Google Cloud ဟာ ပူးပေါင်းမှုအသစ်တွေနဲ့အတူ လုံခြုံရေးတိုးမြှင့်လာ

0
391

[Unicode]

Google Cloud ဟာ ပူးပေါင်းမှုအသစ်တွေ၊ ပြုပြင်ပြောင်းလဲခြင်းတွေနဲ့အတူ သူတို့ရဲ့ လုံခြုံရေးကာကွယ်မှုကို သိသိသာသာတိုးမြှင့်ခဲ့ပါတယ်။
Google Cloud ပလက်ဖောင်းကိုဖြတ်ပြီးတော့ သူတို့ရဲ့ဒေတာအသုံးချပရိုဂရမ်တွေကို ရွှေ့တဲ့အခါ ဒါမှမဟုတ် လည်ပတ်သုံးစွဲတဲ့အခါမှာ သုံးစွဲသူတွေ ဘေးကင်းလုံခြုံစေတာ သေချာဖို့အတွက် သူတို့အနေနဲ့ မိတ်ဖက်လုပ်ငန်းအတော်များများနဲ့ လက်တွဲလုပ်ဆောင်ထားပါတယ်။
ကော်ပိုရေးရှင်းဆိုင်ရာဒုတိယဥက္ကဌ ကီဗင်အိုင်ချန်ရနီက အဖွဲ့အစည်းတစ်ခုစီအတွက်၊ သင့်ရဲ့ cloud လမ်းကြောင်းအဆင့်တိုင်းမှာ application အနည်းငယ်ကိုပြောင်းရွှေ့တာဖြစ်ဖြစ်၊ မစ်ရှင်အတွက်အရေးကြီးတဲ့ အလုပ်ပမာဏတစ်ခုလုံးကို လုပ်ဆောင်နေတာပဲဖြစ်ဖြစ် လုံခြုံရေးက အဓိကအချက်တစ်ခုဖြစ်တယ်လို့ ပြောပါတယ်။
ကာကွယ်စောင့်ရှောက်ရေး
McAfee, Palo Alto Networks နဲ့ Qualys တို့မှာအလုပ်လုပ်နိုင်တဲ့ endpoint လုံခြုံရေးစီမံခန့်ခွဲမှုနည်းလမ်းသစ်ကို ဖြည့်စွက်ထားသလို Google Cloud အတွက် Citrix Workspace ကိုလည်း ထပ်မံထည့်သွင်းထားပါတယ်။ ခွဲခြမ်းစိတ်ဖြာရေးကိရိယာများနဲ့အတူ signin ၊ authentication အတွက်လည်း G Suite နဲ့ ပူးပေါင်းသွားဖို့ရှိနေပါတယ်။
container workload တွေအတွက် လုံခြုံရေး၊ ခြိမ်းခြောက်မှုကာကွယ်တားဆီးရေးနဲ့ လိုက်နာမှုအတွက် MVISION cloud-based system ကို McAfee နဲ့ ပူးပေါင်းလုပ်ဆောင်နေပါတယ်။
McAfee ရဲ့ ထုတ်ကုန်နှင့်ဈေးကွက်ရှာဖွေရေးဒုဥက္ကဌ Anand Ramanathan ပြောတာကတော့ သုံးစွဲသူတွေဟာ လုံခြုံရေးဆိုင်ရာကာကွယ်မှုတွေကြောင့် အရေးကြီးတဲ့ဝန်ဆောင်မှုနဲ့ အသုံးချပရိုဂရမ်များကို Cloud သို့ရွှေ့ပြောင်းဖို့ရွေးချယ်ခြင်း ဖြစ်ပါတယ်။
ဒီလုပ်ငန်းအများစုက Google Cloud ကို ရွေးချယ်အသုံးပြုကြတာဖြစ်လို့ သုံးစွဲသူတွေအတွက် ဒေတာကာကွယ်မှုနဲ့ ခြိမ်းခြောက်မှုကာကွယ်ခြင်းအကျိုးကျေးဇူးတွေကို ယူဆောင်လာနိုင်ဖို့အတွက် ကျွန်တော်တို့လုပ်ဆောင်နေတာဖြစ်လို့ စိတ်လှုပ်ရှားမိပါတယ်။
သုံးစွဲသူတွေက သူတို့နှစ်သက်တဲ့ကိရိယာတွေနဲ့ အလုပ်လုပ်နိုင်စေဖို့အတွက် Google Cloud ဟာ Deloitte, IBM Security, Wiproနဲ့ အခြားလုပ်ငန်းတွေနဲ့ပါ ပူးပေါင်းလုပ်ဆောင်ပေးနေတာဖြစ်ပါတယ်။
ဘယ်နေရာမှာပဲရှိနေပါစေ၊ တွေ့ဆုံချင်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုတွေကိုလည်း ထိန်းသိမ်းခွင့်ပြုတယ်။ တခြား cloud တွေပေါ်မှာမရတဲ့လုပ်ဆောင်ချက်တွေကိုလည်း အသုံးပြုနိုင်စေရမယ်လို့ Ichhpurani က ပြောခဲ့ပါတယ်။ သင့်ရဲ့လုပ်ငန်းသုံးနဲ့ သတင်းအချက်အလက်များ ပိုမိုကောင်းမွန်စွာလုံခြုံအောင်ကူညီဖို့အတွက် ကျွန်တော်တို့ဟာ လုံခြုံရေးလုပ်ငန်းနယ်ပယ်က မိတ်ဖက်တွေနဲ့ နီးနီးကပ်ကပ်လုပ်ဆောင်နေတာဖြစ်တယ်လို့လည်း ထပ်လောင်းပြောကြာသွားခဲ့ပါတယ်။

[Zawgyi]

Google Cloud ဟာ ပူးေပါင္းမႈအသစ္ေတြ၊ ျပဳျပင္ေျပာင္းလဲျခင္းေတြနဲ႕အတူ သူတို႕ရဲ႕ လံုျခံဳေရးကာကြယ္မႈကို သိသိသာသာတုိးျမွင့္ခဲ့ပါတယ္။
Google Cloud ပလက္ေဖာင္းကိုျဖတ္ျပီးေတာ့ သူတို႕ရဲ႕ေဒတာအသံုးခ်ပရိုဂရမ္ေတြကို ေရႊ႕တဲ့အခါ ဒါမွမဟုတ္ လည္ပတ္သံုးစြဲတဲ့အခါမွာ သံုးစြဲသူေတြ ေဘးကင္းလံုျခံဳေစတာ ေသခ်ာဖို႕အတြက္ သူတို႕အေနနဲ႕ မိတ္ဖက္လုပ္ငန္းအေတာ္မ်ားမ်ားနဲ႕ လက္္တြဲလုပ္ေဆာင္ထားပါတယ္။
ေကာ္ပိုေရးရွင္းဆိုင္ရာဒုတိယဥကၠဌ ကီဗင္အိုင္ခ်န္ရနီက အဖြဲ႕အစည္းတစ္ခုစီအတြက္၊ သင့္ရဲ႕ cloud လမ္းေၾကာင္းအဆင့္တုိင္းမွာ application အနည္းငယ္ကိုေျပာင္းေရႊ႕တာျဖစ္ျဖစ္၊ မစ္ရွင္အတြက္အေရးၾကီးတဲ့ အလုပ္ပမာဏတစ္ခုလံုးကို လုပ္ေဆာင္ေနတာပဲျဖစ္ျဖစ္ လံုျခံဳေရးက အဓိကအခ်က္တစ္ခုျဖစ္တယ္လို႕ ေျပာပါတယ္။
ကာကြယ္ေစာင့္ေရွာက္ေရး
McAfee, Palo Alto Networks နဲ႕ Qualys တို႕မွာအလုပ္လုပ္ႏုိင္တဲ့ endpoint လုံၿခဳံေရးစီမံခန႔္ခြဲမႈနည္းလမ္းသစ္ကို ျဖည့္စြက္ထားသလို Google Cloud အတြက္ Citrix Workspace ကိုလည္း ထပ္မံထည့္သြင္းထားပါတယ္။ ခြဲျခမ္းစိတ္ျဖာေရးကိရိယာမ်ားနဲ႕အတူ signin ၊ authentication အတြက္လည္း G Suite နဲ႕ ပူးေပါင္းသြားဖို႕ရွိေနပါတယ္။
container workload ေတြအတြက္ လုံၿခဳံေရး၊ ၿခိမ္းေျခာက္မႈကာကြယ္တားဆီးေရးနဲ႕ လိုက္နာမႈအတြက္ MVISION cloud-based system ကို McAfee နဲ႕ ပူးေပါင္းလုပ္ေဆာင္ေနပါတယ္။
McAfee ရဲ႕ ထုတ္ကုန္ႏွင့္ေစ်းကြက္ရွာေဖြေရးဒုဥကၠဌ Anand Ramanathan ေျပာတာကေတာ့ သံုးစြဲသူေတြဟာ လုံၿခဳံေရးဆိုင္ရာကာကြယ္မႈေတြေၾကာင့္ အေရးႀကီးတဲ့၀န္ေဆာင္မႈနဲ႕ အသုံးခ်ပ႐ိုဂရမ္မ်ားကို Cloud သို႔ေ႐ႊ႕ေျပာင္းဖို႕ေ႐ြးခ်ယ္ျခင္း ျဖစ္ပါတယ္။
ဒီလုပ္ငန္းအမ်ားစုက Google Cloud ကို ေရြးခ်ယ္အသံုးျပဳၾကတာျဖစ္လို႕ သံုးစြဲသူေတြအတြက္ ေဒတာကာကြယ္မႈနဲ႕ ၿခိမ္းေျခာက္မႈကာကြယ္ျခင္းအက်ိဳးေက်းဇူးေတြကို ယူေဆာင္လာႏုိင္ဖို႕အတြက္ ကၽြန္ေတာ္တို႕လုပ္ေဆာင္ေနတာျဖစ္လို႕ စိတ္လႈပ္ရွားမိပါတယ္။
သံုးစြဲသူေတြက သူတို႕ႏွစ္သက္တဲ့ကိရိယာေတြနဲ႕ အလုပ္လုပ္ႏုိင္ေစဖို႕အတြက္ Google Cloud ဟာ Deloitte, IBM Security, Wiproနဲ႕ အျခားလုပ္ငန္းေတြနဲ႕ပါ ပူးေပါင္းလုပ္ေဆာင္ေပးေနတာျဖစ္ပါတယ္။
ဘယ္ေနရာမွာပဲရွိေနပါေစ၊ ေတြ႕ဆံုခ်င္ပါတယ္။ ရင္းႏွီးျမွဳပ္ႏွံမႈေတြကိုလည္း ထိန္းသိမ္းခြင့္ျပဳတယ္။ တျခား cloud ေတြေပၚမွာမရတဲ့လုပ္ေဆာင္ခ်က္ေတြကိုလည္း အသံုးျပဳႏုိင္ေစရမယ္လို႕ Ichhpurani က ေျပာခဲ့ပါတယ္။ သင့္ရဲ႕လုပ္ငန္းသံုးနဲ႕ သတင္းအခ်က္အလက္မ်ား ပိုိုမိုေကာင္းမြန္စြာလံုျခံဳေအာင္ကူညီဖို႕အတြက္ ကၽြန္ေတာ္တို႕ဟာ လံုျခံဳေရးလုပ္ငန္းနယ္ပယ္က မိတ္ဖက္ေတြနဲ႕ နီးနီးကပ္ကပ္လုပ္ေဆာင္ေနတာျဖစ္တယ္လို႕လည္း ထပ္ေလာင္းေျပာၾကာသြားခဲ့ပါတယ္။

Ref : techradar

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.