Google Calendar ထဲမှာ to-do list ကို တိုက်ရိုက်ဘယ်လိုဆောက်ကြမလဲ

0
680

[Unicode]

Google က သူ့ရဲ့ Calendar နဲ့ Tasks တို့ကိုပေါင်းစပ်လိုက်ပါတယ်။ ဒီတော့ appointments, reminders နဲ့ to-do lists တွေကို တစ်နေရာတည်းမှာသတ်မှတ်ထားနိုင်ပါပြီ။
XDA Developers တွေပြောတဲ့အတိုင်းဆိုရင် Google က အချိန်တစ်ခုကြာအောင် အဲဒီနှစ်ခုကို ပေါင်းစပ်နေခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ သုံးစွဲသူတွေရဲ့တောင်းဆိုမှုကြောင့်ပါ။ အခုတော့ Android အတွက် စမ်းသပ်လို့ရနေပါပြီ။
စမ်းကြည့်ချင်တယ်ဆိုရင်တော့ Google Tasks သွင်းထားပါ။ ပြီးတော့ Google Calendar update (version 2019.47.2-284533606) သွင်းထားရပါမယ်။ Google Play Store မှာ ဗားရှင်းအသစ်မမြင်ဘူးဆိုရင်လည်း အောက်ကလင့်မှာ ဝင်ရောက်ကြည့်ရှုလိုက်ပါ။
https://www.apkmirror.com/apk/google-inc/calendar/calendar-2019-47-2-284533606-release-release/
Google Calendar app လေးကို update တင်ပြီးရင်တော့ ဖွင့်ပြီးတော့ အောက်ခြေနားက အပေါင်းခလုတ်လေးကို နှိပ်လိုက်ပါ။ မမြင်ရသေးဘူးဆိုရင်တော့ server-side က လုပ်ပေးဖို့အတွက် အချိန်တစ်ခုလောက်တော့ စောင့်ရမှာပါ။
အဲဒီဟာလေးတွေက Google Calendar ထဲမှာ notification လေးတွေလိုပဲ လုပ်ဆောင်ပေးပါတယ်။ ဒါပေမယ့် ခွဲခြားဖို့အတွက် အရောင်လေးတွေ သတ်မှတ်ထားလို့ရပါတယ်။
စုစုစည်းစည်းထားပါ
Update လေးကို အားလုံးရသွားပြီဆိုတဲ့အချိန်မှာ Google Tasks app ကို ဆက်လက်ထားရှိဦးမလားဆိုတာ စဉ်းစားစရာတော့ ဖြစ်နေပါတယ်။
Google က ပြီးခဲ့တဲ့လတွေမှာ Calendar အတွက် အရေးပေးလုပ်ဆောင်နေခဲ့ပါတယ်။ ဒီတော့ Tasks ကို ဖြုတ်ချလိုက်မယ်ဆိုရင်တောင် အံ့သြစရာမရှိတော့ပါဘူး။ အောက်တိုဘာတုန်းက Google ဟာ calendar event အသစ်တွေကို browser ရဲ့ address bar ကနေ တိုက်ရိုက်လုပ်ဆောင်လို့ရအောင် လုပ်ပေးခဲ့ပါတယ်။ စက်တင်ဘာလမှာတော့ app ရဲ့ work hour လေးက personal time မှာ meetings တွေမဖန်တီးဖြစ်အောင် ကူညီပေးခဲ့ပါသေးတယ်။

[Zawgyi]

Google က သူ႕ရဲ႕ Calendar နဲ႕ Tasks တို႕ကိုေပါင္းစပ္လုိက္ပါတယ္။ ဒီေတာ့ appointments, reminders နဲ႕ to-do lists ေတြကို တစ္ေနရာတည္းမွာသတ္မွတ္ထားႏုိင္ပါျပီ။
XDA Developers ေတြေျပာတဲ့အတုိင္းဆိုရင္ Google က အခ်ိန္တစ္ခုၾကာေအာင္ အဲဒီႏွစ္ခုကို ေပါင္းစပ္ေနခဲ့ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သံုးစြဲသူေတြရဲ႕ေတာင္းဆိုမႈေၾကာင့္ပါ။ အခုေတာ့ Android အတြက္ စမ္းသပ္လို႕ရေနပါျပီ။
စမ္းၾကည့္ခ်င္တယ္ဆုိရင္ေတာ့ Google Tasks သြင္းထားပါ။ ျပီးေတာ့ Google Calendar update (version 2019.47.2-284533606) သြင္းထားရပါမယ္။ Google Play Store မွာ ဗားရွင္းအသစ္မျမင္ဘူးဆိုရင္လည္း ေအာက္ကလင့္မွာ ၀င္ေရာက္ၾကည့္ရွဳလုိက္ပါ။
https://www.apkmirror.com/apk/google-inc/calendar/calendar-2019-47-2-284533606-release-release/
Google Calendar app ေလးကို update တင္ျပီးရင္ေတာ့ ဖြင့္ျပီးေတာ့ ေအာက္ေျခနားက အေပါင္းခလုတ္ေလးကို ႏွိပ္လုိက္ပါ။ မျမင္ရေသးဘူးဆိုရင္ေတာ့ server-side က လုပ္ေပးဖို႕အတြက္ အခ်ိန္တစ္ခုေလာက္ေတာ့ ေစာင့္ရမွာပါ။
အဲဒီဟာေလးေတြက Google Calendar ထဲမွာ notification ေလးေတြလိုပဲ လုပ္ေဆာင္ေပးပါတယ္။ ဒါေပမယ့္ ခြဲျခားဖို႕အတြက္ အေရာင္ေလးေတြ သတ္မွတ္ထားလို႕ရပါတယ္။
စုစုစည္းစည္းထားပါ
Update ေလးက္ို အားလံုးရသြားျပီဆိုတဲ့အခ်ိန္မွာ Google Tasks app ကို ဆက္လက္ထားရွိဦးမလားဆိုတာ စဥ္းစားစရာေတာ့ ျဖစ္ေနပါတယ္။
Google က ျပီးခဲ့တဲ့လေတြမွာ Calendar အတြက္ အေရးေပးလုပ္ေဆာင္ေနခဲ့ပါတယ္။ ဒီေတာ့ Tasks ကို ျဖဳတ္ခ်လုိက္မယ္ဆိုရင္ေတာင္ အံ့ၾသစရာမရွိေတာ့ပါဘူး။ ေအာက္တုိဘာတုန္းက Google ဟာ calendar event အသစ္ေတြကို browser ရဲ႕ address bar ကေန တုိက္ရုိက္လုပ္ေဆာင္လို႕ရေအာင္ လုပ္ေပးခဲ့ပါတယ္။ စက္တင္ဘာလမွာေတာ့ app ရဲ႕ work hour ေလးက personal time မွာ meetings ေတြမဖန္တီးျဖစ္ေအာင္ ကူညီေပးခဲ့ပါေသးတယ္။

Ref : techradar

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.