Sony Xperia ဖုန်းအသစ်မှာ 21:9 အချိုးနဲ့ punch-hole မျက်နှာပြင်ကို မြင်တွေ့ရနိုင်

0
694

[Unicode]

လွန်ခဲ့တဲ့နှစ်တွေတည်းက စမတ်ဖုန်းထုတ်လုပ်သူတွေဟာ မျက်နှာပြင်နေရာပိုကျယ်အောင်ဆိုပြီး notch တွေကို စမ်းသပ်ထုတ်လုပ်ခဲ့ကြပါတယ်။ Sony ကလည်း အလားတူနည်းပညာကို လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမယ့် အနာဂတ်Sony ဖုန်းတွေကတော့ အပြောင်းအလဲတစ်ခုကို ဖန်တီးတော့မှာပါ။
သူတို့တင်ထားတဲ့ patent ဖိုင်အသစ်တစ်ခုကို LetsGoDigital က တွေ့ရှိခဲ့တာဖြစ်ပြီး အဲဒါလေးကတော့ punch-hole camera ဒါမှမဟုတ် မျက်နှာပြင်ရဲ့ အလယ်ခေါင်ထိပ်ပိုင်းမှာ notch လေးနဲ့ပုံဖြစ်ပါတယ်။
Patent ပုံလေးအရ ဖုန်းရဲ့ user interface တပိုင်းကိုပြသနေပါတယ်။ ဒါပေမယ့်လည်း ဖုန်းရဲ့ထိပ်ပိုင်းဘောင်တွေကိုကြည့်လိုက်တဲ့အခါမှာ ဆယ်လ်ဖီကင်မရာထည့်လို့ နေရာမလောက်တာကို သတိထားမိခဲ့ပါတယ်။
user interface ရဲ့ အစိတ်အပိုင်းတွေဟာ မျက်နှာပြင်ရဲ့ ဘယ်ဘက်ထိပ်ပိုင်းနဲ့ ညာဘက်ထိပ်ပိုင်းတွေမှာ မြင်သာနေတာမို့ အလယ်ခေါင်မှာ punch-hole camera ထည့်ထားတယ်လို့ တွေးလိုက်မိတယ်။
software ကို ပြသထားတာဖြစ်တဲ့အတွက်ကြောင့်မို့ ဖုန်းရဲ့ထိပ်ပိုင်းဘောင်တွေကို ထည့်မတွက်တာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဖုန်းရဲ့အောက်ပိုင်းမှာတော့ ဘောင်တွေမြင်နေရတဲ့အတွက်ကြောင့် ဒါဟာသူတို့လုပ်ဆောင်နေတဲ့ ဒီဇိုင်းအစစ်ဖြစ်တယ်လို့ ကောက်ချက်ဆွဲနိုင်ပါတယ်။
Sony ဟာ 21:9 aspect ratio ကို သူ့ရဲ့ မကြာသေးခင်က flagship တွေမှာ ထည့်သွင်းခဲ့ပြီးတော့ ဆယ်လ်ဖီကင်မရာကိုလည်း မျက်နှာပြင်ထဲကို ထည့်သွင်းလိုက်ခြင်းအားဖြင့် ဖုန်းရဲ့အရွယ်အစားကို မကြီးရအောင် ဖန်တီးခဲ့ပါတယ်။
အရင်တုန်းက Sony ဟာ ဆယ်လ်ဖီကင်မရာနဲ့ပတ်သတ်လာရင် နေရာအရမ်းယူတယ်လို့ ဝေဖန်တာကောင်းကောင်းခံနေရသူတစ်ယောက်ပါ။ ဒါက content တွေကြည့်တဲ့အခါ အတော်လေးရုပ်ဆိုးပါတယ်။ ဒါကို အခုတော့ ပြင်ဆင်လိုက်ပြီမို့ ကောင်းမွန်တဲ့ရသကိုခံစားရမှာပါ။
Sony Xperia 2 ဒါမှမဟုတ် Sony Xperia 3 အကြောင်းလည်း သတင်းတွေထွက်နေပါပြီ။ ဒီဖုန်းအသစ်လေးကို MWC 2020 မှာ မြင်တွေ့ဖို့ မှန်းထားပါတယ်။

[Zawgyi]

လြန္ခဲ့တဲ့ႏွစ္ေတြတည္းက စမတ္ဖုန္းထုတ္လုပ္သူေတြဟာ မ်က္ႏွာျပင္ေနရာပိုက်ယ္ေအာင္ဆိုျပီး notch ေတြကို စမ္းသပ္ထုတ္လုပ္ခဲ့ၾကပါတယ္။ Sony ကလည္း အလားတူနည္းပညာကို လုပ္ေဆာင္ခဲ့ပါတယ္။ ဒါေပမယ့္ အနာဂတ္Sony ဖုန္းေတြကေတာ့ အေျပာင္းအလဲတစ္ခုကို ဖန္တီးေတာ့မွာပါ။
သူတို႕တင္ထားတဲ့ patent ဖုိင္အသစ္တစ္ခုကို LetsGoDigital က ေတြ႕ရွိခဲ့တာျဖစ္ျပီး အဲဒါေလးကေတာ့ punch-hole camera ဒါမွမဟုတ္ မ်က္ႏွာျပင္ရဲ႕ အလယ္ေခါင္ထိပ္ပုိင္းမွာ notch ေလးနဲ႕ပံုျဖစ္ပါတယ္။
Patent ပံုေလးအရ ဖုန္းရဲ႕ user interface တပိုင္းကိုျပသေနပါတယ္။ ဒါေပမယ့္လည္း ဖုန္းရဲ႕ထိပ္ပိုင္းေဘာင္ေတြကိုၾကည့္လိုက္တဲ့အခါမွာ ဆယ္လ္ဖီကင္မရာထည့္လို႕ ေနရာမေလာက္တာကို သတိထားမိခဲ့ပါတယ္။
user interface ရဲ႕ အစိတ္အပိုင္းေတြဟာ မ်က္ႏွာျပင္ရဲ႕ ဘယ္ဘက္ထိပ္ပုိင္းနဲ႕ ညာဘက္ထိပ္ပိုင္းေတြမွာ ျမင္သာေနတာမို႕ အလယ္ေခါင္မွာ punch-hole camera ထည့္ထားတယ္လို႕ ေတြးလိုက္မိတယ္။
software ကို ျပသထားတာျဖစ္တဲ့အတြက္ေၾကာင့္မို႕ ဖုန္းရဲ႕ထိပ္ပိုင္းေဘာင္ေတြကို ထည့္မတြက္တာမ်ိဳးလည္း ျဖစ္ေကာင္းျဖစ္ႏုိင္ပါတယ္။ ဒါေပမယ့္ ဖုန္းရဲ႕ေအာက္ပိုင္းမွာေတာ့ ေဘာင္ေတြျမင္ေနရတဲ့အတြက္ေၾကာင့္ ဒါဟာသူတို႕လုပ္ေဆာင္ေနတဲ့ ဒီဇုိင္းအစစ္ျဖစ္တယ္လို႕ ေကာက္ခ်က္ဆြဲႏုိင္ပါတယ္။
Sony ဟာ 21:9 aspect ratio ကို သူ႕ရဲ႕ မၾကာေသးခင္က flagship ေတြမွာ ထည့္သြင္းခဲ့ျပီးေတာ့ ဆယ္လ္ဖီကင္မရာကိုလည္း မ်က္ႏွာျပင္ထဲကို ထည့္သြင္းလိုက္ျခင္းအားျဖင့္္ ဖုန္းရဲ႕အရြယ္အစားကို မၾကီးရေအာင္ ဖန္တီးခဲ့ပါတယ္။
အရင္တုန္းက Sony ဟာ ဆယ္လ္ဖီကင္မရာနဲ႕ပတ္သတ္လာရင္ ေနရာအရမ္းယူတယ္လို႕ ေ၀ဖန္တာေကာင္းေကာင္းခံေနရသူတစ္ေယာက္ပါ။ ဒါက content ေတြၾကည့္တဲ့အခါ အေတာ္ေလးရုပ္ဆိုးပါတယ္။ ဒါကို အခုေတာ့ ျပင္ဆင္လုိက္ျပီမို႕ ေကာင္းမြန္တဲ့ရသကိုခံစားရမွာပါ။
Sony Xperia 2 ဒါမွမဟုတ္ Sony Xperia 3 အေၾကာင္းလည္း သတင္းေတြထြက္ေနပါျပီ။ ဒီဖုန္းအသစ္ေလးကို MWC 2020 မွာ ျမင္ေတြ႕ဖုိ႕ မွန္းထားပါတယ္။

Ref : techradar

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.