Pixel 3 အတွက် 120Hz LCD display စဉ်းစားခဲ့တဲ့ Google

0
569

[Unicode]

Google Pixel series ဟာ ၂၀၁၆ခုနှစ်ကတည်းက OLED အသုံးပြုခဲ့ပါတယ်။ ဒါပေမယ့်လည်း မနှစ်ကပြောင်းလဲသွားတဲ့အရာတွေကို စဉ်းစားခဲ့ပါသေးတယ်။
Android Developers Backstage Podcast ရဲ့အဆိုအရ မနှစ်တုန်းက OLED နည်းပညာကို ဖြုတ်ချဖို့လုပ်ခဲ့ပါသေးတယ်။ Sharp 120Hz LCD screen နဲ့ စမ်းသပ်ကြည့်ပြီးနောက်မှာ အတော်လေးကို အထင်ကြီးမိခဲ့တယ်လို့လည်း မန်ဘာတစ်ယောက်ဖြစ်တဲ့ Chet Haase က ပြောပါတယ်။
original Pixel 3 ဟာ အကြောင်းအမျိုးမျိုးကြောင့် OLED panel ထည့်သွင်းဖို့မလုပ်ခဲ့ဘူး။ OLED မရှိဘူးဆိုရင် ငါတို့ဘာလုပ်ကြမလဲပေါ့။ 120Hz LCD’ လုပ်ကြတာပေါ့လို့ စဉ်းစားခဲ့ကြတယ်။
Haase အနေနဲ့ အဆုံးသတ်မှာ 120Hz LCD screen မသုံးဘဲ OLED panel ကို ဘာကြောင့်ရွေးခဲ့ရသလဲဆိုတဲ့အကြောင်းရင်းကို မပြောခဲ့ပါဘူး။ ဒါပေမယ့် OLED panel တွေဟာ အနက်ရောင်ရင့်ပြီးတော့ dark content တွေကြည့်တဲ့အခါမှာ စွမ်းအင်အသုံးချမှုကောင်းကောင်းစီမံပေးနိုင်တယ်။ မနှစ်ကတုန်းက အတော်လေးလွှမ်းမိုးခဲ့တဲ့ မျက်နှာပြင်အောက် လက်ဗွေစနစ်ကလည်း OLED screen နဲ့မှ အလုပ်လုပ်တာ။ ဒါကြောင့်လည်း ဖြစ်နိုင်တာပဲ။ LCD နည်းပညာကို အသုံးပြုချင်ပေမယ့်လည်း မတတ်သာလို့ ရွေးခဲ့ရပုံပါပဲ။
ဒါပေမယ့် 120Hz refresh rate ကို ရွေးမယ်ဆိုရင်တော့ LCD screen တွေပဲ လုပ်ရမှာပါ။ Asus ROG Phone 2 နဲ့ 120Hz OLED panel တွေထွက်မလာခင်အချိန်အထိပေါ့။ Google ဟာ 120Hz OLED ရချိန်မှာ Pixel 4 အတွက် 90Hz OLED screen အသုံးပြုတာဘာကြောင့်လဲ။
120Hz OLED ဖြစ်နိုင်တယ်ဆိုပေမယ့်လည်း 90Hz လုပ်ခဲ့တာက performance နဲ့ ဘတ်ထရီကိုပါ ထည့်စဉ်းစားနေရလို့ပါ။ 90Hz panel နဲ့ 120Hz display ဆီကနေလည်း ခံစားမှုကောင်းကောင်းရနိုင်နေတုန်းပါ။

[Zawgyi]


Ref : androidauthority

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.