တခါမှမမြင်ဖူးတဲ့ဒီဇိုင်းနဲ့ထွက်ရှိလာမယ့် Huawei P40

0
1192

[Unicode]

Huawei P40 ကို ၂၀၂၀မတ်လမှာ မြင်တွေ့ရနိုင်တယ်လို့ မှန်းထားပါတယ်။ ပြီးခဲ့တဲ့မျိုးဆက်နှစ်ခုလုံးမှာတော့ P-series flagship တွေကို မတ်လမှာ ကြေငြာခဲ့လို့ပါ။ အခုတော့ အတည်ပြုလိုက်ပြီဖြစ်တဲ့အတွက်ကြောင့် သေချာသွားပါပြီ။
ပြင်သစ်နည်းပညာဝက်ဘ်ဆိုက်ဖြစ်တဲ့ Frandroid ရဲ့အောက်မှာ အဲဒီဖုန်းကို မတ်လကုန် ပဲရစ်မှာကျင်းပမယ့် ပွဲအခမ်းအနားတစ်ခုမှာ ကြေငြာဖြစ်လိမ့်မယ်လို့ ကွန်မန့်ရေးသားခဲ့တာဖြစ်ပါတယ်။
ရက်အတိအကျကိုပြောမသွားပေမယ့်လည်း Huawei P40 ဟာ ကျွန်တော်တို့မမြင်ဖူးတဲ့ ဒီဇိုင်းနဲ့ ထွက်ရှိလာလိမ့်မယ်လို့ ပြောသွားပါတယ်။ ဒါကြောင့် range တစ်ခုအတွက် အသစ်အဆန်းသာမဟုတ်ဘဲ အခြားသောစမတ်ဖုန်းတွေထက်ကို ထူးခြားနေလိမ့်မယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။
P40 နဲ့ Huawei P40 Pro တို့ဟာ performance နဲ့ ဓါတ်ပုံအရည်အသွေးပိုင်းမှာတော့ တိုးတက်ကောင်းမွန်ပါလိမ့်မယ်။
Huawei P40 မှာ Android 10 ကို ပြုပြင်ထားတဲ့ EMUI interface – HarmonyOS အသစ်ကို သုံးထားမယ်လို့ မှန်းပါတယ်။ Google Play Store နဲ့ Google services ၊ apps တွေတော့ မရနိုင်သေးပါဘူး။
P40 ရဲ့ နိုင်ငံတကာဈေးကွက်ကို ဒီအချက်လေးတွေက ထိခိုက်စေနိုင်ပါတယ်။ တကယ်တော့ ဘယ်ဈေးကွက်တွေကိုဖြန့်မလဲဆိုတာတောင် မသိရသေးပါဘူး။ ပဲရစ်မှာကြေငြာတဲ့အတွက်ကြောင့် ပြင်သစ်နဲ့ အခြားသော ဥရောပနိုင်ငံတွေမှာတော့ ရနိုင်မှာပါ။

[Zawgyi]

Huawei P40 ကို ၂၀၂၀မတ္လမွာ ျမင္ေတြ႕ရႏုိင္တယ္လို႕ မွန္းထားပါတယ္။ ျပီးခဲ့တဲ့မ်ိဳးဆက္ႏွစ္ခုလံုးမွာေတာ့ P-series flagship ေတြကို မတ္လမွာ ေၾကျငာခဲ့လို႕ပါ။ အခုေတာ့ အတည္ျပဳလိုက္ျပီျဖစ္တဲ့အတြက္ေၾကာင့္ ေသခ်ာသြားပါျပီ။
ျပင္သစ္နည္းပညာ၀က္ဘ္ဆိုက္ျဖစ္တဲ့ Frandroid ရဲ႕ေအာက္မွာ အဲဒီဖုန္းကို မတ္လကုန္ ပဲရစ္မွာက်င္းပမယ့္ ပြဲအခမ္းအနားတစ္ခုမွာ ေၾကျငာျဖစ္လိမ့္မယ္လို႕ ကြန္မန္႕ေရးသားခဲ့တာျဖစ္ပါတယ္။
ရက္အတိအက်ကိုေျပာမသြားေပမယ့္လည္း Huawei P40 ဟာ ကၽြန္ေတာ္တို႕မျမင္ဖူးတဲ့ ဒီဇုိင္းနဲ႕ ထြက္ရွိလာလိမ့္မယ္လို႕ ေျပာသြားပါတယ္။ ဒါေၾကာင့္ range တစ္ခုအတြက္ အသစ္အဆန္းသာမဟုတ္ဘဲ အျခားေသာစမတ္ဖုန္းေတြထက္ကို ထူးျခားေနလိမ့္မယ္လို႕ ေျပာခဲ့တာျဖစ္ပါတယ္။
P40 နဲ႕ Huawei P40 Pro တို႕ဟာ performance နဲ႕ ဓါတ္ပံုအရည္အေသြးပိုင္းမွာေတာ့ တုိးတက္ေကာင္းမြန္ပါလိမ့္မယ္။
Huawei P40 မွာ Android 10 ကို ျပဳျပင္ထားတဲ့ EMUI interface – HarmonyOS အသစ္ကို သံုးထားမယ္လို႕ မွန္းပါတယ္။ Google Play Store နဲ႕ Google services ၊ apps ေတြေတာ့ မရႏုိင္ေသးပါဘူး။
P40 ရဲ႕ ႏုိင္ငံတကာေစ်းကြက္ကို ဒီအခ်က္ေလးေတြက ထိခိုက္ေစႏုိင္ပါတယ္။ တကယ္ေတာ့ ဘယ္ေစ်းကြက္ေတြကိုျဖန္႕မလဲဆိုတာေတာင္ မသိရေသးပါဘူး။ ပဲရစ္မွာေၾကျငာတဲ့အတြက္ေၾကာင့္ ျပင္သစ္နဲ႕ အျခားေသာ ဥေရာပႏုိင္ငံေတြမွာေတာ့ ရႏုိင္မွာပါ။

Ref : gsmarena

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.