မှားယွင်းတဲ့အချက်အလက်တွေနဲ့ ဟက်ကာတွေကိုအရူးလုပ်စေနိုင်မယ့် FBI ပရိုဂရမ်

0
561
Washington DC, USA - May 2, 2015: The J. Edgar Hoover FBI Building on Pennsylvania Avenue in Washington DC, with flags attached.

[Unicode]

အချက်အလက်ပေါက်ကြားမှုတွေကြောင့် ထိခိုက်နစ်နာမှုတွေဖြစ်ရတဲ့လုပ်ငန်းတွေအတွက် သူတို့မှာဖြေရှင်းနည်းရှိတယ်လို့ FBI က တွေးပါတယ်။ ခိုးမယ့်သူတွေကို အချက်အလက်အမှားတွေနဲ့ ဆွဲဆောင်ဖို့ပါ။ IDLE (Illicit Data Loss Exploitation) လို့ခေါ်တဲ့ FBI ပရိုဂရမ်လေးဟာ တန်ဖိုးရှိတဲ့အချက်အလက်တွေခိုးယူဖို့ ထိုးဖောက်ဝင်ရောက်လာသူတွေကို အချက်အလက်အမှားတွေနဲ့ စိတ်ရှုပ်သွားအောင် ပြုစားဖို့ပါ။ အလွဲသုံးစားလုပ်ချင်သူတွေနဲ့ ကော်ပိုရေးရှင်းစပိုင်တွေအတွက် ငါးစာတစ်ခုဖြစ်မယ်လို့ စဉ်းစားထားပုံရပါတယ်။
IDLE ရဲ့ အလုပ်လုပ်ပုံကို FBI က အသေးစိတ်ရှင်းပြထားတာမျိုး မရှိပေမယ့်လည်း လက်ရှိ data structure အတွင်းက အချက်အလက်တွေနဲ့ ရောနှောပြီးတော့ အစစ်လို့ထင်ရအောင် လုပ်ဆောင်ထားတယ်လို့ သိရပါတယ်။ ဟက်ကာတွေဟာ အချက်အလက်တွေကို အများကြီးမယူနိုင်ဘူးဆိုရင် အသုံးဝင်မယ်လို့ထင်ပါလိမ့်မယ်။ အဲဒီအချက်အလက်အမှားတွေကို ဒေါင်းလုတ်ဆွဲပြီဆိုတာနဲ့ အိုင်တီဝန်ထမ်းတွေကို တစ်ခုခုဖြစ်နေပြီဆိုတာ သတင်းပို့မှာပါ။ အတုအယောင်အချက်အလက်တွေကို အချက်အလက်အစစ်တွေနဲ့ဖန်တီးမှာဖြစ်တာမို့ အဲဒီအချက်အလက်တွေကို သိမ်းမထားသလို အသုံးပြုကြောင်း အသိပေးသွားမယ်လို့လည်း သိရပါတယ်။
ဒါဟာ အကျိုးသက်ရောက်ပါ့မယ်လို့ အာမခံချက်တော့ မရှိပါဘူး။ ဉာဏ်ကောင်းတဲ့ဖောက်ထွင်းသူကတော့ ရသွားမှာပါ။ ဒါဟာ လုပ်ငန်းတွေရဲ့လက်ရှိလုံခြုံရေးစနစ်လောက်နီးနီး အကျိုးသက်ရောက်နိုင်ပါတယ်။ သူတို့မှာ လုံခြုံရေးခံစစ်တွေရှိနေတယ်ဆိုရင်တော့ ငါးစာအချက်အလက်တွေက အကူအညီတော့ ဖြစ်မှာမဟုတ်ပါဘူး။ FBI အတွက်ကတော့ လုပ်ငန်းတွေအနေနဲ့ အချက်အလက်ပေါက်ကြားမှုတွေမဖြစ်အောင် ကာကွယ်သင့်နေပြီဆိုတာ ပြသလိုက်တဲ့ပုံရပါတယ်။ အနည်းဆုံးတော့ လုံခြုံရေးကာကွယ်မှုပဟေဠိကြီးအတွက် အသုံးဝင်တဲ့ အထောက်အကူရတဲ့ အပိုင်းအစလေးတစ်ခုကို မြင်အောင်ချပြလိုက်တယ်လို့လည်း ဆိုနိုင်ပါတယ်။

[Zawgyi]

အခ်က္အလက္ေပါက္ၾကားမႈေတြေၾကာင့္ ထိခိုက္နစ္နာမႈေတြျဖစ္ရတဲ့လုပ္ငန္းေတြအတြက္ သူတို႕မွာေျဖရွင္းနည္းရွိတယ္လို႕ FBI က ေတြးပါတယ္။ ခိုးမယ့္သူေတြကို အခ်က္အလက္အမွားေတြနဲ႕ ဆြဲေဆာင္ဖုိ႕ပါ။ IDLE (Illicit Data Loss Exploitation) လို႕ေခၚတဲ့ FBI ပရိုဂရမ္ေလးဟာ တန္ဖိုးရွိတဲ့အခ်က္အလက္ေတြခိုးယူဖို႕ ထိုးေဖာက္၀င္ေရာက္လာသူေတြကို အခ်က္အလက္အမွားေတြနဲ႕ စိတ္ရွဳပ္သြားေအာင္ ျပဳစားဖို႕ပါ။ အလြဲသံုးစားလုပ္ခ်င္သူေတြနဲ႕ ေကာ္ပိုေရးရွင္းစပိုင္ေတြအတြက္ ငါးစာတစ္ခုျဖစ္မယ္လို႕ စဥ္းစားထားပံုရပါတယ္။
IDLE ရဲ႕ အလုပ္လုပ္ပံုကို FBI က အေသးစိတ္ရွင္းျပထားတာမ်ိဳး မရွိေပမယ့္လည္း လက္ရွိ data structure အတြင္းက အခ်က္အလက္ေတြနဲ႕ ေရာေႏွာျပီးေတာ့ အစစ္လို႕ထင္ရေအာင္ လုပ္ေဆာင္ထားတယ္လုို႕ သိရပါတယ္။ ဟက္ကာေတြဟာ အခ်က္အလက္ေတြကို အမ်ားၾကီးမယူႏုိင္ဘူးဆိုရင္ အသံုး၀င္မယ္လို႕ထင္ပါလိမ့္မယ္။ အဲဒီအခ်က္အလက္အမွားေတြကို ေဒါင္းလုတ္ဆြဲျပီဆိုတာနဲ႕ အုိင္္တီ၀န္ထမ္းေတြကို တစ္ခုခုျဖစ္ေနျပီဆိုတာ သတင္းပို႕မွာပါ။ အတုအေယာင္အခ်က္အလက္ေတြကို အခ်က္အလက္အစစ္ေတြနဲ႕ဖန္တီးမွာျဖစ္တာမို႕ အဲဒီအခ်က္အလက္ေတြကို သိမ္းမထားသလို အသံုးျပဳေၾကာင္း အသိေပးသြားမယ္လို႕လည္း သိရပါတယ္။
ဒါဟာ အက်ိဳးသက္ေရာက္ပါ့မယ္လို႕ အာမခံခ်က္ေတာ့ မရွိပါဘူး။ ဥာဏ္ေကာင္းတဲ့ေဖာက္ထြင္းသူကေတာ့ ရသြားမွာပါ။ ဒါဟာ လုပ္ငန္းေတြရဲ႕လက္ရွိလံုျခံဳေရးစနစ္ေလာက္နီးနီး အက်ိဳးသက္ေရာက္ႏုိင္ပါတယ္။ သူတို႕မွာ လံုျခံဳေရးခံစစ္ေတြရွိေနတယ္ဆိုရင္ေတာ့ ငါးစာအခ်က္အလက္ေတြက အကူအညီေတာ့ ျဖစ္မွာမဟုတ္ပါဘူး။ FBI အတြက္ကေတာ့ လုပ္ငန္းေတြအေနနဲ႕ အခ်က္အလက္ေပါက္ၾကားမႈေတြမျဖစ္ေအာင္ ကာကြယ္သင့္ေနျပီဆိုတာ ျပသလိုက္တဲ့ပံုရပါတယ္။ အနည္းဆံုးေတာ့ လံုျခံဳေရးကာကြယ္မႈပေဟဠိၾကီးအတြက္ အသံုး၀င္တဲ့ အေထာက္အကူရတဲ့ အပိုင္းအစေလးတစ္ခုကို ျမင္ေအာင္ခ်ျပလုိက္တယ္လို႕လည္း ဆိုႏုိင္ပါတယ္။

Ref : engadget

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.