Image stabilization အတွက် ‘iPhone 12’ မှာ နည်းပညာပြောင်းလဲအသုံးပြုထားနိုင်

0
419

[Unicode]

Apple ရဲ့ 5G “iPhone 12” လေးမှာ sensor-shift stabilization ပါဝင်လာနိုင်တယ်လို့ ပြောနေကြပါတယ်။ ဆိုလိုတာကတော့ lensတင်မဟုတ်ဘဲ တကယ့် camera sensor တွေပါရွေ့လျားပြီးတော့ ပုံရိပ်လေးတည်ငြိမ်နေအောင် လုပ်ဆောင်မှာပါ။
5G အပြင် အခြားသော 2020 “iPhone 12” တွေမှာလည်း sensor-shift stabilization ထည့်သွင်းမယ်လို့လည်း ပြောနေကြပြန်ပါတယ်။ လှုပ်ရှားမှုအတော်များများကို သိလိုက်တဲ့အခါမှာ sensor-shift စနစ်က iPhone camera sensor တွေကို လှုပ်ရှားပေးမှာပါ။
Digitimes ကတော့ sensor-stabilization လေးကို မော်ဒယ်လ်အချို့မှာသာ တွေ့မြင်ရနိုင်တယ်လို့လည်း သုံးသပ်ထားပြန်ပါတယ်။
Sensor stabilization ကတော့ iPhone မှာရှိတဲ့ ဘယ်လို lens နဲ့မဆို တွဲလုပ်နိုင်သလို အပြင်ကဟာတွေနဲ့လည်း အလုပ်လုပ်နိုင်ပါတယ်။
နောက်တစ်ခုကတော့ lens stabilization ပါ။ လှုပ်ရှားမှုကိုသိလိုက်တာနဲ့ lens တွေကို ချိန်ညှိပေးတဲ့စနစ်လေးပါ။ sensor stabilization ထက် ပိုထိရောက်ပါတယ်။ ဒါပေမယ့်လည်း အထူးပြုလုပ်ထားတဲ့ lensတွေလိုအပ်ပါတယ်။ iPhone X နဲ့ iPhone 8 ကတည်းက iPhone တွေမှာ optical image stabilization ပုံစံတစ်မျိုးထည့်သွင်းပြီးတော့ lens တွေကို လှုပ်ရှားစေခဲ့ပါတယ်။
DigiTimes ကတော့ supply chain ထဲမှာဘာဖြစ်နေသလဲဆိုတာကို ကောင်းကောင်းထောက်လှမ်းနိုင်တဲ့သူတစ်ယောက် ဖြစ်ပါတယ်။ feature တွေကို ခန့်မှန်းရာမှာလည်း တိကျပါတယ်။ အခုတော့ sensor-shift stabilization အကြောင်းကြားရတယ်ဆိုတော့ သတင်းကောင်းပဲ မဟုတ်လား။
2020 iPhone 12 လေးတွေကိုတော့ မော်ဒယ်လ်လေးမျိုးမြင်ရမယ်လို့ မျှော်လင့်ထားပါတယ်။ Ming-Chi Kuo က 4.7-inch LCD ကနေ 6.7-inch OLED အထိ မြင်တွေ့နိုင်လိမ့်မယ်လို့လည်း ပြောထားတယ်မဟုတ်လား။
ဖုန်းလေးလုံးစလုံးကို Qualcomm modem အသုံးပြုထားပြီး 5G ရအောင်လုပ်ဆောင်ပေးထားမှာပါ။

[Zawgyi]

Apple ရဲ႕ 5G “iPhone 12” ေလးမွာ sensor-shift stabilization ပါ၀င္လာႏုိင္တယ္လို႕ ေျပာေနၾကပါတယ္။ ဆိုလိုတာကေတာ့ lensတင္မဟုတ္ဘဲ တကယ့္ camera sensor ေတြပါေရြ႕လ်ားျပီးေတာ့ ပံုရိပ္ေလးတည္ျငိမ္ေနေအာင္ လုပ္ေဆာင္မွာပါ။
5G အျပင္ အျခားေသာ 2020 “iPhone 12” ေတြမွာလည္း sensor-shift stabilization ထည့္သြင္းမယ္လို႕လည္း ေျပာေနၾကျပန္ပါတယ္။ လႈပ္ရွားမႈအေတာ္မ်ားမ်ားကို သိလုိက္တဲ့အခါမွာ sensor-shift စနစ္က iPhone camera sensor ေတြကို လႈပ္ရွားေပးမွာပါ။
Digitimes ကေတာ့ sensor-stabilization ေလးကို ေမာ္ဒယ္လ္အခ်ိဳ႕မွာသာ ေတြ႕ျမင္ရႏုိင္တယ္လို႕လည္း သံုးသပ္ထားျပန္ပါတယ္။
Sensor stabilization ကေတာ့ iPhone မွာရွိတဲ့ ဘယ္လို lens နဲ႕မဆို တြဲလုပ္ႏုိင္သလို အျပင္ကဟာေတြနဲ႕လည္း အလုပ္လုပ္ႏုိင္ပါတယ္။
ေနာက္တစ္ခုကေတာ့ lens stabilization ပါ။ လႈပ္ရွားမႈကိုသိလိုက္တာနဲ႕ lens ေတြကို ခ်ိန္ညွိေပးတဲ့စနစ္ေလးပါ။ sensor stabilization ထက္ ပိုထိေရာက္ပါတယ္။ ဒါေပမယ့္လည္း အထူးျပဳလုပ္ထားတဲ့ lensေတြလိုအပ္ပါတယ္။ iPhone X နဲ႕ iPhone 8 ကတည္းက iPhone ေတြမွာ optical image stabilization ပံုစံတစ္မ်ိဳးထည့္သြင္းျပီးေတာ့ lens ေတြကို လႈပ္ရွားေစခဲ့ပါတယ္။
DigiTimes ကေတာ့ supply chain ထဲမွာဘာျဖစ္ေနသလဲဆိုတာကို ေကာင္းေကာင္းေထာက္လွမ္းႏုိင္တဲ့သူတစ္ေယာက္ ျဖစ္ပါတယ္။ feature ေတြကို ခန္႕မွန္းရာမွာလည္း တိက်ပါတယ္။ အခုေတာ့ sensor-shift stabilization အေၾကာင္းၾကားရတယ္ဆိုေတာ့ သတင္းေကာင္းပဲ မဟုတ္လား။
2020 iPhone 12 ေလးေတြကိုေတာ့ ေမာ္ဒယ္လ္ေလးမ်ိဳးျမင္ရမယ္လို႕ ေမွ်ာ္လင့္ထားပါတယ္။ Ming-Chi Kuo က 4.7-inch LCD ကေန 6.7-inch OLED အထိ ျမင္ေတြ႕ႏုိင္လိမ့္မယ္လို႕လည္း ေျပာထားတယ္မဟုတ္လား။
ဖုန္းေလးလံုးစလံုးကို Qualcomm modem အသံုးျပဳထားျပီး 5G ရေအာင္လုပ္ေဆာင္ေပးထားမွာပါ။

Ref : appleinsider

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.