Apple Music subscription ကို ခြောက်လအခမဲ့သုံးစွဲခွင့် ရနေပြီ

0
1588

[Unicode]

Apple Music ဟာ သုံးစွဲသူအသစ်တွေအတွက် သုံးလအခမဲ့ subscription ပေးနေခဲ့ပါတယ်။ ဒါပေမယ့် အခုတော့ ခရစ္စမတ်ရောက်လို့လားမသိဘူး။ အစီအစဉ်က တစ်မျိုးပြောင်းသွားပါတယ်။ ဒီနေ့ကနေ ၂၀၁၉အကုန်အထိ Apple Music ကို ပထမဆုံးခြောက်လအတွက် အခကြေးငွေမလိုဘဲ စာရင်းသွင်းနိုင်တော့မှာပါ။
ဒါလေးကို ပထမဆုံးတွေ့ခဲ့တာက Macworld UK ဖြစ်ပြီးတော့ Apple ပိုင် Shazam app ကမ်ပိန်းတစ်ခုမှာပါ။ Shazam appကလည်း ဖွင့်ထားတဲ့သီချင်းကို ပြောပြနိုင်တဲ့ app ဆိုတော့ လူကြိုက်များနေပြီးသားပါ။ သူ့ရဲ့သုံးစွဲသူတွေကလည်း Apple Music အတွက် ခံစားခွင့်ရရှိဦးမှာပါ။
Shazam ကို iPhone or iPad မှာ မသွင်းရသေးဘူးဆိုရင်တော့ ဒေါင်းလုတ်ဆွဲလိုက်ပါ။ App Store မှာ အခမဲ့ရရှိနိုင်ပါတယ်။ ဒါပေမယ့် app ကို နေရာတိုင်းကဒေါင်းလုတ်ဆွဲနိုင်ပေမယ့်လည်း အခုရရှိမယ့်ပေးအပ်မှုလေးကတော့ ယူအက်စ်၊ ယူကေနဲ့ ကနေဒါမှာသာ အသုံးပြုနိုင်ခွင့်ရှိနေတာဖြစ်ပါတယ်။
ဒီအချက်အလက်တွေနဲ့ ကိုက်ညီတယ်ဆိုရင်တော့ ဘယ်လိုရနိုင်မလဲဆိုတာကို ဆက်ကြည့်ရအောင်။
iPhone or iPad က Shazam app ကို ဖွင့်လိုက်ပါ။ တစ်ခါမှမသုံးဖူးဘူးဆိုရင်တော့ Shazam icon လေးကိုနှိပ်ပြီးတော့ သီချင်းတစ်ပုဒ်ကို ဖွင့်ပြလိုက်ပါ။ “Library” ခလုတ်လေးကိုနှိပ်တာဖြစ်ဖြစ် ဘယ်ကနေညာကို swipe တာဖြစ်ဖြစ်လုပ်လိုက်ပါ။
“Recent Shazams” စာရင်းထဲကနေ သီချင်းတစ်ပုဒ်ကိုရွေးပြီးတော့ “Open in Apple Music” ခလုတ်လေးကိုနှိပ်လိုက်ပါ။ ခြောက်လအခမဲ့သုံးနိုင်တယ်ဆိုတာကို ပြောပါလိမ့်မယ်။ “Try it free” လေးကိုသာ နှိပ်လိုက်ပါ။
promo code လေးကို ထုတ်ပြီးတော့ အကောင့်ထဲမှာ အလိုအလျောက် redeem လုပ်သွားမှာဖြစ်တဲ့အတွက်ကြောင့် Apple Music ကို ခြောက်လစာ အခမဲ့သုံးစွဲနိုင်ပြီဖြစ်ပါတယ်။
သတင်းကောင်းကတော့ Apple Music ကို အရင်တည်းက subscribe လုပ်ထားသူတွေလည်း ရနိုင်နေပါသေးတယ်။ လက်ရှိ subscription ကို cancel ပြီးတော့ Shazam ကနေ subscribe ပြန်လုပ်မယ်ဆိုရင်တော့ နောက်ထပ်သုံးလရရှိမှာပါ။
iPhone or iPad ကနေ တိုက်ရိုက် cancel လုပ်ချင်တယ်ဆိုရင်တော့
၁။ app လေးကို ဖွင့်လိုက်ပါ။
၂။ “For You” menu ကို ရွေးပါ။
၃။ ညာဘက်ထိပ်နားက profile picture လေးကိုနှိပ်ပါ။
၄။ “Manage Subscription” ကိုနှိပ်ပါ။
၅။ အောက်နားက “Cancel Subscription” ကို နှိပ်ပါ။
၆။ “Confirm” လိုက်ပါ။
Subscription ကို cancel ပြီးတာနဲ့ Shazam app ကို ဖွင့်ပြီးတော့ “Library” ထဲကိုသွား။ settings icon လေးကိုနှိပ်။ “Disconnect Apple Music” ကို ရှာပြီး confirm လုပ်ပေးလိုက်ပါ။ ပြီးရင်တော့ အပေါ်ကအဆင့်တွေအတိုင်းလုပ်လိုက်ရင် သုံးလစာ အခမဲ့ထပ်ရနိုင်ပါပြီ။

[Zawgyi]

Apple Music ဟာ သံုးစြဲသူအသစ္ေတြအတြက္ သံုးလအခမဲ့ subscription ေပးေနခဲ့ပါတယ္။ ဒါေပမယ့္ အခုေတာ့ ခရစၥမတ္ေရာက္လို႕လားမသိဘူး။ အစီအစဥ္က တစ္မ်ိဳးေျပာင္းသြားပါတယ္။ ဒီေန႕ကေန ၂၀၁၉အကုန္အထိ Apple Music ကို ပထမဆံုးေျခာက္လအတြက္ အခေၾကးေငြမလိုဘဲ စာရင္းသြင္းႏုိင္ေတာ့မွာပါ။
ဒါေလးကို ပထမဆံုးေတြ႕ခဲ့တာက Macworld UK ျဖစ္ျပီးေတာ့ Apple ပိုင္ Shazam app ကမ္ပိန္းတစ္ခုမွာပါ။ Shazam appကလည္း ဖြြင့္ထားတဲ့သီခ်င္းကို ေျပာျပႏုိင္တဲ့ app ဆိုေတာ့ လူၾကိဳက္မ်ားေနျပီးသားပါ။ သူ႕ရဲ႕သံုးစြဲသူေတြကလည္း Apple Music အတြက္ ခံစားခြင့္ရရွိဦးမွာပါ။
Shazam ကို iPhone or iPad မွာ မသြင္းရေသးဘူးဆိုရင္ေတာ့ ေဒါင္းလုတ္ဆြဲလိုက္ပါ။ App Store မွာ အခမဲ့ရရွိႏုိင္ပါတယ္။ ဒါေပမယ့္ app ကို ေနရာတုိင္းကေဒါင္းလုတ္ဆြဲႏုိ္င္ေပမယ့္လည္း အခုရရွိမယ့္ေပးအပ္မႈေလးကေတာ့ ယူအက္စ္၊ ယူေကနဲ႕ ကေနဒါမွာသာ အသံုးျပဳနုိင္ခြင့္ရွိေနတာျဖစ္ပါတယ္။
ဒီအခ်က္အလက္ေတြနဲ႕ ကိုက္ညီတယ္ဆိုရင္ေတာ့ ဘယ္လိုရႏုိင္မလဲဆိုတာကို ဆက္ၾကည့္ရေအာင္။
iPhone or iPad က Shazam app ကို ဖြင့္လိုက္ပါ။ တစ္ခါမွမသံုးဖူးဘူးဆိုရင္ေတာ့ Shazam icon ေလးကိုႏွိပ္ျပီးေတာ့ သီခ်င္းတစ္ပုဒ္ကို ဖြင့္ျပလိုက္ပါ။ “Library” ခလုတ္ေလးကိုႏွိပ္တာျဖစ္ျဖစ္ ဘယ္ကေနညာကို swipe တာျဖစ္ျဖစ္လုပ္လုိက္ပါ။
“Recent Shazams” စာရင္းထဲကေန သီခ်င္းတစ္ပုဒ္ကိုေရြးျပီးေတာ့ “Open in Apple Music” ခလုတ္ေလးကိုႏွိပ္လုိက္ပါ။ ေျခာက္လအခမဲ့သံုးႏုိင္တယ္ဆိုတာကို ေျပာပါလိမ့္မယ္။ “Try it free” ေလးကိုသာ ႏွိပ္လုိက္ပါ။
promo code ေလးကို ထုတ္ျပီးေတာ့ အေကာင့္ထဲမွာ အလုိအေလ်ာက္ redeem လုပ္သြားမွာျဖစ္တဲ့အတြက္ေၾကာင့္ Apple Music ကို ေျခာက္လစာ အခမဲ့သံုးစြဲႏုိင္ျပီျဖစ္ပါတယ္။
သတင္းေကာင္းကေတာ့ Apple Music ကို အရင္တည္းက subscribe လုပ္္ထားသူေတြလည္း ရႏုိင္ေနပါေသးတယ္။ လက္ရွိ subscription ကို cancel ျပီးေတာ့ Shazam ကေန subscribe ျပန္လုပ္မယ္ဆိုရင္ေတာ့ ေနာက္ထပ္သံုးလရရွိမွာပါ။
iPhone or iPad ကေန တုိက္ရိုက္ cancel လုပ္ခ်င္တယ္ဆုိရင္ေတာ့
၁။ app ေလးကို ဖြင့္လုိက္ပါ။
၂။ “For You” menu ကို ေရြးပါ။
၃။ ညာဘက္ထိပ္နားက profile picture ေလးကိုႏွိပ္ပါ။
၄။ “Manage Subscription” ကိုႏွိပ္ပါ။
၅။ ေအာက္နားက “Cancel Subscription” ကို ႏွိ္ပ္ပါ။
၆။ “Confirm” လို္က္ပါ။
Subscription ကို cancel ျပီးတာနဲ႕ Shazam app ကို ဖြင့္ျပီးေတာ့ “Library” ထဲကိုသြား။ settings icon ေလးကိုႏွိပ္။ “Disconnect Apple Music” ကို ရွာျပီး confirm လုပ္ေပးလိုက္ပါ။ ျပီးရင္ေတာ့ အေပၚကအဆင့္ေတြအတုိင္းလုပ္လုိက္ရင္ သံုးလစာ အခမဲ့ထပ္ရႏုိင္ပါျပီ။

Ref : 9to5mac

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.