web app တွေထဲက offline ရှာနိုင်တဲ့ဖိုင်တွေကို ရှာလို့ရတော့မယ့် Chrome beta

0
477

[Unicode]

ခေတ်မီလာတဲ့ web app တွေကတော့ ဗွီဒီယိုတွေနဲ့ အခြားဖိုင်တွေကို offline ရနိုင်ပါတယ်။ ဒါပေမယ့်လည်း အဲဒီလိုမီဒီယာတွေကိုရှာရရခြင်းကလည်း မလွယ်လှပါဘူး။ ဝက်ဘ်ဆိုက်တွေက အလွယ်တကူရှာလို့ရအောင် ဖန်တီးမပေးထားရင်ပေါ့။ ဒါပေမယ့် အသေးအဖွဲလေးပါ။ Google က Chrome 80 beta ကို ထုတ်ပေးလိုက်ပြီလေ။ အဲဒီအထဲမှာ Content Indexing framework ပါဝင်နေပြီး offline ရနိုင်တဲ့ conent လေးတွေကို စာရင်းလုပ်ပေးထားမှာပါ။ ဒါကြောင့် page တွေကိုဝင်နေစရာမလိုဘဲ လိုအပ်တဲ့ ဓါတ်ပုံတွေ၊ အစီရင်ခံစာတွေကို ရှာဖွေနိုင်မှာဖြစ်ပါတယ်။ လက်ရှိမှာ လုပ်ဆောင်နေဆဲဖြစ်ပေမယ့်လည်း လုပ်နေပြီဆိုတာသိရတော့ စိတ်ချမ်းသာရတာပေါ့။
Chrome မှာ FTP download သုံးနေခြင်းကို ထည့်မတွက်ပါဘူး။ Google က file transfer method ကို ကန့်ကွက်ထားပါတယ်။ မကြာခင်မှာ default အားဖြင့် ပိတ်ထားတော့မှာပါ။ FTP ဟာ Chrome 82 မှာ လုံးဝကို အလုပ်မလုပ်တော့ပါဘူး။ FTP မရှိတော့ပေမယ့်လည်း ဝမ်းနည်းနေစရာတော့ မလိုပါဘူး။ အဆင်ပြေအောင် ဖန်တီးပေးထားတာပဲမဟုတ်လား။
Chrome 80 beta ဟာ Android, Chrome OS, Linux, macOS နဲ့ Windows မှာ ရနေပါပြီ။ အပြီးသတ်ဗားရှင်းကတော့ လာမယ့်အပတ်တွေထဲမှာဖြစ်ဖို့ မျှော်လင့်ရပါတယ်။

[Zawgyi]


Ref : engadget

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.