[Unicode]
Motorola ဖန်တွေအနေနဲ့ Moto Razr လေး ရောက်ဖို့အတွက် စောင့်ရတာနည်းနည်းကြာနိုင်ပါတယ်။ အကြောင်းကတော့ ဝယ်လိုအားတွေအရမ်းများနေလို့ပါ။
Motorola ဟာ Moto Razr အတွက် ကြိုတင်မှာယူသူတွေကို ယူအက်စ်မှာ ၂၆ရက်နေ့ဖြန့်မယ်လို့ စီစဉ်ထားခဲ့ပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့ခေါက်ချိုးနိုင်တဲ့ဖုန်းလေးကို အဲဒီလောက်အထိ လူကြိုက်များမယ်လို့ မှန်းထားခဲ့ပုံမရပါဘူး။ အခုတော့ အဲဒီရက်ကို နောက်ရွှေ့ရပါတော့မယ်။
တကယ်လို့ မိတ်ဆွေကသာ Motorola ဖန်တစ်ယောက်ဖြစ်ပြီး Moto Razr အသစ်လေးကို စောင့်နေတဲ့သူတစ်ယောက်ဆိုရင်တော့ သတင်းဆိုးတစ်ပုဒ်ဖြစ်နေမှာမို့ စိတ်တော့မကောင်းပါဘူး။ ထပ်စောင့်ရဦးမှာပါ။ Motorola ဟာ Razr လေးကို ဝယ်မယ့်သူတွေအရမ်းများနေလို့ နောက်ကျပြီးမှ ဖြန့်နိုင်တော့မှာဖြစ်ပါတယ်။ ဒါကတော့ သူတို့အတွက် သတင်းကောင်းတစ်ပုဒ်ဖြစ်နေမှာပါ။ ခန့်မှန်းချက်တွေအရ ၂၀၂၀ ဇန်နဝါရီ ၉ရက်လောက်အထိ မရနိုင်သေးဘူးလို့လည်း ပြောနေကြပါတယ်။ Motorola ကတော့ ဘယ်နေ့မှာ ဖြန့်မလဲဆိုတာ အတိအကျပြန်မပြောထားသေးပါဘူး။
[Zawgyi]
Motorola ဖန္ေတြအေနနဲ႕ Moto Razr ေလး ေရာက္ဖို႕အတြက္ ေစာင့္ရတာနည္းနည္းၾကာႏုိင္ပါတယ္။ အေၾကာင္းကေတာ့ ၀ယ္လိုအားေတြအရမ္းမ်ားေနလ္ို႕ပါ။
Motorola ဟာ Moto Razr အတြက္ ၾကိဳတင္မွာယူသူေတြကို ယူအက္စ္မွာ ၂၆ရက္ေန႕ျဖန္႕မယ္လို႕ စီစဥ္ထားခဲ့ပါတယ္။ ဒါေပမယ့္လည္း သူ႕ရဲ႕ေခါက္ခ်ိဳးႏုိင္တဲ့ဖုန္းေလးကို အဲဒီေလာက္အထိ လူၾကိဳက္မ်ားမယ္လို႕ မွန္းထားခဲ့ပံုမရပါဘူး။ အခုေတာ့ အဲဒီရက္ကို ေနာက္ေရႊ႕ရပါေတာ့မယ္။
တကယ္လို႕ မိတ္ေဆြကသာ Motorola ဖန္တစ္ေယာက္ျဖစ္ျပီး Moto Razr အသစ္ေလးကို ေစာင့္ေနတဲ့သူတစ္ေယာက္ဆိုရင္ေတာ့ သတင္းဆိုးတစ္ပုဒ္ျဖစ္ေနမွာမို႕ စိတ္ေတာ့မေကာင္းပါဘူး။ ထပ္ေစာင့္ရဦးမွာပါ။ Motorola ဟာ Razr ေလးကို ၀ယ္မယ့္သူေတြအရမ္းမ်ားေနလို႕ ေနာက္က်ျပီးမွ ျဖန္႕ႏုိင္ေတာ့မွာျဖစ္ပါတယ္။ ဒါကေတာ့ သူတို႕အတြက္ သတင္းေကာင္းတစ္ပုဒ္ျဖစ္ေနမွာပါ။ ခန္႕မွန္းခ်က္ေတြအရ ၂၀၂၀ ဇန္န၀ါရီ ၉ရက္ေလာက္အထိ မရႏုိင္ေသးဘူးလို႕လည္း ေျပာေနၾကပါတယ္။ Motorola ကေတာ့ ဘယ္ေန႕မွာ ျဖန္႕မလဲဆိုတာ အတိအက်ျပန္မေျပာထားေသးပါဘူး။
Ref : pocketnow