ဒီဇင်ဘာ၂၀ရက်နေ့ ယူကေကိုရောက်လာတော့မယ့် Honor MagicWatch 2

0
465

[Unicode]

Honor ရဲ့ နောက်ဆုံးပေါ် MagicWatch 2 လေးကို တရုတ်နိုင်ငံမှာ ပြီးခဲ့တဲ့လက မိတ်ဆက်ခဲ့ပါတယ်။ နိုင်ငံတကာဈေးကွက်ကိုဖောက်ဖို့အတွက် ကြိုးစားနေခဲ့ပါတယ်။ ဒီဇင်ဘာ၂၀မှာတော့ အဲဒီစမတ်နာရီလေးကို ယူကေမှာ ဝယ်ယူနိုင်တော့မှာဖြစ်ပါတယ်။
MagicWatch 2 လေးကို အနောက်ဥရောပနိုင်ငံတွေအတွက် ၂၀၂၀ အစောပိုင်းမှာ ဖြန့်ချိပေးမယ်လို့လည်း အတည်ပြုထားပါသေးတယ်။ ဘယ်နိုင်ငံတွေလဲ၊ ဘယ်နေ့မှာဖြန့်ချိမလဲဆိုတာကတော့ တိတိကျကျ မပြောထားသေးပါဘူး။
MagicWatch 2 လေးဟာ ဘတ်ထရီသက်တမ်း ၁၄ရက်ပေးထားပြီးတော့ 5ATM water resistance ၊ GPS နဲ့ heart tracking တို့အပြင် အဆင့်မြှင့်ထားတဲ့ swim tracking လည်း ပါဝင်နေပါတယ်။ Kirin A1 chip ၊ 4GB storage နဲ့အတူ ပွဲထွက်လာတာဖြစ်ပြီးတော့ အရွယ်အစားအားဖြင့် 42 နဲ့ 46 mm ဆိုပြီး ရွေးချယ်နိုင်မှာပါ။ နှစ်မျိုးလုံးကို AMOLED screen ၊ 326ppi နဲ့ ထုတ်လုပ်ပေးထားပါတယ်။
MagicWatch 2 သုံးချင်တဲ့သူတွေအနေနဲ့ Amazon နဲ့ eBay မှာ ကြိုတင်အော်ဒါတင်ထားလို့ရနေပါပြီ။ Official sale ကတော့ ဒီဇင်ဘာ၂၀ရက်နေ့ဖြစ်ပြီး ဈေးနှုန်းကတော့ ပေါင်၁၆၀ ဖြစ်ပါတယ်။ မိတ်ဆက်တဲ့နေ့မှာတော့ 46mm Charcoal Black trim ပဲ ရနိုင်ဦးမှာပါ။ 42mm ကတော့ ၂၀၂၀မှ ရမှာဖြစ်ပါတယ်။

[Zawgyi]

Honor ရဲ႕ ေနာက္ဆံုးေပၚ MagicWatch 2 ေလးကို တရုတ္ႏုိင္ငံမွာ ျပီးခဲ့တဲ့လက မိတ္ဆက္ခဲ့ပါတယ္။ ႏုိင္ငံတကာေစ်းကြက္ကိုေဖာက္ဖို႕အတြက္ ၾကိဳးစားေနခဲ့ပါတယ္။ ဒီဇင္ဘာ၂၀မွာေတာ့ အဲဒီစမတ္နာရီေလးကို ယူေကမွာ ၀ယ္ယူႏုိင္ေတာ့မွာျဖစ္ပါတယ္။
MagicWatch 2 ေလးကို အေနာက္ဥေရာပႏုိင္ငံေတြအတြက္ ၂၀၂၀ အေစာပိုင္းမွာ ျဖန္႕ခ်ိေပးမယ္လုိ႕လည္း အတည္ျပဳထားပါေသးတယ္။ ဘယ္ႏုိင္ငံေတြလဲ၊ ဘယ္ေန႕မွာျဖန္႕ခ်ိမလဲဆိုတာကေတာ့ တိတိက်က် မေျပာထားေသးပါဘူး။
MagicWatch 2 ေလးဟာ ဘတ္ထရီသက္တမ္း ၁၄ရက္ေပးထားျပီးေတာ့ 5ATM water resistance ၊ GPS နဲ႕ heart tracking တို႕အျပင္ အဆင့္ျမွင့္ထားတဲ့ swim tracking လည္း ပါ၀င္ေနပါတယ္။ Kirin A1 chip ၊ 4GB storage နဲ႕အတူ ပြဲထြက္လာတာျဖစ္ျပီးေတာ့ အရြယ္အစားအားျဖင့္ 42 နဲ႕ 46 mm ဆိုျပီး ေရြးခ်ယ္ႏုိင္မွာပါ။ ႏွစ္မ်ိဳးလံုးကို AMOLED screen ၊ 326ppi နဲ႕ ထုတ္လုပ္ေပးထားပါတယ္။
MagicWatch 2 သံုးခ်င္တဲ့သူေတြအေနနဲ႕ Amazon နဲ႕ eBay မွာ ၾကိဳတင္ေအာ္ဒါတင္ထားလို႕ရေနပါျပီ။ Official sale ကေတာ့ ဒီဇင္ဘာ၂၀ရက္ေန႕ျဖစ္ျပီး ေစ်းႏႈန္းကေတာ့ ေပါင္၁၆၀ ျဖစ္ပါတယ္။ မိတ္ဆက္တဲ့ေန႕မွာေတာ့ 46mm Charcoal Black trim ပဲ ရႏုိင္ဦးမွာပါ။ 42mm ကေတာ့ ၂၀၂၀မွ ရမွာျဖစ္ပါတယ္။

Ref : gsmarena

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.