open-source smart home စံနှုန်းတစ်ခုသတ်မှတ်ဖို့ပူးပေါင်းကြမယ့် Apple, Google

0
408

[Unicode]

စံနှုန်းတစ်ခုတည်းကသာ သူတို့ကိုထိန်းချုပ်မှာပါ။
Amazon, Apple, Google, နဲ့ Zigbee တို့ပူးပေါင်းပြီးတော့ Connected Home over IP ပရောဂျက်လေးကို လုပ်ဆောင်တော့မှာဖြစ်ပါတယ်။ ဆိုလိုတာက လက်ရှိပြန့်ကျဲနေတဲ့ စမတ်ထုတ်ကုန်စနစ်ကြီးကို အဲဒီပရောဂျက်လေးကြောင့် စုစည်းပြီးတော့ အဆင်ပြေချောမွေ့တဲ့လုပ်ငန်းစဉ်တစ်ခုဖြစ်လာအောင် ကူညီပေးကြမှာပါ။
smart home ဈေးကွက်ကလည်း တဖြည်းဖြည်းနဲ့ ကြီးထွားလာတဲ့အတွက်ကြောင့် လုပ်ဆောင်ကြတာဖြစ်သလို သီးခြား ecosystem တွေနဲ့ ထုတ်ကုန်တွေကိုဖန်တီးရတာလည်း ခက်ခဲတဲ့အတွက်ကြောင့် လုပ်ကြတာဖြစ်ပါတယ်။
Amazon, Apple, Google နဲ့ Zigbee တို့ ပူးပေါင်းပြီးတော့ စံနှုန်းအသစ်တစ်ခုကို သတ်မှတ်လိုက်ခြင်းအားဖြင့် smart device ထုတ်လုပ်သူတွေအတွက် ရိုးရှင်းတဲ့ထုတ်လုပ်မှုဖြစ်စဉ်ကို ရရှိစေမှာဖြစ်ပါတယ်။ IKEA, NXP Semiconductors, Samsung SmartThings, Schneider Electric, Signify တို့ဟာ လက်ရှိ Zigbee Alliance မန်ဘာတွေဖြစ်ပါတယ်။
ကိုယ်ဝယ်လိုက်တဲ့ smart device လေးဟာ လက်ရှိ home setup နဲ့ အလုပ်လုပ်နိုင်ရမှာဖြစ်သလို smartphone or voice assistant နဲ့လည်း အလုပ်လုပ်နိုင်ရပါမယ်။ တနည်းပြောရမယ်ဆိုရင်တော့ smart ထုတ်ကုန်တွေအတွက် ယေဘုယျဘာသာစကားတစ်ခုကိုသတ်မှတ်လိုက်မှာဖြစ်လို့ အခြား device တွေ ဘယ်လိုအလုပ်လုပ်သလဲ၊ ဘယ်လိုဆက်သွယ်ရမလဲဆိုတာကို သိသွားမှာပါ။ ဒါကြောင့် ပိုမိုကောင်းမွန်တဲ့လုံခြုံရေးစနစ်တွေ၊ privacy ကာကွယ်မှုတွေလည်း ဖြစ်လာပါလိမ့်မယ်။
သူတို့ရဲ့ထုတ်ကုန်တွေကို Internet Protocol အခြေခံထားတဲ့နည်းပညာတွေအသုံးပြုပြီး တည်ဆောက်လိုက်မယ်ဆိုရင် သုံးစွဲသူတွေအနေနဲ့လည်း ကြိုက်တဲ့ ecosystem သုံးနိုင်မှာဖြစ်ပါတယ်။ လုံခြုံတယ်၊ စိတ်ချရတယ်။ သုံးရတာလည်း စိတ်ကျေနပ်မှုရှိမယ့်အရာပေါ့။
open-source အနေနဲ့ လုပ်ဆောင်မှာဖြစ်တဲ့အတွက်ကြောင့် ဘုံ protocol တစ်ခုကို မြန်မြန်ဆန်ဆန် ကုန်ကျစရိတ်သက်သာစွာနဲ့ ဖန်တီးနိုင်မှာပါ။ Amazon ရဲ့ Alexa, Apple ရဲ့ HomeKit နဲ့ Siri, Zigbee ရဲ့ Dotdot ၊ Google Weave နဲ့ Thread တို့ပါဝင်မှာဖြစ်ပါတယ်။
စံနှုန်းအသစ် အဆင်သင့်ဖြစ်တာနဲ့ Wi-Fi, cellular နဲ့ Bluetooth Low Energy တို့လို ရှိနေပြီးသား စံနှုန်းတွေနဲ့အတူ အလုပ်လုပ်နိုင်မှာပါ။ စမတ်ထုတ်ကုန်တွေရဲ့ဘူးပေါ်ကလိုဂိုလေးက ဘယ်လိုdevice တွေနဲ့ တွဲသုံးနိုင်တယ်ဆိုတာကို မြင်သာစေမှာပါ။ developer တွေအနေနဲ့လည်း စံနှုန်းတစ်ခုတည်းကိုသာ လိုက်နာရတော့မှာဖြစ်လို့ provisioning/onboarding, removal, error recovery, software update တွေအတွက်လည်း ခေါင်းမခဲရတော့ပါဘူး။
လက်ရှိမှာတော့ ဒီစိတ်ကူးအတွက်အကြမ်းထည်ကို ၂၀၂၀နှောင်းပိုင်းမှ လက်စသတ်မှာဖြစ်လို့ အရမ်းကြီးစိတ်လှုပ်ရှားမနေပါနဲ့ဦး။ ၂၀၂၁လောက်မှ ဒီပရောဂျက်ရဲ့ အသီးအပွင့်တွေကို မြင်ရမှာပါ။
CNBC ရဲ့ ပြောကြားချက်အရ သူတို့တွေဟာ လုံခြုံရေးထုတ်ကုန်တွေဖြစ်တဲ့ smart locks, gas sensors, smoke alarms, security cameras, smart electrical plugs, window blinds, thermostats တို့ကို အာရုံစိုက်လိမ့်မယ်လို့ သိရပါတယ်။ အဲဒီနောက်မှ အခြားထုတ်ကုန်တွေကို သွားမှာပါ။
ဈေးကွက်သုတေသနပညာရှင်တွေကတော့ ၂၀၁၉အကုန်မှာ smart home ထုတ်ကုန်ဈေးကွက်ဟာ ၈၁၅မီလျံရှိပြီးတော့ ၂၀၂၃မှာ ၁.၄ဘီလျံလောက် တိုးလာလိမ့်မယ်လို့ သုံးသပ်ကြပါတယ်။

[Zawgyi]

စံႏႈန္းတစ္ခုတည္းကသာ သူတို႕ကိုထိန္းခ်ဳပ္မွာပါ။
Amazon, Apple, Google, နဲ႕ Zigbee တို႕ပူးေပါင္းျပီးေတာ့ Connected Home over IP ပေရာဂ်က္ေလးကို လုပ္ေဆာင္ေတာ့မွာျဖစ္ပါတယ္။ ဆိုလိုတာက လက္ရွိျပန္႕က်ဲေနတဲ့ စမတ္ထုတ္ကုန္စနစ္ၾကီးကို အဲဒီပေရာဂ်က္ေလးေၾကာင့္ စုစည္းျပီးေတာ့ အဆင္ေျပေခ်ာေမြ႕တဲ့လုပ္ငန္းစဥ္တစ္ခုျဖစ္လာေအာင္ ကူညီေပးၾကမွာပါ။
smart home ေစ်းကြက္ကလည္း တျဖည္းျဖည္းနဲ႕ ၾကီးထြားလာတဲ့အတြက္ေၾကာင့္ လုပ္ေဆာင္ၾကတာျဖစ္သလို သီးျခား ecosystem ေတြနဲ႕ ထုတ္ကုန္ေတြကိုဖန္တီးရတာလည္း ခက္ခဲတဲ့အတြက္ေၾကာင့္ လုပ္ၾကတာျဖစ္ပါတယ္။
Amazon, Apple, Google နဲ႕ Zigbee တို႕ ပူးေပါင္းျပီးေတာ့ စံႏႈန္းအသစ္တစ္ခုကို သတ္မွတ္လုိက္ျခင္းအားျဖင့္ smart device ထုတ္လုပ္သူေတြအတြက္ ရိုးရွင္းတဲ့ထုတ္လုပ္မႈျဖစ္စဥ္ကို ရရွိေစမွာျဖစ္ပါတယ္။ IKEA, NXP Semiconductors, Samsung SmartThings, Schneider Electric, Signify တို႕ဟာ လက္ရွိ Zigbee Alliance မန္ဘာေတြျဖစ္ပါတယ္။
ကိုယ္၀ယ္လုိက္တဲ့ smart device ေလးဟာ လက္ရွိ home setup နဲ႕ အလုပ္လုပ္ႏုိင္ရမွာျဖစ္သလို smartphone or voice assistant နဲ႕လည္း အလုပ္လုပ္ႏုိင္ရပါမယ္။ တနည္းေျပာရမယ္ဆိုရင္ေတာ့ smart ထုတ္ကုန္ေတြအတြက္ ေယဘုယ်ဘာသာစကားတစ္ခုကိုသတ္မွတ္လိုက္မွာျဖစ္လို႕ အျခား device ေတြ ဘယ္လိုအလုပ္လုပ္သလဲ၊ ဘယ္လိုဆက္သြယ္ရမလဲဆိုတာကို သိသြားမွာပါ။ ဒါေၾကာင့္ ပိုမိုေကာင္းမြန္တဲ့လံုျခံဳေရးစနစ္ေတြ၊ privacy ကာကြယ္မႈေတြလည္း ျဖစ္လာပါလိမ့္မယ္။
သူတို႕ရဲ႕ထုတ္ကုန္ေတြကို Internet Protocol အေျခခံထားတဲ့နည္းပညာေတြအသံုးျပဳျပီး တည္ေဆာက္လုိက္မယ္ဆိုရင္ သံုးစြဲသူေတြအေနနဲ႕လည္း ၾကိဳက္တဲ့ ecosystem သံုးႏုိ္င္မွာျဖစ္ပါတယ္။ လံုျခံဳတယ္၊ စိတ္ခ်ရတယ္။ သံုးရတာလည္း စိတ္ေက်နပ္မႈရွိမယ့္အရာေပါ့။
open-source အေနနဲ႕ လုပ္ေဆာင္မွာျဖစ္တဲ့အတြက္ေၾကာင့္ ဘံု protocol တစ္ခုကို ျမန္ျမန္ဆန္ဆန္ ကုန္က်စရိတ္သက္သာစြာနဲ႕ ဖန္တီးႏုိင္မွာပါ။ Amazon ရဲ႕ Alexa, Apple ရဲ႕ HomeKit နဲ႕ Siri, Zigbee ရဲ႕ Dotdot ၊ Google Weave နဲ႕ Thread တို႕ပါ၀င္မွာျဖစ္ပါတယ္။
စံႏႈန္းအသစ္ အဆင္သင့္ျဖစ္တာနဲ႕ Wi-Fi, cellular နဲ႕ Bluetooth Low Energy တို႕လို ရွိေနျပီးသား စံႏႈန္းေတြနဲ႕အတူ အလုပ္လုပ္ႏုိင္မွာပါ။ စမတ္ထုတ္ကုန္ေတြရဲ႕ဘူးေပၚကလိုဂိုေလးက ဘယ္လိုdevice ေတြနဲ႕ တြဲသံုးနုိင္တယ္္ဆိုတာကို ျမင္သာေစမွာပါ။ developer ေတြအေနနဲ႕လည္း စံႏႈန္းတစ္ခုတည္းကိုသာ လိုက္နာရေတာ့မွာျဖစ္လို႕ provisioning/onboarding, removal, error recovery, software update ေတြအတြက္လည္း ေခါင္းမခဲရေတာ့ပါဘူး။
လက္ရွိမွာေတာ့ ဒီစိတ္ကူးအတြက္အၾကမ္းထည္ကို ၂၀၂၀ေႏွာင္းပိုင္းမွ လက္စသတ္မွာျဖစ္လို႕ အရမ္းၾကီးစိတ္လႈပ္ရွားမေနပါနဲ႕ဦး။ ၂၀၂၁ေလာက္မွ ဒီပေရာဂ်က္ရဲ႕ အသီးအပြင့္ေတြကို ျမင္ရမွာပါ။
CNBC ရဲ႕ ေျပာၾကားခ်က္အရ သူတို႕ေတြဟာ လံုျခံဳေရးထုတ္ကုန္ေတြျဖစ္တဲ့ smart locks, gas sensors, smoke alarms, security cameras, smart electrical plugs, window blinds, thermostats တို႕ကို အာရံုစုိက္လိမ့္မယ္လို႕ သိရပါတယ္။ အဲဒီေနာက္မွ အျခားထုတ္ကုန္ေတြကို သြားမွာပါ။
ေစ်းကြက္သုေတသနပညာရွင္ေတြကေတာ့ ၂၀၁၉အကုန္မွာ smart home ထုတ္ကုန္ေစ်းကြက္ဟာ ၈၁၅မီလ်ံရွိျပီးေတာ့ ၂၀၂၃မွာ ၁.၄ဘီလ်ံေလာက္ တိုးလာလိမ့္မယ္လို႕ သံုးသပ္ၾကပါတယ္။

Ref : techspot

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.