Galaxy S11 ရဲ့ ပေါက်ကြားမှုအသစ်ကတော့ ဖုန်းရဲ့ display ဒီဇိုင်းအသစ်ကို ပြသနေ

0
952

[Unicode]

Galaxy S11 series ကိုတော့ နောက်နှစ်လလောက်နေရင် မြင်တွေ့ရမယ်လို့ သတင်းတွေထွက်နေပါတယ်။ Samsung အနေနဲ့လည်း flagship ကိုမိတ်ဆက်ဖို့အတွက် ဖေဖော်ဝါရီလပွဲကို လက်လွှတ်လိမ့််မယ်ဆိုတာ ဘာအကြောင်းနဲ့မှ ယုံကြည်ပေးလို့မရပါဘူး။ ပေါက်ကြားမှုတွေဆက်တိုက်ဆိုသလို ရှိနေခဲ့တဲ့ Galaxy S11 လေးဟာ မိတ်ဆက်မယ့်အချိန်နီးလာပြီဆိုတာကို ပြောပြနေသလိုပါပဲ။ လွန်ခဲ့တဲ့နှစ်တွေတုန်းကလည်း မိတ်ဆက်ပွဲမတိုင်ခင်လတွေမှာပဲ အသေးစိတ်အချက်အလက်တွေ ပေါက်ကြားနေကြပါ။ display လေးက ဘယ်လိုရှိမလဲဆိုတာကို ကျွန်တော်တို့မြင်တွေ့ခွင့်ရခဲ့ပါတယ်။
Display ကတော့ ဖုန်းတိုင်းရဲ့အဓိကအရေးပါတဲ့အချက်တစ်ခုဖြစ်နေပြီးတော့ ဒီနေ့ခေတ်ရဲ့ဖုန်းအများစုဟာ မျက်နှာပြင်ပြည့်ဒီဇိုင်းကို ဗားရှင်းအမျိုးမျိုးနဲ့ ထုတ်နေကြတာဖြစ်ပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ဟာ စမတ်ဖုန်းထုတ်လုပ်သူတွေဆီက ပြီးပြည့်စုံတဲ့ မျက်နှာပြင်ပြည့်ဖုန်းတစ်လုံးကို – အပေါက်မပါ၊ notch တွေမပါ၊ ထိုးထွက်လာတဲ့ကင်မရာတွေမပါ – မျှော်လင့်နေပါတယ်။
Galaxy S11 ကတော့ ဒီလိုပုံစံနဲ့ အတော်လေးနီးကပ်လာတယ်လို့ ပြောနိုင်ပါတယ်။ အရင်မျိုးဆက်မှာတုန်းကလို punch-hole screen သုံးခဲ့ပြီးတော့ ကင်မရာကို အလယ်မှာထည့်ထားတယ်။ ဘေးဘောင်တွေကို ကွေးညွတ်ထားပါတယ်။ ထိပ်ပိုင်းနဲ့အောက်မှာတော့ အရင်ကထက် ဘောင်တွေပိုပါးလာတယ်။
Ice Universe က တွစ်တာပေါ်မှာ Galaxy S11 cover ပုံလေးကို တင်ခဲ့ပါတယ်။
ဒါဟာ screen film တော့မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ရည်ညွှန်းထားတဲ့အရာတစ်ခုပါ။ ကြည့်လိုက်တာနဲ့ အပေါ်နဲ့အောက်ဘောင်တွေပါးထားတယ်ဆိုတော့ Samsung အတွက် ပထမဆုံးသော မျက်နှာပြင်နီးပါးဒီဇိုင်းဖြစ်နေပါတယ်။
အပေါ်မှာမြင်ရတဲ့ Galaxy S11 cover ဒီဇိုင်းကြောင့် ထိပ်ပိုင်းစပီကာတွေကို sound-on-display နည်းပညာနဲ့ အစားထိုးထားမယ်ထင်ပါတယ်။ ပြီးခဲ့တဲ့ရက်တုန်းကလည်း Galaxy S11 ရဲ့ မျက်နှာပြင်ဟာ စပီကာအဖြစ်နဲ့ လုပ်ဆောင်ပေးနိုင်တယ်လို့ သုံးသပ်ခဲ့ဖူးပါတယ်။ ထိပ်ပိုင်းစပီကာတွေကို ဖြုတ်လိုက်ခြင်းက ဘောင်တွေပါးသွားစေပါတယ်။ အောက်ဘက်ကနားကြပ်ပေါက်ဖြုတ်လိုက်တော့လည်း အောက်ဘောင်တွေကို ပါးလို့ရသွားစေတယ်။

[Zawgyi]

Galaxy S11 series ကိုေတာ့ ေနာက္ႏွစ္လေလာက္ေနရင္ ျမင္ေတြ႕ရမယ္လို႕ သတင္းေတြထြက္ေနပါတယ္။ Samsung အေနနဲ႕လည္း flagship ကိုမိတ္ဆက္ဖို႕အတြက္ ေဖေဖာ္၀ါရီလပြဲကို လက္လႊတ္လိိမ့္္မယ္ဆိုတာ ဘာအေၾကာင္းနဲ႕မွ ယံုၾကည္ေပးလို႕မရပါဘူး။ ေပါက္ၾကားမႈေတြဆက္တုိက္ဆိုသလို ရွိေနခဲ့တဲ့ Galaxy S11 ေလးဟာ မိတ္ဆက္မယ့္အခ်ိန္နီးလာျပီဆိုတာကို ေျပာျပေနသလိုပါပဲ။ လြန္ခဲ့တဲ့ႏွစ္ေတြတုန္းကလည္း မိတ္ဆက္ပြဲမတုိင္ခင္လေတြမွာပဲ အေသးစိတ္အခ်က္အလက္ေတြ ေပါက္ၾကားေနၾကပါ။ display ေလးက ဘယ္လိုရွိမလဲဆိုတာကို ကၽြန္ေတာ္တိုိ႕ျမင္ေတြ႕ခြင့္ရခဲ့ပါတယ္။
Display ကေတာ့ ဖုန္းတုိင္းရဲ႕အဓိကအေရးပါတဲ့အခ်က္တစ္ခုျဖစ္ေနျပီးေတာ့ ဒီေန႕ေခတ္ရဲ႕ဖုန္းအမ်ားစုဟာ မ်က္ႏွာျပင္ျပည့္ဒီဇုိင္းကို ဗားရွင္းအမ်ိဳးမ်ိဳးနဲ႕ ထုတ္ေနၾကတာျဖစ္ပါတယ္။ ဒါေၾကာင့္လည္း ကၽြန္ေတာ္တို႕ဟာ စမတ္ဖုန္းထုတ္လုပ္သူေတြဆီက ျပီးျပည့္စံုတဲ့ မ်က္ႏွာျပင္ျပည့္ဖုန္းတစ္လံုးကို – အေပါက္မပါ၊ notch ေတြမပါ၊ ထိုးထြက္္လာတဲ့ကင္မရာေတြမပါ – ေမွ်ာ္လင့္ေနပါတယ္။
Galaxy S11 ကေတာ့ ဒီလိုပံုစံနဲ႕ အေတာ္ေလးနီးကပ္လာတယ္လို႕ ေျပာႏုိင္ပါတယ္။ အရင္မ်ိဳးဆက္မွာတုန္းကလို punch-hole screen သံုးခဲ့ျပီးေတာ့ ကင္မရာကို အလယ္မွာထည့္ထားတယ္။ ေဘးေဘာင္ေတြကို ေကြးညြတ္ထားပါတယ္။ ထိပ္ပိုင္းနဲ႕ေအာက္မွာေတာ့ အရင္ကထက္ ေဘာင္ေတြပိုပါးလာတယ္။
Ice Universe က တြစ္တာေပၚမွာ Galaxy S11 cover ပံုေလးကို တင္ခဲ့ပါတယ္။
ဒါဟာ screen film ေတာ့မဟုတ္ပါဘူး။ ဒါေပမယ့္လည္း ရည္ညႊန္းထားတဲ့အရာတစ္ခုပါ။ ၾကည့္လုိက္တာနဲ႕ အေပၚနဲ႕ေအာက္ေဘာင္ေတြပါးထားတယ္ဆိုေတာ့ Samsung အတြက္ ပထမဆံုးေသာ မ်က္ႏွာျပင္နီးပါးဒီဇိုင္းျဖစ္ေနပါတယ္။
အေပၚမွာျမင္ရတဲ့ Galaxy S11 cover ဒီဇိုင္းေၾကာင့္ ထိပ္ပိုင္းစပီကာေတြကို sound-on-display နည္းပညာနဲ႕ အစားထိုးထားမယ္ထင္ပါတယ္။ ျပီးခဲ့တဲ့ရက္တုန္းကလည္း Galaxy S11 ရဲ႕ မ်က္ႏွာျပင္ဟာ စပီကာအျဖစ္နဲ႕ လုပ္ေဆာင္ေပးႏုိင္တယ္လို႕ သံုးသပ္ခဲ့ဖူးပါတယ္။ ထိပ္ပိုင္းစပီကာေတြကို ျဖဳတ္လုိက္ျခင္းက ေဘာင္ေတြပါးသြားေစပါတယ္။ ေအာက္ဘက္ကနားၾကပ္ေပါက္ျဖဳတ္လုိက္ေတာ့လည္း ေအာက္ေဘာင္ေတြကို ပါးလို႕ရသြားေစတယ္။

Ref : bgr

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.