Kirin 990 နဲ့အတူ Huawei Mate X ရဲ့ ပိုမိုကောင်းမွန်သောအပြောင်းအလဲများကို MWC 2020 တွင်တွေ့ရှိနိုင်

0
400

[Unicode]

Huawei Mate X ခေါက်နိုင်တဲ့စမတ်ဖုန်းလေးကို လက်ရှိမှာတော့ တရုတ်နိုင်ငံမှာသာ ဝယ်ယူူအသုံးပြုနိုင်ပြီး Kirin 980 ပရိုဆက်ဆာကို အသုံးပြုထားပါတယ်။ Kirin 990 chipset နဲ့အတူ ၂၀၂၀ မတ်လမှာ ပြည်တွင်းဈေးကွက်ကို ဖြန့်ချိဖို့စီစဉ်နေကြောင်း သိရပါတယ်။ ကြည့်ရတာတော့ အနောက်နိုင်ငံတွေအတွက်လည်း ဖြန့်ဖို့ရှိလောက်ပါတယ်။
Huawei စားသုံးသူစီးပွားရေးအုပ်စုရဲ့ အမှုဆောင်အရာရှိချုပ် Richard Yu ရဲ့ပြောကြားချက်အရ
ဖုန်းအသစ်လေးဟာ Kirin 990၊ ပိုကောင်းတဲ့ပတ္တာနဲ့ ပိုမိုခံနိုင်ရည်ရှိသည့်မျက်နှာပြင် ပါဝင်လိမ့်မယ်လို့ Frandroid ကို ပြောကြားခဲ့ပါတယ်။
ပြန်လည်ပြင်ဆင်ထားသောမော်ဒယ်ရဲ့ မျက်နှာပြင်ဟာ standard Mate X နဲ့ ဘယ်လောက်ကွာခြားမလဲဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒါပေမယ့် ခေါက်သိမ်းနိုင်တဲ့ဖုန်းတွေအားလုံးဟာ ပလပ်စတစ်မျက်နှာပြင်တွေကို အများဆုံးအသုံးပြုတဲ့အတွက်ကြောင့် သီအိုရီအရတော့ ခြစ်ရာတွေဖြစ်နိုင်ပါတယ်။ ဒါကြောင့် Huawei အနေနဲ့ ခြစ်ရာခုခံမှုကို ပိုမိုကောင်းမွန်အောင် ပြသခြင်း ဒါမှမဟုတ် အခြားနည်းပညာတွေကို အသုံးပြုထားတာကို ပြသလာနိုင်ပါတယ်။
ပြင်ဆင်ထားတဲ့ Mate X လေးကို စပိန်နိုင်ငံမှာကျင်းပမယ့် MWC 2020 မှာ မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒါ့အပြင် Mate X ကို ၂၀၂၀ရဲ့ ပထမကွာတားမှာ ဥရောပကိုရောက်လိမ့်မယ်လို့ ပြောခဲ့ပါတယ်။ ဒါက ပြင်ဆင်ထားတဲ့ဟာလား standard လား မသဲကွဲပါဘူး။
ဘယ်လိုပဲဖြစ်ဖြစ်ပါ။ Huawei Mate X အနေနဲ့ Google Play ဝန်ဆောင်မှုတွေ ထည့်သွင်းလို့မရသေးပါဘူး။ ဒါဟာ အမေရိကန်ရဲ့ Huawei အပေါ် ကုန်သွယ်မှုတားမြစ်ခြင်းတွေကြောင့်ဖြစ်တာ အားလုံးသိထားမှာပါ။
Huawei Mate X ကြိုက်သူလား။ Samsung Galaxy Fold ဖန်လား။ ခွဲကြည့်ရအောင်။

[Zawgyi]

Huawei Mate X ေခါက္ႏုိင္တဲ့စမတ္္ဖုန္းေလးကို လက္ရွိမွာေတာ့ တရုတ္ႏုိင္ငံမွာသာ ၀ယ္ယူူအသံုးျပဳႏုိင္ျပီး Kirin 980 ပ႐ိုဆက္ဆာကို အသံုးျပဳထားပါတယ္။ Kirin 990 chipset နဲ႕အတူ ၂၀၂၀ မတ္လမွာ ျပည္တြင္းေစ်းကြက္ကို ျဖန္႕ခ်ိဖို႕စီစဥ္ေနေၾကာင္း သိရပါတယ္။ ၾကည့္ရတာေတာ့ အေနာက္ႏုိင္ငံေတြအတြက္လည္း ျဖန္႕ဖို႕ရွိေလာက္ပါတယ္။
Huawei စားသုံးသူစီးပြားေရးအုပ္စုရဲ႕ အမႈေဆာင္အရာရွိခ်ဳပ္ Richard Yu ရဲ႕ေျပာၾကားခ်က္အရ
ဖုန္းအသစ္ေလးဟာ Kirin 990၊ ပိုေကာင္းတဲ့ပတၱာနဲ႕ ပိုမိုခံႏိုင္ရည္ရွိသည့္မ်က္ႏွာျပင္ ပါ၀င္လိမ့္မယ္လို႕ Frandroid ကို ေျပာၾကားခဲ့ပါတယ္။
ျပန္လည္ျပင္ဆင္ထားေသာေမာ္ဒယ္ရဲ႕ မ်က္ႏွာျပင္ဟာ standard Mate X နဲ႕ ဘယ္ေလာက္ကြာျခားမလဲဆိုတာကေတာ့ ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး။ ဒါေပမယ့္ ေခါက္သိမ္းႏုိင္တဲ့ဖုန္းေတြအားလံုးဟာ ပလပ္စတစ္မ်က္ႏွာျပင္ေတြကို အမ်ားဆံုးအသံုးျပဳတဲ့အတြက္ေၾကာင့္ သီအိုရီအရေတာ့ ျခစ္ရာေတြျဖစ္ႏုိင္ပါတယ္။ ဒါေၾကာင့္ Huawei အေနနဲ႕ ျခစ္ရာခုခံမႈကို ပိုမိုေကာင္းမြန္ေအာင္ ျပသျခင္း ဒါမွမဟုတ္ အျခားနည္းပညာေတြကို အသံုးျပဳထားတာကို ျပသလာႏုိင္ပါတယ္။
ျပင္ဆင္ထားတဲ့ Mate X ေလးကို စပိန္ႏုိင္ငံမွာက်င္းပမယ့္ MWC 2020 မွာ ျမင္ေတြ႕ရမွာျဖစ္ပါတယ္။ ဒါ့အျပင္ Mate X ကို ၂၀၂၀ရဲ႕ ပထမကြာတားမွာ ဥေရာပကိုေရာက္လိမ့္မယ္လို႕ ေျပာခဲ့ပါတယ္။ ဒါက ျပင္ဆင္ထားတဲ့ဟာလား standard လား မသဲကြဲပါဘူး။
ဘယ္လုိုပဲျဖစ္ျဖစ္ပါ။ Huawei Mate X အေနနဲ႕ Google Play ၀န္ေဆာင္မႈေတြ ထည့္သြင္းလို႕မရေသးပါဘူး။ ဒါဟာ အေမရိကန္ရဲ႕ Huawei အေပၚ ကုန္သြယ္မႈတားျမစ္ျခင္းေတြေၾကာင့္ျဖစ္တာ အားလံုးသိိထားမွာပါ။
Huawei Mate X ၾကိဳက္သူလား။ Samsung Galaxy Fold ဖန္လား။ ခြဲၾကည့္ရေအာင္။

Ref : androidauthority

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.