OnePlus 8 ဖုန်းအသစ်သုံးလုံးအကြောင်း အသေးစိတ်အချက်အလက်များ ပေါက်ကြား

0
1025

[Unicode]

2020 အတွက် စောင့်စားနေကြတဲ့ဖုန်းတွေထဲမှာ OnePlus 8 လည်း ပါဝင်နေပါတယ်။ Pro မော်ဒယ်လ်နဲ့အတူ တပါတည်းကြေငြာမှာပါ။ ပြီးတော့ ပထမဆုံးအကြိမ်အဖြစ်နဲ့ ‘Lite’ လေးကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒီဖုန်းလေးတွေအကြောင်း သို့လောသို့လော ဖြစ်နေရတာ နိဂုံးချုပ်ပါပြီ။ အဲဒီဖုန်းသုံးလုံးစလုံးကို အကြောင်းစုံပြောပြပေးမှာမို့ ဆက်လက်လိုက်ရအောင်။
Weibo ဆိုတဲ့ တရုတ်လူမှုကွန်ရက်ပေါ်မှာ ပေါက်ကြားမှုလေးကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ သုံးစွဲသူတစ်ယောက်က အသေးစိတ်အချက်အလက်စာရင်းကို တင်ခဲ့တာဖြစ်ပါတယ်။ ဒီအချက်အလက်တွေကို ဘယ်ကနေရရှိသလဲဆိုတာကိုတော့ မပြောထားပါဘူး။ ထားလိုက်ပါ။
အသေးစိတ်အချက်အလက်စာရင်းဆိုတော့ ဒီဇိုင်းပိုင်းက ကျန်နေပါတယ်။ OnePlus 8 Pro ဟာ 7 Pro လို့ pop-up camera နဲ့လာမလား။ နောက်ထပ်တစ်မျိုးလုပ်မလား မပြောနိုင်သေးပါဘူး။
ဖုန်းမှာ အရှေ့ကင်မရာနှစ်လုံးလောက်ပါမယ်ဆိုတော့ pop-up မှာလည်း နှစ်လုံးထည့်ကြတာပဲလေ။
သုံးလုံးတောင် ပြောရမှာဆိုတော့ တစ်လုံးချင်းစီပဲပြောလိုက်ရအောင်။
OnePlus 8 Pro


အကြီးဆုံးက စလိုက်တာပေါ့။ ၆.၇လက်မ Super AMOLED screen သုံးထားသလို resolution ကလည်း 3180 x 1440 ကြီးများတောင်။ refresh rate of 120Hz ရနိုင်မှာပါ။ OnePlus 7T Pro က 90Hz ဆိုတော့ ကျော်တက်သွားပြီ။
ကင်မရာပိုင်းမှာတော့ 60MP, 16MP နဲ့ 13MP တို့ဖြစ်ပြီးတော့ နောက်နှစ်လုံးက telephoto နဲ့ ultra-wide angle ဖြစ်မယ်ထင်ပါတယ်။
အရှေ့ဘက်မှာကတော့ 32MP ကင်မရာနဲ့ Time-of-Flight (ToF) sensor ပါဝင်ပါတယ်။ ToF ကတော့ ဆယ်လ်ဖီအတွက် နောက်ခံဝါးပေးတာပါပဲ။ ကင်မရာက pop-up လား ၊ ဘယ်လိုဒီဇိုင်းလဲဆိုတာတော့ မသိရသေးပါဘူး။
ဘတ်ထရီပိုင်းမှာလည်း 4,500mAh ထည့်သွင်းပေးထားပါတယ်။ chipset ကတော့ Snapdragon 865 ဆိုတော့ မျှော်လင့်ထားသလိုပါပဲ။ 5G ဖြစ်မယ်ဆိုရင်တော့ နည်းနည်းအံ့သြသွားမယ်ထင်တယ်။
OnePlus 8


၆.၄၄လက်မဖြစ်ပြီး AMOLED panel သုံးထားပါတယ်။ resolution ကတော့ 2400 x 1080 ၊ refresh rate 90Hz နဲ့ မြင်တွေ့ရမှာပါ။
ကင်မရာကတော့ Pro အတိုင်း 60MP, 16MP နဲ့ 12MP သုံးပေးထားပါတယ်။ အရှေ့မှာကတော့ 32MP ရှိပြီး ToF sensor တော့ မပါလောက်ဘူးထင်ပါတယ်။
ဘတ်ထရီက 4,000mAh ဖြစ်ပြီး Snapdragon 865 သုံးထားသလို 5G ရမှာပါ။
OnePlus 8 Lite


OnePlus အတွက် အသစ်ဝင်ရောက်လာတယ်လို့တောင် ပြောနိုင်ပါတယ်။ OnePlus 8 Lite ကတော့ ၆.၄လက်မ ၊ AMOLED panel ၊ 2400 x 1080 resolution တို့ကို သုံးထားပါတယ်။
ကင်မရာအရဆိုရင်လည်း 48MP main sensor ၊ 16MP နဲ့ 12MP snappers တို့သုံးပေးထားပါတယ်။ Lite ကတော့ 60MP ကင်မရာမပါပါဘူး။ ဒါကိုလည်း စိတ်ပျက်ကြမယ်လို့ မထင်မိပါဘူး။ အရှေ့ဘက်မှာတော့ 16MP ထည့်သွင်းထားပါတယ်။
ဘတ်ထရီကတော့ 4,000mAh ဖြစ်ပြီး Snapdragon 865 တော့ မထည့်ထားပါဘူး။ သူ့အစား MediaTek 1000 သုံးထားပါတယ်။
ဒီစမတ်ဖုန်းတွေအကြောင်းကို တရားဝင်ကြားဖို့အတွက်ကတော့ MWC 2020 ပြီးမှ ဖြစ်လောက်ပါတယ်။ ဒီကြားထဲတော့ သတင်းတွေနားစွင့်ရုံသာ တတ်နိုင်မှာပါ။

[Zawgyi]

2020 အတြက္ ေစာင့္စားေနၾကတဲ့ဖုန္းေတြထဲမွာ OnePlus 8 လည္း ပါ၀င္ေနပါတယ္။ Pro ေမာ္ဒယ္လ္နဲ႕အတူ တပါတည္းေၾကျငာမွာပါ။ ျပီးေတာ့ ပထမဆံုးအၾကိမ္အျဖစ္နဲ႕ ‘Lite’ ေလးကိုလည္း ျမင္ေတြ႕ရမွာျဖစ္ပါတယ္။ ဒီဖုန္းေလးေတြအေၾကာင္း သို႕ေလာသို႕ေလာ ျဖစ္ေနရတာ နိဂံုးခ်ဳပ္ပါျပီ။ အဲဒီဖုန္းသံုးလံုးစလံုးကို အေၾကာင္းစံုေျပာျပေပးမွာမုိ႕ ဆက္လက္လိုက္ရေအာင္။
Weibo ဆိုတဲ့ တရုတ္လူမႈကြန္ရက္ေပၚမွာ ေပါက္ၾကားမႈေလးကို ျမင္ေတြ႕ခဲ့ရတာျဖစ္ပါတယ္။ သံုးစြဲသူတစ္ေယာက္က အေသးစိတ္အခ်က္အလက္စာရင္းကို တင္ခဲ့တာျဖစ္ပါတယ္။ ဒီအခ်က္အလက္ေတြကို ဘယ္ကေနရရွိသလဲဆိုတာကိုေတာ့ မေျပာထားပါဘူး။ ထားလိုက္ပါ။
အေသးစိတ္အခ်က္အလက္စာရင္းဆိုေတာ့ ဒီဇုိင္းပိုင္းက က်န္ေနပါတယ္။ OnePlus 8 Pro ဟာ 7 Pro လို႕ pop-up camera နဲ႕လာမလား။ ေနာက္ထပ္တစ္မ်ိဳးလုပ္မလား မေျပာႏုိင္ေသးပါဘူး။
ဖုန္းမွာ အေရွ႕ကင္မရာႏွစ္လံုးေလာက္ပါမယ္ဆိုေတာ့ pop-up မွာလည္း ႏွစ္လံုးထည့္ၾကတာပဲေလ။
သံုးလံုးေတာင္ ေျပာရမွာဆိုေတာ့ တစ္လံုးခ်င္းစီပဲေျပာလိုက္ရေအာင္။
OnePlus 8 Pro


အၾကီးဆံုးက စလိုက္တာေပါ့။ ၆.၇လက္မ Super AMOLED screen သံုးထားသလို resolution ကလည္း 3180 x 1440 ၾကီးမ်ားေတာင္။ refresh rate of 120Hz ရႏုိင္မွာပါ။ OnePlus 7T Pro က 90Hz ဆိုေတာ့ ေက်ာ္တက္သြားျပီ။
ကင္မရာပုိင္းမွာေတာ့ 60MP, 16MP နဲ႕ 13MP တို႕ျဖစ္ျပီးေတာ့ ေနာက္ႏွစ္လံုးက telephoto နဲ႕ ultra-wide angle ျဖစ္မယ္ထင္ပါတယ္။
အေရွ႕ဘက္မွာကေတာ့ 32MP ကင္မရာနဲ႕ Time-of-Flight (ToF) sensor ပါ၀င္ပါတယ္။ ToF ကေတာ့ ဆယ္လ္ဖီအတြက္ ေနာက္ခံ၀ါးေပးတာပါပဲ။ ကင္မရာက pop-up လား ၊ ဘယ္လိုဒီဇုိင္းလဲဆိုတာေတာ့ မသိရေသးပါဘူး။
ဘတ္ထရီပိုင္းမွာလည္း 4,500mAh ထည့္သြင္းေပးထားပါတယ္။ chipset ကေတာ့ Snapdragon 865 ဆိုေတာ့ ေမွ်ာ္လင့္ထားသလိုပါပဲ။ 5G ျဖစ္မယ္ဆိုရင္ေတာ့ နည္းနည္းအံ့ၾသသြားမယ္ထင္တယ္။
OnePlus 8


၆.၄၄လက္မျဖစ္ျပီး AMOLED panel သံုးထားပါတယ္။ resolution ကေတာ့ 2400 x 1080 ၊ refresh rate 90Hz နဲ႕ ျမင္ေတြ႕ရမွာပါ။
ကင္မရာကေတာ့ Pro အတုိင္း 60MP, 16MP နဲ႕ 12MP သံုးေပးထားပါတယ္။ အေရွ႕မွာကေတာ့ 32MP ရွိျပီး ToF sensor ေတာ့ မပါေလာက္ဘူးထင္ပါတယ္။
ဘတ္ထရီက 4,000mAh ျဖစ္ျပီး Snapdragon 865 သံုးထားသလို 5G ရမွာပါ။
OnePlus 8 Lite


OnePlus အတြက္ အသစ္၀င္ေရာက္လာတယ္လို႕ေတာင္ ေျပာႏုိင္ပါတယ္။ OnePlus 8 Lite ကေတာ့ ၆.၄လက္မ ၊ AMOLED panel ၊ 2400 x 1080 resolution တို႕ကို သံုးထားပါတယ္။
ကင္မရာအရဆုိရင္လည္း 48MP main sensor ၊ 16MP နဲ႕ 12MP snappers တို႕သံုးေပးထားပါတယ္။ Lite ကေတာ့ 60MP ကင္မရာမပါပါဘူး။ ဒါကိုလည္း စိတ္ပ်က္ၾကမယ္လို႕ မထင္မိပါဘူး။ အေရွ႕ဘက္မွာေတာ့ 16MP ထည့္သြင္းထားပါတယ္။
ဘတ္ထရီကေတာ့ 4,000mAh ျဖစ္ျပီး Snapdragon 865 ေတာ့ မထည့္ထားပါဘူး။ သူ႕အစား MediaTek 1000 သံုးထားပါတယ္။
ဒီစမတ္ဖုန္းေတြအေၾကာင္းကို တရား၀င္ၾကားဖို႕အတြက္ကေတာ့ MWC 2020 ျပီးမွ ျဖစ္ေလာက္ပါတယ္။ ဒီၾကားထဲေတာ့ သတင္းေတြနားစြင့္ရံုသာ တတ္ႏုိင္မွာပါ။

Ref : techradar

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.