Samsung Galaxy S10 Lite ရဲ့ အသေးစိတ်အချက်အလက်များ ပေါက်ကြားမှု

0
609

[Unicode]

ဥရောပမိတ်ဆက်ပွဲကို မကြာခင်မှာ မြင်တွေ့ရနိုင်ပါတယ်။
Galaxy S10 Lite ရဲ့ အသေးစိတ်အချက်အလက်တွေဟာ ဥရောပမိတ်ဆက်ပွဲမတိုင်ခင်မှာ ပေါက်ကြားခဲ့ပါတယ်။ WinFuture.de က အသေးစိတ်အချက်အလက်တွေကို တင်ပေးခဲ့တာဖြစ်ပါတယ်။ အချက်အလက်တွေဟာ အရင်ကြားထားတဲ့ ကောလာဟလတွေနဲ့ FCC ဖိုင်မှတ်တမ်းတွေအရ ကိုက်ညီနေပါတယ်။
အချက်အလက်တွေအရဆိုရင် ၆.၇လက်မရှိတဲ့ Infinity-O hole-punch display ၊ 2400 x 1080 pixels ၊ 20:9 aspect ratio ၊ Snapdragon 855 chipset ၊ 8GB RAM ၊ 128GB storage အပြင် microSD slot လည်းပါဝင်ပါတယ်။ “tilt-OIS” လို့အမည်ပေးထားတဲ့ optical image stabilization ပါဝင်မယ့် 48 megapixel (f/2.0) main camera ၊ 12 megapixel (f/2.2) ultra-wide ၊ 5 megapixel (f/2.4) macro တို့ကို အချိုးကျကျပေါင်းစပ်ထားပါတယ်။ အရှေ့ဘက်မှာတော့ 32 megapixel (f/2.2) ကို ထည့်သွင်းထားပါတယ်။ 8.1-mm အထူရှိပြီး အတွင်းမှာတော့ 4,500mAh ဘတ်ထရီကို 45W အားအမြန်သွင်းစနစ်ထောက်ပံ့မှုနဲ့အတူ တွဲဖက်ထုတ်လုပ်ပေးထားပါတယ်။
S10 Lite ကို ဥရောပမှာ မကြာခင်ရတော့မှာပါ။ ဈေးနှုန်းကတော့ ယူရို၆၈၀ ဖြစ်ပါတယ်။ WinFuture ရဲ့ပြောကြားချက်အရ အရောင်တွေအနေနဲ့ အဖြူ၊ အနက်၊ အပြာတွေလို့ သိထားပါတယ်။ Galaxy S11 series ကို ဖေဖော်ဝါရီမှာပြသဦးမယ်ဆိုတော့ စောင့်ကြည့်ရဦးမှာပေါ့။

[Zawgyi]


Ref: theverge

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.