ဈေးသက်သာတဲ့ fitness tracker နေရာအတွက် Xiaomi Mi Band ကို စိန်ခေါ်တော့မယ့် Realme

0
821

[Unicode]

Realme စီအီးအို Madhav Sheth က YouTube ပေါ်မှာ #AskMadhav ရဲ့ အပိုင်းတစ်ခုမှာ စိတ်လှုပ်ရှားဖို့ကောင်းတဲ့အရာတစ်ခုကို အတည်ပြုပေးခဲ့ပါတယ်။ Realme အနေနဲ့ လုပ်ငန်းချဲ့ထွင်ဖို့အတွက် fitness tracker လေးကို ဖြန့်ချိသင့်ကြောင်း ပြောခဲ့တာဖြစ်ပါတယ်။
အိန္ဒိယရဲ့ အကြီးမားဆုံးသောနည်းပညာ lifestyle brand တစ်ခုဖြစ်လာဖို့ ရည်ရွယ်ထားပါတယ်။ fitness band အကြောင်းပြောတဲ့နေရာမှာ လုပ်ဆောင်နေပြီလို့ ပြောချင်ပါတယ်။ ၂၀၂၀ ပထမနှစ်ဝက်လောက်မှာ တစ်ခုလောက်တော့ မြင်ရပါလိမ့်မယ်။
ဒီစကားလုံးတွေက ကတိကဝတ်တော့မဟုတ်ပေမယ့်လည်း စီအီးအိုဆီကထွက်လာတာဆိုတော့ Realme အနေနဲ့ လုပ်ဆောင်နေတာ ပြီးခါနီးနေပြီလို့တော့ ယူဆနိုင်ပါတယ်။
အခုတော့ Xiaomi Mi Band 4 က သရဖူဆောင်းထားပါတယ်။ အဲဒါလေးက ဒီနေ့ခေတ်အတွက် ဈေးအသက်သာဆုံးသော အကောင်းဆုံးသော fitness tracker လေးတစ်ခုဖြစ်ပါတယ်။ ဈေးသက်သာတယ်ဆိုတိုင်း မကောင်းတာမဟုတ်တော့ပါဘူး။ Fitbit Inspire HR နဲ့ Samsung Galaxy Fit တို့လည်းရှိပေမယ့်လည်း Mi Band 4 လောက် ဈေးမသက်သာသလို မကောင်းပါဘူး။
Realme ရဲ့ အသစ်ထွက်လာမယ့် fitness tracker လေးဟာ Xiaomi ကို တကယ်ပဲပြိုင်ဆိုင်နိုင်ပါ့မလား။ နောက်နှစ်မှာ အတူတူအဖြေရှာကြရအောင်။

[Zawgyi]


Ref : androidauthority

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.