toolbar ခလုတ်ကနေ မီဒီယာတွေကို ထိန်းချုပ်နိုင်တော့မယ့် Chrome

0
543
ANKARA, TURKEY - SEPTEMBER 02: Logos of Google Chrome are seen on the screens of smart phone and laptop in Ankara, Turkey on September 02, 2018. (Photo by Gokhan Balci/Anadolu Agency/Getty Images)

[Unicode]

ဒီနေ့ခေတ်ရဲ့ web browsing မှာ စိတ်ရှုပ်ရတာတစ်ခုကတော့ ဗွီဒီယို၊ သီချင်းဖွင့်ထားတာ ဘယ် tab လဲဆိုတာ မေ့သွားခြင်းပါပဲ။ မေးလ်ဖတ်ဖို့အာရုံစိုက်တာဖြစ်ဖြစ်၊ ဖုန်းဖြေဖို့လုပ်တာပဲဖြစ်ဖြစ် အဲဒီမီဒီယာလေးကို ပိတ်ဖို့အတွက် လိုက်ရှာရပြန်ပါတယ်။ အခုနောက်ဆုံးထွက်ထားတဲ့ Chrome update မှာတော့ ဒီကိစ္စလေးကိုဖြေရှင်းပေးထားပါတယ်။ browser မှာပွင့်နေတဲ့ မီဒီယာတွေအားလုံးကို တစ်နေရာတည်းမှာစုထားတဲ့ ခလုတ်အသစ်လေးတစ်ခုပါဝင်လာပါပြီ။ တစ်ခုချင်းစီတိုင်းအတွက်လည်း play, pause နဲ့ skip ခလုတ်တွေပါဝင်နေပါတယ်။


Toolbar ပေါ်မှာ မျဉ်းသုံးကြောင်းနဲ့ခလုတ်လေးရယ်၊ music note လေးတစ်ခုရယ်ကို မြင်တွေ့နိုင်ပါတယ်။ နှိပ်ကြည့်လိုက်မယ်ဆိုရင်တော့ မီဒီယာလေးတွေအားလုံးကို စာရင်းလေးနဲ့ တွေ့မြင်ရမှာပါ။ YouTube ဗွီဒီယိုတွေအတွက် ထိန်းချုပ်မှုတွေကိုလည်း preview image နဲ့ ပြထားတာဖြစ်လို့ ရပ်နေလား ၊ ပွင့်နေလား တစ်ချက်ကြည့်တာနဲ့ သိစေမှာပါ။ ဘာမှမထိန်းချုပ်ချင်သေးဘူးဆိုရင်တော့ X ခလုတ်လေးကိုနှိပ်လိုက်ရင် ပျောက်သွားမှာပါ။ feature အသစ်လေးကတော့ Android ရဲ့ notification shade မှာပါတဲ့ play control နဲ့ ဆင်ပါတယ်။ ပြီးတော့ Chrome OS notification center ထဲကဟာလိုမျိုးပေါ့။
ဒီ feature ကို Chromium test build တွေမှာ ရခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း Chrome version 79 မှာမှ ထည့်သွင်းပေးလိုက်တာပါ။ feature လေးကို လူတိုင်းတော့ မရနိုင်သေးပါဘူး။ ဒီတော့ ထုတ်ပေးနေတာကို ပြီးသွားတဲ့အချိန်အထိတော့ စောင့်ပေးရပါလိမ့်မယ်။

[Zawgyi]

ဒီေန႕ေခတ္ရဲ႕ web browsing မွာ စိတ္ရွဳပ္ရတာတစ္ခုကေတာ့ ဗြီဒီယို၊ သီခ်င္းဖြင့္ထားတာ ဘယ္ tab လဲဆိုတာ ေမ့သြားျခင္းပါပဲ။ ေမးလ္ဖတ္ဖို႕အာရံုစုိက္တာျဖစ္ျဖစ္၊ ဖုန္းေျဖဖို႕လုပ္တာပဲျဖစ္ျဖစ္ အဲဒီမီဒီယာေလးကို ပိတ္ဖို႕အတြက္ လိုက္ရွာရျပန္ပါတယ္။ အခုေနာက္ဆံုးထြက္ထားတဲ့ Chrome update မွာေတာ့ ဒီကိစၥေလးကိုေျဖရွင္းေပးထားပါတယ္။ browser မွာပြင့္ေနတဲ့ မီဒီယာေတြအားလံုးကို တစ္ေနရာတည္းမွာစုထားတဲ့ ခလုတ္အသစ္ေလးတစ္ခုပါ၀င္လာပါျပီ။ တစ္ခုခ်င္းစီတုိင္းအတြက္လည္း play, pause နဲ႕ skip ခလုတ္ေတြပါ၀င္ေနပါတယ္။


Toolbar ေပၚမွာ မ်ဥ္းသံုးေၾကာင္းနဲ႕ခလုတ္ေလးရယ္၊ music note ေလးတစ္ခုရယ္ကို ျမင္ေတြ႕ႏုိင္ပါတယ္။ ႏွိပ္ၾကည့္လိုက္မယ္ဆိုရင္ေတာ့ မီဒီယာေလးေတြအားလံုးကို စာရင္းေလးနဲ႕ ေတြ႕ျမင္ရမွာပါ။ YouTube ဗြီဒီယိုေတြအတြက္ ထိန္းခ်ဳပ္မႈေတြကိုလည္း preview image နဲ႕ ျပထားတာျဖစ္လို႕ ရပ္ေနလား ၊ ပြင့္ေနလား တစ္ခ်က္ၾကည့္တာနဲ႕ သိေစမွာပါ။ ဘာမွမထိန္းခ်ဳပ္ခ်င္ေသးဘူးဆိုရင္ေတာ့ X ခလုတ္ေလးကိုႏွိပ္လိုက္ရင္ ေပ်ာက္သြားမွာပါ။ feature အသစ္ေလးကေတာ့ Android ရဲ႕ notification shade မွာပါတဲ့ play control နဲ႕ ဆင္ပါတယ္။ ျပီးေတာ့ Chrome OS notification center ထဲကဟာလိုမ်ိဳးေပါ့။
ဒီ feature ကို Chromium test build ေတြမွာ ရခဲ့ဖူးပါတယ္။ ဒါေပမယ့္လည္း Chrome version 79 မွာမွ ထည့္သြင္းေပးလိုက္တာပါ။ feature ေလးကို လူတုိင္းေတာ့ မရႏုိင္ေသးပါဘူး။ ဒီေတာ့ ထုတ္ေပးေနတာကို ျပီးသြားတဲ့အခ်ိန္အထိေတာ့ ေစာင့္ေပးရပါလိမ့္မယ္။

Ref : engadget

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.