iPhone, iPad, Mac တို့အတွက် Tesla ရဲ့အားသွင်းနည်းဗျူဟာကို Apple အသုံးပြုလာနိုင်

0
1168

[Unicode]

Tesla ရဲ့ battery limit option လေးက ဘယ်ဘက်က၊ Apple ရဲ့ iPhone battery settings က အလယ်နဲ့ ညာဘက်
iOS 13 မှာ software feature အသစ်လေးကို မိတ်ဆက်ပေးခဲ့ပါတယ်။ ဒါလေးကတော့ “Optimized Battery Charging” လို့ခေါ်တဲ့ ဖုန်းရဲ့ဘတ်ထရီသက်တမ်းကြာမြင့်အောင် ကူညီပေးတာပါ။ Apple ဟာ iPad နဲ့ Mac မှာချဲ့ထွင်ခဲ့ရုံသာမက Tesla ရဲ့နည်းဗျူဟာကိုလည်း သုံးစွဲလိုက်တာ ကျေနပ်မိပါတယ်။
iOS 13မှာပါဝင်လာတဲ့ iPhone အတွက် Optimized Battery Charging feature လေးဟာ တစ်ညလုံးအားသွင်းတဲ့အခါမှာ ဘတ်ထရီကို ၈၀%အထိသာ ကန့်သတ်ပေးထားပါတယ်။ နိုးလာတဲ့အခါမှာတော့ ကျန်နေတဲ့ ၂၀%ကို ပြန်လည်အပြီးသတ်သွင်းပေးမှာပါ။ ဒီအကြောင်းကို Settings > Battery > Battery Health ထဲမှာ ဖော်ပြထားပါတယ်။


ဘတ်ထရီထိခိုက်တာကို လျှော့ချဖို့အတွက် iPhone ဟာ သင့်ရဲ့နေ့စဉ်အားသွင်းမှုတွေကို လေ့လာပြီးတော့ ဘယ်အချိန်မှာ 80% ထက် ကျော်လွန်အောင် သွင်းရမလဲဆိုတာကို စောင့်ကြည့်မှာဖြစ်ပါတယ်။
အားအပြည့်သွင်းခြင်းဟာ ဘတ်ထရီထဲကဆဲလ်တွေကို မြန်မြန်ဆန်ဆန် ပျက်စီးစေပါတယ်။ ဒါကြောင့် အားသွင်းရာမှာ ရာခိုင်နှုန်းတစ်ခုမှာရပ်ထားလိုက်ခြင်းအားဖြင့် ဘတ်ထရီရဲ့သက်တမ်းကို တိုးသွားစေတာဖြစ်ပါတယ်။
Tesla ရဲ့ လျှပ်စစ်ယာဉ်တွေမှာလည်း အားသွင်းတဲ့အခါ အတိုင်းအတာတစ်ခုထိသာသွင်းထားပြီးတော့ မနက်ခင်းသွားခါနီးလောက်မှ အပြည့်သွင်းပေးတာဖြစ်ပါတယ်။ Tesla ကတော့ Optimized Battery Charging feature ထက် သာလွန်တဲ့အဆင့်တစ်ခုကုရောက်နေပြီးတော့ ပိုင်ရှင်တွေအနေနဲ့ စိတ်ကြိုက် battery limit သတ်မှတ်ပေးခွင့်လည်း ရှိပါတယ်။
Tesla CEO Elon Musk က ပုံမှန်သုံးအတွက် 80% ထားတာကောင်းပြီးတော့ ခရီးရှည်တွေအတွက်မှသာ ကျန်တဲ့ရာခိုင်နှုန်းတွေကို အသုံးပြုသင့်ကြောင်း ပြောထားပါတယ်။ Tesla အတွက် အလုပ်လုပ်ခဲ့တဲ့ ဘတ်ထရီပညာရှင်တစ်ယောက်ပြောတာကတော့ ၇၀%ကတော့ အကောင်းဆုံးပါပဲ။
Apple ရဲ့အချို့သောဘတ်ထရီတွေဟာ သုံးစွဲသူတွေလဲလှယ်လို့ရနေတာဖြစ်ပေမယ့်လည်း ဒီလိုလုပ်ခြင်းဟာ မဖြစ်သင့်တာတွေကို ဖြစ်လာစေနိုင်ပါတယ်။ သုံးစွဲသူတွေကို ကန့်သတ်ခွင့်ပေးလိုက်ပြီးတော့ ဘတ်ထရီသက်တမ်းကို ကြာမြင့်အောင်ထားနိုင်မယ်ဆိုရင် သုံးစွဲသူတွေအတွက်လည်း အဆင်ပြေစေမှာပါ။ ဒါဟာ Apple အတွက်တော့ ဝင်ငွေတစ်ခုလျော့သွားစေနိုင်ပါတယ်။
iPhone အတွက်ကတော့ အကျိုးအမြတ်ကောင်းတယ်ဆိုရင် iPad နဲ့ Mac တွေမှာ ပိုလို့တောင် ကောင်းပါလိမ့်မယ်။ Mac notebook ပိုင်ရှင်တွေအနေနဲ့ အားသွင်းဖို့ အချိန်အများကြီးပေးရတာဆိုတော့လေ။ Tesla လိုမျိုး battery limit feature လေးကို မိတ်ဆက်လိုက်ခြင်းဟာ သုံးစွဲသူတွေအတွက် ၁၀၀%မသွင်းသင့်ကြောင်းလည်း ပညာပေးပြီးသား ဖြစ်သွားစေနိုင်ပါတယ်။
iPhone ထက် iPad နဲ့ Mac ကို ကိုင်ချင်တဲ့သူတွေကလည်း ဘတ်ထရီခဏခဏလဲနေရတာမျိုး မဖြစ်တော့ဘူးပေါ့။
လက်ရှိ Optimized Battery Charging feature လေးလိုပဲ။ battery settings ထဲမှာ စိတ်ကြိုက်သတ်မှတ်ပေးနိုင်တဲ့လုပ်ဆောင်ချက်လေးကိုလည်း ဖန်တီးသွားနိုင်ပါတယ်။
မိတ်ဆွေတို့အမြင်ကရော။

[Zawgyi]

Tesla ရဲ႕ battery limit option ေလးက ဘယ္ဘက္က၊ Apple ရဲ႕ iPhone battery settings က အလယ္နဲ႕ ညာဘက္
iOS 13 မွာ software feature အသစ္ေလးကို မိတ္ဆက္ေပးခဲ့ပါတယ္။ ဒါေလးကေတာ့ “Optimized Battery Charging” လို႕ေခၚတဲ့ ဖုန္းရဲ႕ဘတ္ထရီသက္တမ္းၾကာျမင့္ေအာင္ ကူညီေပးတာပါ။ Apple ဟာ iPad နဲ႕ Mac မွာခ်ဲ႕ထြင္ခဲ့ရံုသာမက Tesla ရဲ႕နည္းဗ်ဴဟာကိုလည္း သံုးစြဲလိုက္တာ ေက်နပ္မိပါတယ္။
iOS 13မွာပါ၀င္လာတဲ့ iPhone အတြက္ Optimized Battery Charging feature ေလးဟာ တစ္ညလံုးအားသြင္းတဲ့အခါမွာ ဘတ္ထရီကို ၈၀%အထိသာ ကန္႕သတ္ေပးထားပါတယ္။ ႏိုးလာတဲ့အခါမွာေတာ့ က်န္ေနတဲ့ ၂၀%ကို ျပန္လည္အျပီးသတ္သြင္းေပးမွာပါ။ ဒီအေၾကာင္းကို Settings > Battery > Battery Health ထဲမွာ ေဖာ္ျပထားပါတယ္။


ဘတ္ထရီထိခိုက္တာကို ေလွ်ာ့ခ်ဖုိ႕အတြက္ iPhone ဟာ သင့္ရဲ႕ေန႕စဥ္အားသြင္းမႈေတြကို ေလ့လာျပီးေတာ့ ဘယ္အခ်ိန္မွာ 80% ထက္ ေက်ာ္လြန္ေအာင္ သြင္းရမလဲဆိုတာကို ေစာင့္ၾကည့္မွာျဖစ္ပါတယ္။
အားအျပည့္သြင္းျခင္းဟာ ဘတ္ထရီထဲကဆဲလ္ေတြကို ျမန္ျမန္ဆန္ဆန္ ပ်က္စီးေစပါတယ္။ ဒါေၾကာင့္ အားသြင္းရာမွာ ရာခိုင္ႏႈန္းတစ္ခုမွာရပ္ထားလိုက္ျခင္းအားျဖင့္ ဘတ္ထရီရဲ႕သက္တမ္းကို တိုးသြားေစတာျဖစ္ပါတယ္။
Tesla ရဲ႕ လွ်ပ္စစ္ယာဥ္ေတြမွာလည္း အားသြင္းတဲ့အခါ အတုိင္းအတာတစ္ခုထိသာသြင္းထားျပီးေတာ့ မနက္ခင္းသြားခါနီးေလာက္မွ အျပည့္သြင္းေပးတာျဖစ္ပါတယ္။ Tesla ကေတာ့ Optimized Battery Charging feature ထက္ သာလြန္တဲ့အဆင့္တစ္ခုကုေရာက္ေနျပီးေတာ့ ပိုင္ရွင္ေတြအေနနဲ႕ စိတ္ၾကိဳက္ battery limit သတ္မွတ္ေပးခြင့္လည္း ရွိပါတယ္။
Tesla CEO Elon Musk က ပံုမွန္သံုးအတြက္ 80% ထားတာေကာင္းျပီးေတာ့ ခရီးရွည္ေတြအတြက္မွသာ က်န္တဲ့ရာခုိင္ႏႈန္းေတြကို အသံုးျပဳသင့္ေၾကာင္း ေျပာထားပါတယ္။ Tesla အတြက္ အလုပ္လုပ္ခဲ့တဲ့ ဘတ္ထရီပညာရွင္တစ္ေယာက္ေျပာတာကေတာ့ ၇၀%ကေတာ့ အေကာင္းဆံုးပါပဲ။
Apple ရဲ႕အခ်ိဳ႕ေသာဘတ္ထရီေတြဟာ သံုးစြဲသူေတြလဲလွယ္လို႕ရေနတာျဖစ္ေပမယ့္လည္း ဒီလိုလုပ္ျခင္းဟာ မျဖစ္သင့္တာေတြကို ျဖစ္လာေစႏုိ္င္ပါတယ္။ သံုးစြဲသူေတြကို ကန္႕သတ္ခြင့္ေပးလိုက္ျပီးေတာ့ ဘတ္ထရီသက္တမ္းကို ၾကာျမင့္ေအာင္ထားႏုိ္င္မယ္ဆိုရင္ သံုးစြဲသူေတြအတြက္လည္း အဆင္ေျပေစမွာပါ။ ဒါဟာ Apple အတြက္ေတာ့ ၀င္ေငြတစ္ခုေလ်ာ့သြားေစႏုိ္င္ပါတယ္။
iPhone အတြက္ကေတာ့ အက်ိဳးအျမတ္ေကာင္းတယ္ဆိုရင္ iPad နဲ႕ Mac ေတြမွာ ပိုလို႕ေတာင္ ေကာင္းပါလိမ့္မယ္။ Mac notebook ပိုင္ရွင္ေတြအေနနဲ႕ အားသြင္းဖို႕ အခ်ိန္အမ်ားၾကီးေပးရတာဆိုေတာ့ေလ။ Tesla လိုမ်ိဳး battery limit feature ေလးကို မိတ္ဆက္လုိက္ျခင္းဟာ သံုးစြဲသူေတြအတြက္ ၁၀၀%မသြင္းသင့္ေၾကာင္းလည္း ပညာေပးျပီးသား ျဖစ္သြားေစႏုိင္ပါတယ္။
iPhone ထက္ iPad နဲ႕ Mac ကို ကိုင္ခ်င္တဲ့သူေတြကလည္း ဘတ္ထရီခဏခဏလဲေနရတာမ်ိဳး မျဖစ္ေတာ့ဘူးေပါ့။
လက္ရွိ Optimized Battery Charging feature ေလးလိုပဲ။ battery settings ထဲမွာ စိတ္ၾကိဳက္သတ္မွတ္ေပးႏုိင္တဲ့လုပ္ေဆာင္ခ်က္ေလးကိုလည္း ဖန္တီးသြားႏုိင္ပါတယ္။
မိတ္ေဆြတို႕အျမင္ကေရာ။

Ref : 9to5mac

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.