နဲ့တပြေးညီ ဘာသာပြန်ပေးနိုင်ပါတယ်။ Mijia translatorလေးကို portable hotspot အနေနဲ့လည်း အသုံးပြုနိုင်သေးတယ်ဆိုတော့ ဘာလိုသေးလဲ။
Walkie-talkie
အခုဆိုရင် ဒုတိယမျိုးဆက်တောင် ရောက်နေပါပြီ။ အကွာအဝေးကို ၅ကီလိုမီတာအထိ ထောက်ပံ့ပေးထားတဲ့ Xiaomi Mijia Walkie-Talkie လေးမှာ FM radio ၊ Bluetooth ပါဝင်ပါတယ်။
ဖုန်းမှာရှိတဲ့ app လေးနဲ့ချိတ်ဆက်ပြီးတော့ တည်နေရာတွေ၊ မက်ဆေ့ချ်အတိုလေးတွေပို့နိုင်ပါတယ်။ ဒီအတွက် network မလိုအပ်ပါဘူး။ ဘယ်လောက်တောင် အဆင်ပြေနေလိုက်သလဲ။
Wireless charging car mount
ဖုန်းအတွက် Car mount တွေက အများကြီးစဉ်းစားနေစရာလိုမယ်တော့မထင်ပါဘူး။ dashboard ဒါမှမဟုတ် အဲကွန်းအပေါက်မှာကပ်ပြီးတော့ ဖုန်းကိုချိတ်လိုက်မယ်။ ဒါပေမယ့် ဒီထက်ပိုတာက Xiaomi wireless car charger လေးက 20W wireless charging ထောက်ပံ့ထားသလို ပန်ကာလည်း ပေါင်းစပ်ပါဝင်နေပါသေးတယ်။
ကျွန်တော့အတွက်ကတော့ အဲဒီအထဲကိုဝင်အောင် ညှပ်နေရတာ အလုပ်ကြီးတစ်ခုလိုမြင်မိတယ်။ ကျွန်တော်လိုလူတွေအတွက် အဆင်ပြေစေမယ့်နည်းလမ်းလေးကိုလည်း လုပ်ဆောင်ပေးထားတာမြင်ပါတယ်။ ဘေးဘက်မှာ infrared ခလုတ်လေးရှိပြီးတော့ အလိုအလျောက်ဟပေးတဲ့စနစ်လည်း ပါဝင်နေပါတယ်။
Soap dispenser
ကမ္ဘာပေါ်မှာနာမည်ရနေတဲ့ စမတ်ဖုန်း brand တစ်ခုက soap dispenser လုပ်တယ်ဆိုတော့ အတော်လေးတော့ ရူးကြောင်ကြောင်နိုင်တယ်လို့ တွေးမိနေလိမ့်မယ်။ infrared အခြေပြု လှုပ်ရှားမှုအာရုံခံစနစ်လေးကို ညှစ်တဲ့ခေါင်းရဲ့ထိပ်နားမှာ တပ်ဆင်ထားပါတယ်။ လက်အနားကပ်လာတာနဲ့ ညှစ်ချပေးပါလိမ့်မယ်။ ခံ့ညားကျက်သရေရှိတဲ့ဒီဇိုင်းလေးပါ။
Nose hair trimmer
နောက်တစ်ခေါက်တွေးမိပြန်ပါတယ်။ ကျန်းမာရေးပစ္စည်းတွေ ထုတ်နေပြန်ပြီလားပေါ့။ electric shaver တွေအပြင် ဘာတဲ့ nose hair trimmer(နှာခေါင်းမွေးညှပ်စက်)။
Mijia nose hair trimmer လေးကတော့ နည်းပညာမြင့်ပစ္စည်းမဟုတ်ပေမယ့်လည်း ကျွန်တော်တို့စာရင်းထဲကို ထည့်သင့်ပါတယ်။
Infrared faucet
ရေပိုက်ခေါင်းတိုင်းအတွက် အဆင်ပြေတဲ့ဖြေရှင်းနည်းလေးပေါ့။ soap dispenser လေးလိုပဲ လက်အသွားအလာကို သိရှိပြီးတော့ ရေကိုအနည်းအများထိန်းချုပ်ပေးမှာပါ။ ပုံမှန်အရ သုံးမိနစ်လောက်အထိ ရေစီးဆင်းစေပေမယ့်လည်း ရပ်ချင်တဲ့အခါမှာ လက်ကိုယမ်းပြလိုက်ရုံပါပဲ။ ဆပ်ပြာတွေကိုင်ပြီးတဲ့အချိန်မှာ အဲဒီလက်နဲ့ ရေပိုက်ခေါင်းကြီးကို ပြန်မကိုင်ချင်တဲ့အခါတွေမှာ ဒါလေးကို တောင့်တမိတယ်။ ကျွန်တော်လို ရေပိုက်ခေါင်းဖွင့်ရမှာကို ပျင်းနေတဲ့သူတွေအတွက်ရော။
Ninebot Unicycle
အမြန်နှုန်း တစ်နာရီ ၄၅ကီလိုမီတာရှိတဲ့ Unicycle လေးက အန္တရာယ်များပါတယ်။ တစ်နာရီကို ၂၀ကီလိုမီတာလောက်ပဲ သုံးသင့်တယ်လို့တော့ အကြံပြုထားပါတယ်။ တစ်ခါအားသွင်းရင် ၉၀ကီလိုမီတာသွားနိုင်ပြီးတော့ ဘီးက ၁၈လက်မရှိပါတယ်။
Mijia Balance Wheel
ဒီနှစ်တွေထဲမှာ Xiaomi ဟာ mobility startup တွေအတွက် ကြီးကြီးမားမားရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ Mijia Balance Wheel လေးဟာ တစ်နာရီကို ၁၂ကီလိုမီတာ သွားနိုင်ပါတယ်။ ကြိုးတွေမပါတော့ ကိုယ့်ဘာသာထိန်းရမှာပါ။ ၁၀၀ကီလိုဂရမ်အတွင်းမှာဆိုရင် ၄၅မိနစ်အသုံးပြုနိုင်ပါတယ်။ စီးရဲရင်တော့ ဟိုးနားဒီနားသွားဖို့အတွက် ကောင်းတာပေါ့။
Wine bottle opener & stopper
Xiaomi ထုတ်ကုန်အများစုလိုပဲ Mijia wine bottle opener လေးဟာ မော်တာတပ်ထားတဲ့ corkscrew လေးက ဝိုင်ပုလင်းကို ၆စက္ကန့်အတွင်း ဖောက်နိုင်ပါတယ်။ wine bottle stopper ကိုပါရောင်းပေးတယ်ဆိုတော့ အဆင်ပြေသွားတာပေါ့။
ကဲ ဘယ်တစ်ခုကိုသိပြီးသားလဲ။ ဘယ်ဟာတွေကို မသိသေးဘူးလဲ။ ဘယ်တစ်ခုကို အကြိုက်ဆုံးလဲ ဖြေခဲ့ပေးပါဦး။
[Zawgyi]
Universal translator
Walkie-talkie
Soap dispenser
Nose hair trimmer
Infrared faucet
Ninebot Unicycle
Mijia Balance Wheel
Ref : androidauthority
Leave a Reply
This site uses Akismet to reduce spam. Learn how your comment data is processed.