CES 2020 မှာ ပထမဆုံးသော concept ဖုန်းကို ပြသသွားမယ့် OnePlus

0
387

[Unicode]

OnePlus ဟာ ဒီနေ့မှာ ခြောက်နှစ်သက်တမ်းပြည့်ခဲ့ပါပြီ။ ပထမဆုံးသော budget flagship killer အဖြစ်ကနေလျှောက်လှမ်းလာခဲ့တာ အခုဆိုရင် ခရီးလမ်းအရှည်ကြီးကို ဖြတ်သန်းခဲ့ရတာပါ။ သူ့ဆီကနေ တစ်နှစ်ကို ဖုန်းလေးမျိုးလောက်မြင်နေရပါပြီ။ ဒါပေမယ့်လည်း OnePlus concept ဖုန်းကို ယနေ့အထိတော့ မမြင်ရသေးပါဘူး။
သူ့ရဲ့ခြောက်နှစ်ပြည့်အခမ်းအနားကို ဆင်နွှဲဖို့အတွက် OnePlus ဟာ CES 2020 trade show မှာ ပထမဆုံးသော concept ဖုန်းလေးကို ပြသမယ်လို့ ကြေငြာခဲ့ပါတယ်။ ဇန်နဝါရီလ၇ရက်နေ့ Wynn Las Vegas မှာ ကျင်းပမယ့် ထူးခြားတဲ့ပွဲအခမ်းအနားလေးမှာ စမ်းသပ်ထားတဲ့ဖုန်းလေးကို ပြသမှာဖြစ်ပါတယ်။
OnePlus Concept One ဟာ နည်းပညာအသစ်နဲ့အတူ အနာဂတ်စမတ်ဖုန်းတွေအတွက် ဒီဇိုင်းတွေကို ချပြသွားမယ်လို့ ပြောပါတယ်။ OnePlus 8 နဲ့ 8 Pro မှာ ဒီနည်းပညာတွေကို မြင်ရမလားဆိုတာလည်း မသေချာသေးတဲ့အနေအထားပါ။ ဒါပေမယ့် နောက်ထပ် ခေါက်နိုင်တဲ့စမတ်ဖုန်းလေးမဖြစ်ဖို့တော့ ဆုတောင်းကြရအောင်။

[Zawgyi]

OnePlus ဟာ ဒီေန႕မွာ ေျခာက္ႏွစ္သက္တမ္းျပည့္ခဲ့ပါျပီ။ ပထမဆံုးေသာ budget flagship killer အျဖစ္ကေနေလွ်ာက္လွမ္းလာခဲ့တာ အခုဆိုရင္ ခရီးလမ္းအရွည္ၾကီးကို ျဖတ္သန္းခဲ့ရတာပါ။ သူ႕ဆီကေန တစ္ႏွစ္ကို ဖုန္းေလးမ်ိဳးေလာက္ျမင္ေနရပါျပီ။ ဒါေပမယ့္လည္း OnePlus concept ဖုန္းကို ယေန႕အထိေတာ့ မျမင္ရေသးပါဘူး။
သူ႕ရဲ႕ေျခာက္ႏွစ္ျပည့္အခမ္းအနားကို ဆင္ႏႊဲဖို႕အတြက္ OnePlus ဟာ CES 2020 trade show မွာ ပထမဆံုးေသာ concept ဖုန္းေလးကို ျပသမယ္လို႕ ေၾကျငာခဲ့ပါတယ္။ ဇန္န၀ါရီလ၇ရက္ေန႕ Wynn Las Vegas မွာ က်င္းပမယ့္ ထူးျခားတဲ့ပြဲအခမ္းအနားေလးမွာ စမ္းသပ္ထားတဲ့ဖုန္းေလးကို ျပသမွာျဖစ္ပါတယ္။
OnePlus Concept One ဟာ နည္းပညာအသစ္နဲ႕အတူ အနာဂတ္စမတ္ဖုန္းေတြအတြက္ ဒီဇုိင္းေတြကို ခ်ျပသြားမယ္လို႕ ေျပာပါတယ္။ OnePlus 8 နဲ႕ 8 Pro မွာ ဒီနည္းပညာေတြကို ျမင္ရမလားဆိုတာလည္း မေသခ်ာေသးတဲ့အေနအထားပါ။ ဒါေပမယ့္ ေနာက္ထပ္ ေခါက္ႏုိင္တဲ့စမတ္ဖုန္းေလးမျဖစ္ဖို႕ေတာ့ ဆုေတာင္းၾကရေအာင္။

Ref : androidpolice

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.