[Unicode]
HUAWEI ဟာ ဒီနှစ်အတွက် ၂၅၁မီလျံလောက်အထိ ဖြန့်ဖြူးနိုင်ခဲ့တယ်လို့ သိရပါတယ်။ Samsung ကတော့ ၃၂၃မီလျံနဲ့ စာရင်းပိတ်ခဲ့တာပါ။
CEO Richard Yu ရဲ့ ပြောကြားချက်အရတော့ သူတို့အနေနဲ့ ၂၀၁၉ခုနှစ်မှာ စမတ်ဖုန်းအလုံးရေ ၂၃၀မီလျံ ဖြန့်ဖြူးဖို့မှန်းထားခဲ့တယ်လို့ သိရပါတယ်။ ဒီအကြောင်းကို လုပ်ငန်းတွင်းအစည်းအဝေးတစ်ခုမှာ ပြောခဲ့တယ်လို့ သိရပါတယ်။
HUAWEI ဟာ ၂၀၁၈ကထက် အလုံးရေ ၃၀မီလျံလောက် ပိုမိုရောင်းချနိုင်ခဲ့တာကိုလည်း စိတ်ဝင်စားဖွယ် မြင်တွေ့ရပါသေးတယ်။ ယူအက်စ်ပိတ်ပင်မှုတွေ၊ ယူအက်စ်နဲ့ တရုတ်ကုန်သွယ်ရေးစစ်ပွဲတွေ စတဲ့ပိတ်ဆို့မှုတွေရှိနေတယ်ဆိုပေမယ့်လည်း HUAWEI ကတော့ ဒုတိယနေရာကို ကြိုးစားပြီး ယူထားတုန်းပါပဲ။
[Zawgyi]
Ref : pocketnow