ကိုယ်ပိုင်ဝက်ဘ်ဆိုက်မှာပေါက်ကြားခဲ့တဲ့ Samsung Galaxy Tab S6 5G
0
467
[Unicode]
တက်ဘလက်တွေကို ဆန်းသစ်တီထွင်တဲ့ထုတ်လုပ်သူအနည်းထဲမှာ Samsung ပါဝင်နေတာကို လက်ခံထားပြီးဖြစ်မှာပါ။ အခုလည်း 5G နည်းပညာကို ထည့်သွင်းပေးလိုက်ပြန်ပါပြီ။
Samsung ရဲ့ ဝက်ဘ်ဆိုက်မှာ စာရင်းဝင်လာတဲ့အတွက်ကြောင့် မကြာခင်မှာပဲ Galaxy Tab S6 ကို 5G ဗားရှင်းထုတ်တော့မယ်လို့ သိလိုက်ရပါတယ်။
Samsung ဟာ အဲဒီတက်ဘလက်လေးအကြောင်းကို တရားဝင်ထုတ်ပြောရသေးပါဘူး။ Galaxy Tab S6 5G လေးဟာ သူတို့ရဲ့ကိုရီးယားဝက်ဘ်ဆိုက်မှာ ပေါ်လာခဲ့တာဖြစ်ပါတယ်။ ပြီးတော့ promotions page မှာ မြင်ရတာပါ။ ပေ့ချ်လေးဟာရေးသားနေဆဲဖြစ်ပေမယ့်လည်း Tab S6 ရှိနေတယ်ဆိုတာတော့ သေချာသွားခဲ့ပါပြီ။
Samsung ရဲ့ ကိုယ်ပိုင်ဝက်ဘ်ဆိုက်ဖြစ်တဲ့အတွက် 5G ဗားရှင်းမြင်ရဖို့က အတော်လေးခိုင်မာနေတဲ့သတင်းတစ်ခုပါပဲ။ အင်တာနက်နည်းပညာအသစ်ကို ထည့်သွင်းထားတဲ့ ပထမဆုံးသောတက်ဘလက်လည်း ဖြစ်လာနိုင်ပါတယ်။
Samsung ဟာ သူ့ရဲ့စမတ်ဖုန်းတွေမှာ 5G ကို မိတ်ဆက်ခဲ့ပြီးပါပြီ။ အခုတော့ တက်ဘလက်မှာလည်း မိတ်ဆက်တော့မယ်ဆိုတော့ ဝမ်းသာစရာသတင်းတစ်ခုပဲ မဟုတ်လား။
ပထမဆုံးအနေနဲ့ ပြည်တွင်းဈေးကွက်ဖြစ်တဲ့ ကိုရီးယားကို အရင်သိမ်းပိုက်မယ်လို့ ခန့်မှန်းမိပါတယ်။ ကိုရီးယားမှာပဲဖြန့်ပြီး အခြားဈေးကွက်တွေမှာမဖြန့်ဘူးဆိုတာက ရှားပါးဖြစ်စဉ်မို့ ကျွန်တော်တို့ဝယ်ယူရရှိနိုင်ဖို့က လအနည်းငယ်တော့ စောင့်ရပါလိမ့်မယ်။
CES 2020 မှာတော့ Galaxy Tab S6 5G လေးကို မြင်ရနိုင်ပါတယ်။ Galaxy S11 series ကလည်း လူပြောများနေတဲ့ စမတ်ဖုန်းစီးရီးအဖြစ်နဲ့ နေရာယူနေပြန်ပါတယ်။
[Zawgyi]
Ref : techradar
Leave a Reply
This site uses Akismet to reduce spam. Learn how your comment data is processed.