Realme 5i ကို စင်္ကာပူရဲ့ IMDA စာရင်းမှာ မြင်တွေ့ရ

0
625

[Unicode]

စင်္ကာပူရဲ့ တယ်လီကွန်းစည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းဖြစ်တဲ့ IMDA (Infocomm Media Development Authority) ဝက်ဘ်ဆိုက်မှာ မကြေညာရသေးတဲ့ Realme စမတ်ဖုန်းအချို့ကို မြင်တွေ့ခဲ့ရပါတယ်။ အဲဒီစမတ်ဖုန်းတွေကတော့ Realme 5i နဲ့ Realme C3 တို့ဖြစ်ပါတယ်။


Realme 5i ကို IMDA ရဲ့ database ထဲမှာ မနေ့က မြင်တွေ့ရတာပါ။ ဒီတော့ ဒါဟာ မကြာခင်မှာ official မြင်တွေ့ရမယ့်ရက်တွေရောက်တော့မယ်လို့ ပြောလိုက်သလိုပါပဲ။ RMX2030 model number လေးရောပါပဲ။
ဒီနေရာမှာ ဖုန်းရဲ့အစိတ်အပိုင်းတွေကို ကြေငြာတာမဟုတ်တဲ့အတွက်ကြောင့် မသိရသေးပါဘူး။ Realme 5, 5s, 5 Pro အကြောင်းတွေကို ကျွန်တော်တို့ ဖော်ပြခဲ့ပြီးပါပြီ။ ဒီတော့ နောက်ထပ် 5 တစ်လုံးထပ်ရောက်ဦးမယ်ဆိုတာ သိလိုက်ရပြန်ပါပြီ။ စောင့်ကြည့်ရဦးမှာပေါ့လေ။


C3 လို့ယူဆရတဲ့ဟာလေးကတော့ မဟုတ်ဘူးလို့ထင်မိပါတယ်။ နည်းနည်းလေးရှာကြည့်လိုက်တော့ IMDA ရဲ့ database ထဲမှာ မေလကတည်းက ရှိနေခဲ့တာကို တွေ့လိုက်ရတယ်။ အဲဒီအချိန်တုန်းက C2 ထွက်ခဲ့ချိန်ပေါ့။ RMX1941 model number ဟာ C2 ရဲ့ ဗားရှင်းတမျိုး ဖြစ်နိုင်ပါတယ်။

[Zawgyi]

စကၤာပူရဲ႕ တယ္လီကြန္းစည္းကမ္းထိန္းသိမ္းေရးလုပ္ငန္းျဖစ္တဲ့ IMDA (Infocomm Media Development Authority) ၀က္ဘ္ဆိုက္မွာ မေၾကညာရေသးတဲ့ Realme စမတ္ဖုန္းအခ်ိဳ႕ကို ျမင္ေတြ႕ခဲ့ရပါတယ္။ အဲဒီစမတ္ဖုန္းေတြကေတာ့ Realme 5i နဲ႕ Realme C3 တို႕ျဖစ္ပါတယ္။


Realme 5i ကို IMDA ရဲ႕ database ထဲမွာ မေန႕က ျမင္ေတြ႕ရတာပါ။ ဒီေတာ့ ဒါဟာ မၾကာခင္မွာ official ျမင္ေတြ႕ရမယ့္ရက္ေတြေရာက္ေတာ့မယ္လို႕ ေျပာလိုက္သလိုပါပဲ။ RMX2030 model number ေလးေရာပါပဲ။
ဒီေနရာမွာ ဖုန္းရဲ႕အစိတ္အပိုင္းေတြကို ေၾကျငာတာမဟုတ္တဲ့အတြက္ေၾကာင့္ မသိရေသးပါဘူး။ Realme 5, 5s, 5 Pro အေၾကာင္းေတြကို ကၽြန္ေတာ္တို႕ ေဖာ္ျပခဲ့ျပီးပါျပီ။ ဒီေတာ့ ေနာက္ထပ္ 5 တစ္လံုးထပ္ေရာက္ဦးမယ္ဆိုတာ သိလိုက္ရျပန္ပါျပီ။ ေစာင့္ၾကည့္ရဦးမွာေပါ့ေလ။


C3 လို႕ယူဆရတဲ့ဟာေလးကေတာ့ မဟုတ္ဘူးလို႕ထင္မိပါတယ္။ နည္းနည္းေလးရွာၾကည့္လုိက္ေတာ့ IMDA ရဲ႕ database ထဲမွာ ေမလကတည္းက ရွိေနခဲ့တာကို ေတြ႕လုိက္ရတယ္။ အဲဒီအခ်ိန္တုန္းက C2 ထြက္ခဲ့ခ်ိန္ေပါ့။ RMX1941 model number ဟာ C2 ရဲ႕ ဗားရွင္းတမ်ိဳး ျဖစ္ႏိုင္ပါတယ္။

Ref : gsmarena

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.