Clamshell-Style Galaxy Fold လေးကို အွန်လိုင်းမှာ တွေ့မြင်ရ

0
757

[Unicode]

Samsung ရဲ့ နောက်ထပ်ခေါက်နိုင်တဲ့စမတ်ဖုန်းလေးကို ပြသထားတဲ့ပုံရိပ်လေးတွေကတော့ Weibo ပေါ်မှာ မြင်နေရပါတယ်။ Galaxy Fold ရဲ့ မျိုးဆက်သစ်လေးကို ရှုစားကြပါဦး။
Ice Universe ရဲ့ ပထမဆုံးရှာဖွေတွေ့ရှိမှုကြောင့် ဒီပုံလေးဟာ ပုံမှန်ခေါက်ဖုန်းရဲ့ clamshell စတိုင်လ်လေးကို လက်ထဲမှာထည့်ရတာအဆင်ပြေအောင် လုပ်ထားတဲ့ပုံလေးဆိုတာ မြင်တွေ့ခွင့်ရခဲ့ပါတယ်။ အိတ်ထောင်ထဲကို ထည့်ရလွယ်တဲ့အရွယ်အစားလေးပါ့။ နောက်ကျောမှာတော့ ကင်မရာနှစ်လုံးမြင်တွေ့ရပြီးတော့ ဒီဂျစ်တယ်နာရီလေးလည်း မြင်တွေ့ရပါတယ်။
Bloomberg က မတ်လတုန်းက Galaxy Fold ထုတ်လုပ်ပြီးနောက်မှာ နောက်ထပ် ခေါက်နိုင်တဲ့စမတ်ဖုန်းမော်ဒယ်လ်နှစ်မျိုး စီစဉ်နေတယ်လို့ သတင်းဖြန့်ခဲ့ပါတယ်။ တစ်ခုကတော့ clamshell ပုံစံ အပေါ်ကနေ အောက်ကိုချိုးထားတာဖြစ်ပြီးတော့ နောက်တစ်ခုက high-end အမျိုးအစားဖြစ်ပါတယ်။
Samsung ဟာ အောက်တိုဘာမှာတုန်းက clamshell အတွက် concept ပုံလေးတွေကို မျှဝေခဲ့ဖူးပါတယ်။ Samsung ဆီကနေ အချက်အလက်အသေးစိတ်ကို မသိရသေးပေမယ့်လည်း Bloomberg ရဲ့ ရေးသားချက်အရဆိုရင်တော့ Galaxy Fold clamshell လေးကို ဖေဖော်ဝါရီလထဲမှာ Galaxy S11 နဲ့တွဲဖက်မြင်တွေ့ရနိုင်ပါတယ်။


Galaxy Fold ရဲ့ မျိုးဆက်သစ်လေးမှာတော့ Galaxy S11လိုပဲ ကင်မရာငါးလုံးထည့်သွင်းထားမှာပါ။ ဒါပေမယ့်လည်း ပေါက်ကြားလာတဲ့ပုံရိပ်တွေမှာတော့ ကင်မရာနှစ်လုံးပဲ မြင်တွေ့ရပါသေးတယ်။ Samsung အနေနဲ့ flip ဖုန်းရဲ့ကျောဘက်မှာ အဲလောက်ထည့်ရတာ အဆင်မပြေဘူးလို့ မြင်နေပုံရပါတယ်။ ကျွန်တော်တို့စောင့်ကြည့်ရမှာပါ။
Clamshell ပုံစံ Galaxy Fold လေးဟာ ဒေါ်လာ၁၉၈၀ တန်တဲ့ အရင်မျိုးဆက်ထက်တော့ ဈေးသက်သာမှာပါ။ ပြီးခဲ့တဲ့လမှာ Motorola ကလည်း Razr brand ကို ပြန်လည်အသက်သွင်းတဲ့အနေနဲ့ Android ဖုန်းတစ်လုံးမိတ်ဆက်ခဲ့ပါတယ်။ သူကတော့ ၁၄၉၉ဒေါ်လာဖြစ်ပြီးတော့ ဇန်နဝါရီလမှာ ဖြန့်ချိမှာပါ။ Samsung အနေနဲ့ ဈေးချမလား။ ဘယ်လိုတွေလုပ်မလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။
Apple ကတော့ ခေါက်နိုင်တဲ့စမတ်ဖုန်းလုပ်နေတယ်လို့ မကြားမိသေးပါဘူး။ အရင်တုန်းက Apple ဟာ ခေါက်နိုင်တဲ့ display နည်းပညာတွေ patent တင်ခဲ့ဖူးတာ မှတ်မိနေကြမှာပါ။ နောက်ပြီး Samsung က Apple ဆီကို ခေါက်နိုင်တဲ့ display နမူနာတွေပြထားတယ်လို့လည်း သတင်းထွက်နေသေးတယ်ဆိုတော့ . . .

[Zawgyi]

Samsung ရဲ႕ ေနာက္ထပ္ေခါက္ႏုိင္တဲ့စမတ္ဖုန္းေလးကို ျပသထားတဲ့ပံုရိပ္ေလးေတြကေတာ့ Weibo ေပၚမွာ ျမင္ေနရပါတယ္။ Galaxy Fold ရဲ႕ မ်ိဳးဆက္သစ္ေလးကို ရွဳစားၾကပါဦး။
Ice Universe ရဲ႕ ပထမဆံုးရွာေဖြေတြ႕ရွိမႈေၾကာင့္ ဒီပံုေလးဟာ ပံုမွန္ေခါက္ဖုန္းရဲ႕ clamshell စတိုင္လ္ေလးကို လက္ထဲမွာထည့္ရတာအဆင္ေျပေအာင္ လုပ္ထားတဲ့ပံုေလးဆိုတာ ျမင္ေတြ႕ခြင့္ရခဲ့ပါတယ္။ အိတ္ေထာင္ထဲကို ထည့္ရလြယ္တဲ့အရြယ္အစားေလးပါ့။ ေနာက္ေက်ာမွာေတာ့ ကင္မရာႏွစ္လံုးျမင္ေတြ႕ရျပီးေတာ့ ဒီဂ်စ္တယ္နာရီေလးလည္း ျမင္ေတြ႕ရပါတယ္။
Bloomberg က မတ္လတုန္းက Galaxy Fold ထုတ္လုပ္ျပီးေနာက္မွာ ေနာက္ထပ္ ေခါက္ႏုိင္တဲ့စမတ္ဖုန္းေမာ္ဒယ္လ္ႏွစ္မ်ိဳး စီစဥ္ေနတယ္လို႕ သတင္းျဖန္႕ခဲ့ပါတယ္။ တစ္ခုကေတာ့ clamshell ပံုစံ အေပၚကေန ေအာက္ကိုခ်ိဳးထားတာျဖစ္ျပီးေတာ့ ေနာက္တစ္ခုက high-end အမ်ိဳးအစားျဖစ္ပါတယ္။
Samsung ဟာ ေအာက္တိုဘာမွာတုန္းက clamshell အတြက္ concept ပံုေလးေတြကို မွ်ေ၀ခဲ့ဖူးပါတယ္။ Samsung ဆီကေန အခ်က္အလက္အေသးစိတ္ကို မသိရေသးေပမယ့္လည္း Bloomberg ရဲ႕ ေရးသားခ်က္အရဆိုရင္ေတာ့ Galaxy Fold clamshell ေလးကို ေဖေဖာ္၀ါရီလထဲမွာ Galaxy S11 နဲ႕တြဲဖက္ျမင္ေတြ႕ရႏုိင္ပါတယ္။


Galaxy Fold ရဲ႕ မ်ိဳးဆက္သစ္ေလးမွာေတာ့ Galaxy S11လိုပဲ ကင္မရာငါးလံုးထည့္သြင္းထားမွာပါ။ ဒါေပမယ့္လည္း ေပါက္ၾကားလာတဲ့ပံုရိပ္ေတြမွာေတာ့ ကင္မရာႏွစ္လံုးပဲ ျမင္ေတြ႕ရပါေသးတယ္။ Samsung အေနနဲ႕ flip ဖုန္းရဲ႕ေက်ာဘက္မွာ အဲေလာက္ထည့္ရတာ အဆင္မေျပဘူးလို႕ ျမင္ေနပံုရပါတယ္။ ကၽြန္ေတာ္တို႕ေစာင့္ၾကည့္ရမွာပါ။
Clamshell ပံုစံ Galaxy Fold ေလးဟာ ေဒၚလာ၁၉၈၀ တန္တဲ့ အရင္မ်ိဳးဆက္ထက္ေတာ့ ေစ်းသက္သာမွာပါ။ ျပီးခဲ့တဲ့လမွာ Motorola ကလည္း Razr brand ကို ျပန္လည္အသက္သြင္းတဲ့အေနနဲ႕ Android ဖုန္းတစ္လံုးမိတ္ဆက္ခဲ့ပါတယ္။ သူကေတာ့ ၁၄၉၉ေဒၚလာျဖစ္ျပီးေတာ့ ဇန္န၀ါရီလမွာ ျဖန္႕ခ်ိမွာပါ။ Samsung အေနနဲ႕ ေစ်းခ်မလား။ ဘယ္လိုေတြလုပ္မလဲဆိုတာ စိတ္၀င္စားဖို႕ေကာင္းေနပါတယ္။
Apple ကေတာ့ ေခါက္ႏုိင္တဲ့စမတ္ဖုန္းလုပ္ေနတယ္လို႕ မၾကားမိေသးပါဘူး။ အရင္တုန္းက Apple ဟာ ေခါက္ႏုိင္တဲ့ display နည္းပညာေတြ patent တင္ခဲ့ဖူးတာ မွတ္မိေနၾကမွာပါ။ ေနာက္ျပီး Samsung က Apple ဆီကို ေခါက္ႏုိင္တဲ့ display နမူနာေတြျပထားတယ္လ္ို႕လည္း သတင္းထြက္ေနေသးတယ္ဆိုေတာ့ . . .

Ref : macrumors

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.