AR Glasses နဲ့ အနာဂတ်လွန် Hardware Concept တွေချပြလိုက်တဲ့ OPPO

0
379

[Unicode]

တရုတ်အခြေစိုက် စမတ်ဖုန်းထုတ်လုပ်သူဖြစ်တဲ့ OPPO ဟာ Qualcomm ရဲ့ နောက်ဆုံးထွက် Snapdragon chip တွေကို သူ့ရဲ့နောက်ဆုံးထွက်စမတ်ဖုန်းတွေမှာ တပ်ဆင်ဖို့အတွက် အဆင်သင့်ဖြစ်နေပါတယ်။ ဒါပေမယ့် Qualcomm လိုပဲ OPPO ဟာ augmented reality wearable ဘက်ကို ပြင်ဆင်နေပါပြီ။
ဒီလမှာ Qualcomm ရဲ့ Snapdragon Tech Summitပွဲကို တက်ရောက်ခဲ့ပြီးတော့ Snapdragon 865 နဲ့ 765G chip တွေကို သူ့ရဲ့နောက်ထွက်မယ့် flagship mobile device တွေမှာ ထည့်သွင်းမယ်လို့ ပြောခဲ့ပါတယ်။ Qualcomm ကသူ့ရဲ့ AR headset နဲ့ smartglasses တွေမကြေငြာခင် နှစ်ရက်အလိုလောက်ကပေါ့။


ဒီတစ်ပတ်အစောပိုင်း ကိုယ်ပိုင် OPPO Inno Day ပွဲမှာ သူ့ရဲ့ prototype device AR Glass ကို ပြသခဲ့ပါတယ်။ “Create Beyond Boundaries” ဆိုတဲ့ theme လေးအတိုင်းပဲ headset လေးဟာ smart device တစ်ခုအနေနဲ့ ဝင်ရောက်ပြသခဲ့ပါတယ်။ အဲဒီမှာ smartwatch တွေ၊ quick charging ၊ 5G connectivity နဲ့ ပုံရိပ်ပိုင်းဆိုင်ရာတွေလည်း ပါဝင်နေခဲ့ပါတယ်။
“ဒီလိုချိတ်ဆက်မှုဟာ အခြေခံအချက်တစ်ခုလို့ ကျွန်တော်တို့ယုံကြည်တယ်။ အခုလိုပေါင်းစည်းခြင်းနဲ့ဆုံးစည်းခြင်းဟာ အနာဂတ်အသစ်တစ်ခုကို ဖန်တီးပေးပါလိမ့်မယ်။ အခုလိုအသိဉာဏ်ရှိတဲ့ပစ္စည်းတွေကို ပေါင်းစပ်ခြင်းမှာ အဓိကအပိုင်းလေးခု ပါဝင်နေတယ်။ နည်းပညာနဲ့ ဝန်ဆောင်မှုပေါင်းစည်းခြင်း၊ အဖွဲ့အစည်းတွေပေါင်းစည်းခြင်း၊ ယဉ်ကျေးမှုတွေ ပေါင်းစည်းခြင်း၊ နည်းပညာ၊ အနုပညာနဲ့ လူသားတွေ ပေါင်းစည်းခြင်းတို့ ဖြစ်ပါတယ်။ OPPO ဟာ ဖုန်းထုတ်လုပ်သူတစ်ယောက်ထက် ပိုပါတယ်။ စမတ်ဖုန်းတွေဟာ OPPO အတွက်တော့ နည်းပညာဝန်ဆောင်မှုတွေထုတ်လုပ်ဖို့အတွက် ဂိတ်ပေါက်တစ်ခုဖြစ်ခဲ့ပါတယ်။ OPPO နဲ့ လုပ်ငန်းနယ်ပယ်တစ်ခုလုံးအတွက် စမတ်ဖုန်းတွေကိုပဲ ဦးတည်နေစရာမလိုအပ်ဘူးလို့ထင်ပါတယ်” လို့ စီအီးအိုက ပြောခဲ့ပါတယ်။
သူတို့ရဲ့နည်းပညာစိတ်ကူးတွေအပေါ်မှာ ငွေကြေးရင်းနှီးမြှုပ်နှံမှုတွေ မတည်ဖို့အတွက် အဆင်သင့်ဖြစ်နေကြပါပြီ။ OPPO ဟာ သုတေသနနဲ့ ဖွံ့ဖြိုးမှုအတွက် နောက်သုံးနှစ်စာ ဒေါ်လာ၇ဘီလျံ ရင်းနှီးထားပါတယ်။ အဲဒီငွေကြေးအသုံးပြုပြီးတော့ hardware, software, systems, ပေါ်ထွက်နေဆဲ နည်းပညာများ နဲ့ augmented reality တို့ ပါဝင်နေပါတယ်။
ဘတ်ဂျက်အတွင်းမှာလုပ်ဆောင်ထားတဲ့ AR လေးဟာ ဘယ်လိုလဲဆိုတာကို ပြသထားတဲ့ ဗွီဒီယိုလေးတစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။ AR projector တပ်ဆင်ထားတဲ့ စမတ်စပီကာ၊ စမတ်ဖုန်း၊ စမတ်နာရီနဲ့ နားကြပ်တွေပါဝင်နေသလို AR Glass prototype လေးလည်း ပါဝင်ပါတယ်။


AR ပင်လယ်ကြီးထဲကို လက်ပစ်ကူးဖို့အတွက် ခြေထောက်တစ်စုံကို ချနင်းလိုက်ပြီပဲဖြစ်ပါတယ်။ OPPO မှာ ARCore ထောက်ပံ့ထားတဲ့ စမတ်ဖုန်း ၁၇လုံး၊ China region ထဲမှာ နောက်ထပ် ၁၂လုံး ရှိနေပြီး Oppo App မှာလည်း AR app အတွက် Google Play Services ရှိနေပါတယ်။ Oppo Reno ဟာလည်း Snapdragon အသုံးပြုထားတဲ့ စမတ်ဖုန်းတွေကြားထဲမှာ Nreal Light Consumer Editionကို လုပ်ဆောင်နိုင်တဲ့ စမတ်ဖုန်းတစ်လုံးဖြစ်လာနိုင်ပါတယ်။ သူ့ကိုတော့ နောက်နှစ်မှာ တွေ့မြင်ရမှာပါ။
ဒါပေမယ့် AR wearable ပိုင်းမှာ OPPO တစ်ယောက်တည်းက လုပ်ဆောင်နေတာ မဟုတ်ပါဘူး။ Lenovo မှာ သူ့ရဲ့ကိုယ်ပိုင် smartglasses concept ရှိပါတယ်။ Mobile World Congress မှာ Vivo က AR Glass ပြခဲ့ဖူးပါတယ်။
ကမ္ဘာအနှံ့ဦးဆောင်နေတဲ့ Apple နဲ့ Samsung ကလည်း သူတို့ရဲ့ကိုယ်ပိုင်ထုတ်ကုန်တွေကို လုပ်ဆောင်နေကြတယ်ဆိုတော့။
ကြိုဆိုပါရစေ OPPO

[Zawgyi]

တရုတ္အေျခစိုက္ စမတ္ဖုန္းထုတ္လုပ္သူျဖစ္တဲ့ OPPO ဟာ Qualcomm ရဲ႕ ေနာက္ဆံုးထြက္ Snapdragon chip ေတြကို သူ႕ရဲ႕ေနာက္ဆံုးထြက္စမတ္ဖုန္းေတြမွာ တပ္ဆင္ဖို႕အတြက္ အဆင္သင့္ျဖစ္ေနပါတယ္။ ဒါေပမယ့္ Qualcomm လိုပဲ OPPO ဟာ augmented reality wearable ဘက္ကို ျပင္ဆင္ေနပါျပီ။
ဒီလမွာ Qualcomm ရဲ႕ Snapdragon Tech Summitပြဲကို တက္ေရာက္ခဲ့ျပီးေတာ့ Snapdragon 865 နဲ႕ 765G chip ေတြကို သူ႕ရဲ႕ေနာက္ထြက္မယ့္ flagship mobile device ေတြမွာ ထည့္သြင္းမယ္လို႕ ေျပာခဲ့ပါတယ္။ Qualcomm ကသူ႕ရဲ႕ AR headset နဲ႕ smartglasses ေတြမေၾကျငာခင္ ႏွစ္ရက္အလုိေလာက္ကေပါ့။


ဒီတစ္ပတ္အေစာပိုင္း ကိုယ္ပိုင္ OPPO Inno Day ပြဲမွာ သူ႕ရဲ႕ prototype device AR Glass ကို ျပသခဲ့ပါတယ္။ “Create Beyond Boundaries” ဆိုတဲ့ theme ေလးအတုိင္းပဲ headset ေလးဟာ smart device တစ္ခုအေနနဲ႕ ၀င္ေရာက္ျပသခဲ့ပါတယ္။ အဲဒီမွာ smartwatch ေတြ၊ quick charging ၊ 5G connectivity နဲ႕ ပံုရိပ္ပိုင္းဆိုင္ရာေတြလည္း ပါ၀င္ေနခဲ့ပါတယ္။
“ဒီလိုခ်ိတ္ဆက္မႈဟာ အေျခခံအခ်က္တစ္ခုလို႕ ကၽြန္ေတာ္တို႕ယံုၾကည္တယ္။ အခုလိုေပါင္းစည္းျခင္းနဲ႕ဆံုးစည္းျခင္းဟာ အနာဂတ္အသစ္တစ္ခုကို ဖန္တီးေပးပါလိမ့္မယ္။ အခုလိုအသိဥာဏ္ရွိတဲ့ပစၥည္းေတြကို ေပါင္းစပ္ျခင္းမွာ အဓိကအပိုင္းေလးခု ပါ၀င္ေနတယ္။ နည္းပညာနဲ႕ ၀န္ေဆာင္မႈေပါင္းစည္းျခင္း၊ အဖြဲ႕အစည္းေတြေပါင္းစည္းျခင္း၊ ယဥ္ေက်းမႈေတြ ေပါင္းစည္းျခင္း၊ နည္းပညာ၊ အႏုပညာနဲ႕ လူသားေတြ ေပါင္းစည္းျခင္းတို႕ ျဖစ္ပါတယ္။ OPPO ဟာ ဖုန္းထုတ္လုပ္သူတစ္ေယာက္ထက္ ပိုပါတယ္။ စမတ္ဖုန္းေတြဟာ OPPO အတြက္ေတာ့ နည္းပညာ၀န္ေဆာင္မႈေတြထုတ္လုပ္ဖို႕အတြက္ ဂိတ္ေပါက္တစ္ခုျဖစ္ခဲ့ပါတယ္။ OPPO နဲ႕ လုပ္ငန္းနယ္ပယ္တစ္ခုလံုးအတြက္ စမတ္ဖုန္းေတြကိုပဲ ဦးတည္ေနစရာမလိုအပ္ဘူးလို႕ထင္ပါတယ္” လို႕ စီအီးအိုက ေျပာခဲ့ပါတယ္။
သူတို႕ရဲ႕နည္းပညာစိတ္ကူးေတြအေပၚမွာ ေငြေၾကးရင္းႏွီးျမွဳပ္ႏွံမႈေတြ မတည္ဖို႕အတြက္ အဆင္သင့္ျဖစ္ေနၾကပါျပီ။ OPPO ဟာ သုေတသနနဲ႕ ဖြံ႕ျဖိဳးမႈအတြက္ ေနာက္သံုးႏွစ္စာ ေဒၚလာ၇ဘီလ်ံ ရင္းႏွီးထားပါတယ္။ အဲဒီေငြေၾကးအသံုးျပဳျပီးေတာ့ hardware, software, systems, ေပၚထြက္ေနဆဲ နည္းပညာမ်ား နဲ႕ augmented reality တို႕ ပါ၀င္ေနပါတယ္။
ဘတ္ဂ်က္အတြင္းမွာလုပ္ေဆာင္ထားတဲ့ AR ေလးဟာ ဘယ္လိုလဲဆိုတာကို ျပသထားတဲ့ ဗြီဒီယိုေလးတစ္ခု ထြက္ေပၚလာခဲ့ပါတယ္။ AR projector တပ္ဆင္ထားတဲ့ စမတ္စပီကာ၊ စမတ္ဖုန္း၊ စမတ္နာရီနဲ႕ နားၾကပ္ေတြပါ၀င္ေနသလို AR Glass prototype ေလးလည္း ပါ၀င္ပါတယ္။


AR ပင္လယ္ၾကီးထဲကို လက္ပစ္ကူးဖို႕အတြက္ ေျခေထာက္တစ္စံုကို ခ်နင္းလိုက္ျပီပဲျဖစ္ပါတယ္။ OPPO မွာ ARCore ေထာက္ပံ့ထားတဲ့ စမတ္ဖုန္း ၁၇လံုး၊ China region ထဲမွာ ေနာက္ထပ္ ၁၂လံုး ရွိေနျပီး Oppo App မွာလည္း AR app အတြက္ Google Play Services ရွိေနပါတယ္။ Oppo Reno ဟာလည္း Snapdragon အသံုးျပဳထားတဲ့ စမတ္ဖုန္းေတြၾကားထဲမွာ Nreal Light Consumer Editionကို လုပ္ေဆာင္ႏုိင္တဲ့ စမတ္ဖုန္းတစ္လံုးျဖစ္လာႏုိင္ပါတယ္။ သူ႕ကိုေတာ့ ေနာက္ႏွစ္မွာ ေတြ႕ျမင္ရမွာပါ။
ဒါေပမယ့္ AR wearable ပိုင္းမွာ OPPO တစ္ေယာက္တည္းက လုပ္ေဆာင္ေနတာ မဟုတ္ပါဘူး။ Lenovo မွာ သူ႕ရဲ႕ကိုယ္ပိုင္ smartglasses concept ရွိပါတယ္။ Mobile World Congress မွာ Vivo က AR Glass ျပခဲ့ဖူးပါတယ္။
ကမာၻအႏွံ႕ဦးေဆာင္ေနတဲ့ Apple နဲ႕ Samsung ကလည္း သူတို႕ရဲ႕ကိုယ္ပိုင္ထုတ္ကုန္ေတြကို လုပ္ေဆာင္ေနၾကတယ္ဆိုေတာ့။
ၾကိဳဆိုပါရေစ OPPO

Ref : Next Reality News

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.