OnePlus Red Cable Club rewards program အကြောင်းသိကောင်းစရာ

0
632

[Unicode]

OnePlus က အိန္ဒိယသုံးစွဲသူတွေအတွက် exclusive rewards program လေးကို မိတ်ဆက်လိုက်ပါတယ်။ နာမည်လေးကတော့ OnePlus Red Cable Club လို့ အမည်ပေးထားပါတယ်။ ပါဝင်တဲ့ဟာတွေက OnePlus Care, free 50GB cloud storage နဲ့ The Red Cable Jackpot ခံစားခွင့်တို့ ဖြစ်ပါတယ်။
Program အသစ်လေးရဲ့နာမည်ကတော့ OnePlus ရဲ့ ထူးခြားလှတဲ့ အနီရောင်အားသွင်းကြိုးတွေကြောင့် ဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်။
OnePlus နဲ့အတူလျှောက်လှမ်းလာခဲ့တာဟာ နှစ်ပေါင်းများစွာတိုင်ခဲ့ပါပြီ။ ကျွန်တော်တို့ဟာ ခြောက်နှစ်တာသက်တမ်းကိုအောင်မြင်စွာ ဖြတ်သန်းနိုင်ခဲ့သလို OnePlus Red Cable Club လေးဟာလည်း အိန္ဒိယမှာရှိတဲ့ OnePlus သုံးစွဲသူပေါင်း ၅သန်းကို ဂုဏ်ပြုကျေးဇူးတင်ကြောင်းပြသတဲ့အနေနဲ့ လုပ်ဆောင်ခြင်းဖြစ်တယ်လို့ OnePlus CEO Pete Lau က အီးမေးလ်မှာ ဖော်ပြထားပါတယ်။
OnePlus Red Cable Club ရဲ့ အကျိုးကျေးဇူးများ
ပြောခဲ့သလိုပဲ OnePlus Red Cable Club ဆိုတာကတော့ အိန္ဒိယမှာရှိတဲ့ OnePlus စမတ်ဖုန်းသုံးစွဲသူတွေကို ဆုချတာပါ။ OnePlus သုံးစွဲသူတွေဟာ club မှာ စာရင်းသွင်းထားတယ်ဆိုရင် all OnePlus Care ကို တစ်နှစ်အခမဲ့ရနိုင်မှာပါ။ OnePlus 6T, 7 နဲ့ 7T series အတွက် one year extended warranty ရမှာဖြစ်ပါတယ်။ OnePlus 3, 3T, 5, 5T နဲ့ 6 series သမားတွေကတော့ ဘတ်ထရီလဲလှယ်မှုအတွက် 50% off မှာပါ။ OnePlus စမတ်ဖုန်းသုံးစွဲသူတိုင်းဟာ first generation ကနေ 7T အထိ ဘယ်ဖုန်းကိုင်ထားပါစေ upgrade offer တွေ ခံစားခွင့်ရှိပါတယ်။
အပေါ်မှာပြထားတဲ့ခံစားခွင့်တွေဟာ IMEI တစ်ခုအတွက်သာ ဖြစ်ပါတယ်။
OnePlus Care အပြင် Red Cable Club မန်ဘာတွေဟာ Red Cable Club Jackpot ကံစမ်းခွင့်ရှိပါတယ်။ အနိုင်ရသူတွေဟာ ဒေါ်လာ ၁၄၀၀ နဲ့ OnePlus Bullets Wireless 2 earphones ဝယ်ယူရင် 50% discount စတာတွေလည်း ရနိုင်ပါတယ်။ jackpot ကိုတော့ ၂၀၁၉ ဒီဇင်ဘာ ၃၁အထိ ရနိုင်မှာပါ။
Red Cable Club မန်ဘာဖြစ်ပြီဆိုရင်တော့ Settings > Account > Community > Profile ထဲကိုသွားပြီးတော့ Red Cable Club Jackpot ကို တစ်ရက်တစ်ခါ ကံစမ်းနိုင်ပါတယ်။
နောက်ဆုံးတစ်ခုကတော့ OnePlus Red Cable Club မန်ဘာတိုင်းဟာ 50GB free cloud storage ကို တစ်နှစ်တာ ခံစားခွင့်ရပါတယ်။
OnePlus Red Cable Club မန်ဘာ ဘယ်လိုဖြစ်မလဲ
အိန္ဒိယမှာရှိတဲ့ OnePlus သုံးစွဲသူတွေဟာ Red Cable Club ကို ဖုန်းရဲ့ settings ကနေ ဝင်ရောက်နိုင်ပါတယ်။ free membership လေးက lifetime ရှိနေမှာပါ။
Android 10 သုံးနေတာဆိုရင် Settings > System > System update ကိုသွားပြီးတော့ နောက်ဆုံးဗားရှင်း မြှင့်လိုက်ပါ။ ပြီးရင်တော့ Settings ထဲကိုသွား၊ OnePlus Account ဝင်လိုက်ပါ။ ချိတ်ဆက်ပြီးတာနဲ့ အလိုအလျောက် Red Cable Club membership အတွက် စာရင်းသွင်းပြီးသားပါ။
Android ဗားရှင်းအဟောင်းတွေကတော့ Google Play Store ကနေ OnePlus Community app ဒေါင်းရမှာပါ။ Community > Profile > Red Cable Club ကို သွားလိုက်တာနဲ့ မန်ဘာဖြစ်ပါပြီ။
OnePlus 1/2/X သုံးနေတယ်ဆိုရင်တော့ OnePlus Care ဒေါင်းပြီး ဖုန်းကို အတည်ပြုပေးရမှာပါ။
OnePlus Care ကို အရင်တည်းက လုပ်ထားပြီးသားဆိုရင်
OnePlus Care Program အောက်မှာ ယူထားပြီးသားဆိုရင်တော့ Red Club ခံစားခွင့်ရှိမှာ မဟုတ်ပါဘူး။

[Zawgyi]


Ref : androidauthority

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.