Huawei နဲ့ အလုပ်တွဲလုပ်ဖို့ လိုင်စင်ချပေးခြင်းခံရတဲ့ Micron

0
384

[Unicode]

Huawei ကို သူ့ရဲ့ထုတ်ကုန်ပစ္စည်းတွေရောင်းချနိုင်ဖို့အတွက် ယူအက်စ်အစိုးရကို တောင်းခံထားတဲ့ လိုင်စင်တွေအားလုံး ရခဲ့ပြီလို့ Micron က ပြောပါတယ်။
Memory နဲ့ storage လုပ်ငန်းလေးတစ်ခုဖြစ်တဲ့ Micron ဟာ chip ဈေးကွက်ကျဆင်းလာမှုနဲ့အတူ ယူအက်စ်နဲ့တရုတ်ကြားက ကုန်သွယ်ရေးပိတ်ပင်မှုတွေကြောင့်ပါ အတော်လေးရုန်းကန်နေရပါတယ်။
Huawei ကို အမျိုးသားလုံခြုံရေးစီမံကိန်းတစ်ခုအနေနဲ့ ပိတ်ပင်ဖို့အတွက် လုပ်ဆောင်ခဲ့တာဖြစ်လို့ ယူအက်စ်လုပ်ငန်းတွေနဲ့ Huawei ကြားမှာ ဘယ်လိုလုပ်ငန်းလုပ်ကိုင်ခြင်းကိုမှ ခွင့်မပြုခဲ့ပါဘူး။
Micron Huawei
Huawei ဟာ Idaho အခြေစိုက်ထားတဲ့ Micron ရဲ့ အကြီးမားဆုံးသောဖောက်သည်တစ်ယောက်ဖြစ်ပြီးတော့ Huawei ကိုရောင်းရပြီး အခြားသူတွေကို မရောင်းရဘူးဆိုရင်လည်း Micron အတွက်တော့ ဝင်ငွေထိခိုက်နေဦးမှာပါ။
Huawei ဟာ သူ့ရဲ့ထုတ်ကုန်တွေဟာ လုံခြုံရေးအန္တရာယ်ရှိလာနိုင်တယ်ဆိုတဲ့ စွပ်စွဲချက်ကိုငြင်းဆိုထားသလို ယူအက်စ်ဘက်ကလည်း သက်သေအထောက်အထားတော့ မပြနိုင်ခဲ့သေးပါဘူး။ ယူအက်စ်လုပ်ငန်းအတော်များများကလည်း အခုလိုပိတ်ပင်ထားခြင်းအပေါ် အပြစ်တင်ဝေဖန်မှုတွေ ပြုလုပ်နေကြပါတယ်။ ဒါဟာ သူတို့အတွက် ဝင်ငွေစီးကြောင်းတစ်ခုကို ပိတ်ပင်သွားစေလို့ပါ။
ထိခိုက်မှုနည်းပါးနိုင်တဲ့ ကုန်ပစ္စည်းတွေရောင်းချချင်တဲ့သူတွေအတွက်တော့ လိုင်စင်တွေကို ချပေးလိုက်ခြင်းအားဖြင့် ဒီကိစ္စကို ညင်သာစွာကိုင်တွယ်လိုက်တယ်လို့ မြင်ပါတယ်။ Microsoft ဟာ Huawei ကို Windows 10 operating system ထောက်ပံ့ဖို့အတွက် လိုင်စင်ရထားတဲ့ နာမည်ကြီးလုပ်ငန်းတစ်ခုဖြစ်ပါတယ်။
Micron ကလည်း ကွာတား ၂ မှာ bottom ထိုင်နေရတယ်လို့ ရင်းနှီးမြှုပ်နှံသူတွေကတစ်ဆင့် သိရပါတယ်။ ဒါပေမယ့်လည်း လာမယ့်ကွာတားမှာတော့ ပြန်လည်ဦးမော့လာနိုင်ဖို့ မျှော်မှန်းထားပါတယ်။ ဒါပေမယ့်လည်း အကျိုးအမြတ်များမယ်လို့ အာမမခံနိုင်သေးပါဘူး။ အကြောင်းကတော့ Huawei ရဲ့ဟန်းဆက်အသစ်တွေနဲ့ သူတို့ပစ္စည်းတွေက ကိုက်ညီပြီးအဆင်ပြေပါ့မလား မသေချာသေးလို့ပါ။
“သူတို့နဲ့ ပြန်ပြီးတော့လက်တွဲနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ရဲ့ထုတ်ကုန်တွေကိုလည်း အရည်အသွေးမီအောင် ကြိုးစားသွားမှာဖြစ်လို့ လအနည်းငယ်အတွင်းမှာ အခြေအနေပြန်ကောင်းလာနိုင်မှာပါ။ ”

[Zawgyi]

Huawei ကို သူ႕ရဲ႕ထုတ္ကုန္ပစၥည္းေတြေရာင္းခ်ႏုိင္ဖို႕အတြက္ ယူအက္စ္အစိုးရကို ေတာင္းခံထားတဲ့ လိုင္စင္ေတြအားလံုး ရခဲ့ျပီလို႕ Micron က ေျပာပါတယ္။
Memory နဲ႕ storage လုပ္ငန္းေလးတစ္ခုျဖစ္တဲ့ Micron ဟာ chip ေစ်းကြက္က်ဆင္းလာမႈနဲ႕အတူ ယူအက္စ္နဲ႕တရုတ္ၾကားက ကုန္သြယ္ေရးပိတ္ပင္မႈေတြေၾကာင့္ပါ အေတာ္ေလးရုန္းကန္ေနရပါတယ္။
Huawei ကို အမ်ိဳးသားလံုျခံဳေရးစီမံကိန္းတစ္ခုအေနနဲ႕ ပိတ္ပင္ဖို႕အတြက္ လုပ္ေဆာင္ခဲ့တာျဖစ္လို႕ ယူအက္စ္လုပ္ငန္းေတြနဲ႕ Huawei ၾကားမွာ ဘယ္လိုလုပ္ငန္းလုပ္ကိုင္ျခင္းကိုမွ ခြင့္မျပဳခဲ့ပါဘူး။
Micron Huawei
Huawei ဟာ Idaho အေျခစိုက္ထားတဲ့ Micron ရဲ႕ အၾကီးမားဆံုးေသာေဖာက္သည္တစ္ေယာက္ျဖစ္ျပီးေတာ့ Huawei ကုိေရာင္းရျပီး အျခားသူေတြကို မေရာင္းရဘူးဆိုရင္လည္း Micron အတြက္ေတာ့ ၀င္ေငြထိခုိက္ေနဦးမွာပါ။
Huawei ဟာ သူ႕ရဲ႕ထုတ္ကုန္ေတြဟာ လံုျခံဳေရးအႏၱရာယ္ရွိလာႏုိင္တယ္ဆိုတဲ့ စြပ္စြဲခ်က္ကိုျငင္းဆိုထားသလို ယူအက္စ္ဘက္ကလည္း သက္ေသအေထာက္အထားေတာ့ မျပႏုိင္ခဲ့ေသးပါဘူး။ ယူအက္စ္လုပ္ငန္းအေတာ္မ်ားမ်ားကလည္း အခုလိုပိတ္ပင္ထားျခင္းအေပၚ အျပစ္တင္ေ၀ဖန္မႈေတြ ျပဳလုပ္ေနၾကပါတယ္။ ဒါဟာ သူတို႕အတြက္ ၀င္ေငြစီးေၾကာင္းတစ္ခုကို ပိတ္ပင္သြားေစလို႕ပါ။
ထိခိုက္မႈနည္းပါးႏုိင္တဲ့ ကုန္ပစၥည္းေတြေရာင္းခ်ခ်င္တဲ့သူေတြအတြက္ေတာ့ လိုင္စင္ေတြကို ခ်ေပးလုိက္ျခင္းအားျဖင့္ ဒီကိစၥကိို ညင္သာစြာကိုင္တြယ္လိုက္တယ္လို႕ ျမင္ပါတယ္။ Microsoft ဟာ Huawei ကို Windows 10 operating system ေထာက္ပံ့ဖို႕အတြက္ လိုင္စင္ရထားတဲ့ နာမည္ၾကီးလုပ္ငန္းတစ္ခုျဖစ္ပါတယ္။
Micron ကလည္း ကြာတား ၂ မွာ bottom ထိုင္ေနရတယ္လို႕ ရင္းႏွီးျမွဳပ္ႏွံသူေတြကတစ္ဆင့္ သိရပါတယ္။ ဒါေပမယ့္လည္း လာမယ့္ကြာတားမွာေတာ့ ျပန္လည္ဦးေမာ့လာႏုိင္ဖို႕ ေမွ်ာ္မွန္းထားပါတယ္။ ဒါေပမယ့္လည္း အက်ိဳးအျမတ္မ်ားမယ္လို႕ အာမမခံႏုိင္ေသးပါဘူး။ အေၾကာင္းကေတာ့ Huawei ရဲ႕ဟန္းဆက္အသစ္ေတြနဲ႕ သူတို႕ပစၥည္းေတြက ကိုက္ညီျပီးအဆင္ေျပပါ့မလား မေသခ်ာေသးလို႕ပါ။
“သူတို႕နဲ႕ ျပန္ျပီးေတာ့လက္တြဲႏုိင္လိမ့္မယ္လို႕ ယံုၾကည္ပါတယ္။ ကၽြန္ေတာ္တို႕ရဲ႕ထုတ္ကုန္ေတြကိုလည္း အရည္အေသြးမီေအာင္ ၾကိဳးစားသြားမွာျဖစ္လို႕ လအနည္းငယ္အတြင္းမွာ အေျခအေနျပန္ေကာင္းလာႏုိင္မွာပါ။ ”

Ref : techradar

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.