LG Chem ရဲ့ ထောက်ပံ့မှုအနဲ့အတူ ဘတ်ထရီ ၂၀% ပိုမိုကြီးမားလာနိုင်တဲ့ Galaxy S11+

0
592

[Unicode]

Samsung Galaxy S11+ ရဲ့ဘတ်ထရီဟာ Galaxy S10+ ထက် ပိုမိုကြီးမားနိုင်တယ်လို့ ကိုရီးယားမှသတင်းတစ်ပုဒ်က ပြောထားပါတယ်။
ဟုတ်ပါတယ်။ ကျွန်တော်တို့ဟာ 4,100mAh တွေထက် 5,000mAh ကို မြင်တွေ့ရမယ်လို့ သတင်းအရ ပြောပြချင်ပါတယ်။
သတင်းပေးတဲ့ လုပ်ငန်းနာမည်ကိုပြောပြမထားသော်လည်း ဘတ်ထရီတွေဟာ LG Chem နဲ့ Samsung SDI ဆီက ဖြစ်လိမ့်မယ်လို့ ပြောခဲ့ပါတယ်။ Protection Module Packages (PMPs) လို့ခေါ်တဲ့ အရင်ကထက်နေရာနည်းနည်းသာယူမယ့်ဒီဇိုင်းကြောင့် ပမာဏပိုတိုးတက်လာတာဖြစ်နိုင်တယ်လို့လည်း ပြောနေကြပါတယ်။
LG Chem ဟာ Galaxy S11 အတွက် အရေအတွက်အမြောက်အများထုတ်လုပ်နေပြီဖြစ်တယ်လို့လည်းပြောထားပါသေးတယ်။ ထုတ်လုပ်နေတဲ့နေရာကတော့ တရုတ်နိုင်ငံက Nanjing စက်ရုံမှာပါ။

[Zawgyi]

Samsung Galaxy S11+ ရဲ႕ဘတ္ထရီဟာ Galaxy S10+ ထက္ ပိုမိုၾကီးမားႏုိင္တယ္လို႕ ကိုရီးယားမွသတင္းတစ္ပုဒ္က ေျပာထားပါတယ္။
ဟုတ္ပါတယ္။ ကၽြန္ေတာ္တို႕ဟာ 4,100mAh ေတြထက္ 5,000mAh ကို ျမင္ေတြ႕ရမယ္လို႕ သတင္းအရ ေျပာျပခ်င္ပါတယ္။
သတင္းေပးတဲ့ လုပ္ငန္းနာမည္ကိုေျပာျပမထားေသာ္လည္း ဘတ္ထရီေတြဟာ LG Chem နဲ႕ Samsung SDI ဆီက ျဖစ္လိမ့္မယ္လို႕ ေျပာခဲ့ပါတယ္။ Protection Module Packages (PMPs) လို႕ေခၚတဲ့ အရင္ကထက္ေနရာနည္းနည္းသာယူမယ့္ဒီဇုိင္းေၾကာင့္ ပမာဏပိုတိုးတက္လာတာျဖစ္ႏုိင္တယ္လို႕လည္း ေျပာေနၾကပါတယ္။
LG Chem ဟာ Galaxy S11 အတြက္ အေရအတြက္အေျမာက္အမ်ားထုတ္လုပ္ေနျပီျဖစ္တယ္လို႕လည္းေျပာထားပါေသးတယ္။ ထုတ္လုပ္ေနတဲ့ေနရာကေတာ့ တရုတ္ႏိုင္ငံက Nanjing စက္ရံုမွာပါ။

Ref: pocketnow

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.