အိန္ဒိယမှာ Realme X2 နဲ့အတူ truly wireless earbuds ကို မိတ်ဆက်

0
669

[Unicode]

Realme X2 နဲ့အတူ ပထမဆုံးသော truly wireless earbuds ကိုလည်း မိတ်ဆက်ခဲ့ပါတယ်
ဒီနေ့မှာတော့ အိန္ဒိယဈေးကွက်အတွက် Realme X2 ကို မိတ်ဆက်ခဲ့ပါတယ်။ တရုတ်အတွက်ကတော့ လွန်ခဲ့တဲ့သုံးလလောက်ကတည်းက မိတ်ဆက်ခဲ့တာပါ။ ဥရောပမှာတော့ flagship Realme X2 Pro နဲ့တွဲဖက်ပြီးတော့ အောက်တိုဘာလမှာ မိတ်ဆက်ခဲ့ပါတယ်။
Realme X2 မှာ 6.4-inch FHD+ Super AMOLED display ၊ 19.5:9 aspect ratio ၊ မျက်နှာပြင်ကိုယ်ထည်အချိုး 91.5% နဲ့ ပွဲထွက်ခဲ့တာပါ။ ထိပ်မှာတော့ ရေစက်ပုံ notch ထည့်သွင်းထားပါတယ်။ Snapdragon 730G processor နဲ့အတူ 8GB RAM ၊ 128GB UFS 2.1 storage တို့ကိုလည်း အသုံးပြုပေးထားပါတယ်။
Realme XT နဲ့တူတာကတော့ Realme X2 ရဲ့ကျောဘက်မှာ ကင်မရာလေးလုံးတပ်ဆင်ထားတာဖြစ်ပါတယ်။ 64MP primary sensor, an 8MP super-wide angle lens, 2MP dedicated macro lens, 2MP depth sensor တို့ကို အသီးသီးနေရာချထားပါတယ်။ ဆယ်လ်ဖီအတွက်ကတော့ 32MP camera ကို ရေစက်ပုံ notch လေးထဲမှာ ထည့်သွင်းထားပါတယ်။ ကြီးမားတဲ့ 4,000mAh ဘတ်ထရီကိုလည်း 30W VOOC 4.0 Flash Charge နည်းပညာနဲ့ပေါင်းဖက်ထားာသလို မျက်နှာပြင်အောက်ကလက်ဗွေစနစ်တွေ၊ USB Type-C တို့ကလည်း စွဲမက်စရာတစ်ခုအဖြစ် မြင်ကြမှာပါ။ Android Pie ကို မွမ်းမံထားတဲ့ ColorOS 6.1 ကို အသုံးပြုထားပါတယ်။
Realme X2 ကို ဒီဇင်ဘာ၂၀ရက်နေ့မှာ Flipkart တို့၊ Realme India online store တို့မှာ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ 4GB RAM ၊ 64GB storage ကတော့ ဒေါ်လာ၂၄၀ ၊ 8GB RAM + 128GB ကတော့ ဒေါ်လာ၂၈၂ ဖြစ်ပါတယ်။ အရောင်အားဖြင့်တော့ Pearl Blue, Pearl Green, Pearl White ဆိုပြီး သုံးမျိုးမြင်တွေ့ရမှာပါ။
ICICI Bank credit card နဲ့ဆိုရင်တော့ လျှော့ဈေး ₹1,500 ခံစားခွင့်ရမှာဖြစ်သလို Jio အသုံးပြုသူတွေကတော့ ₹11,500 အထိ ခံစားနိုင်မှာပါ။ Realme X2 ကို အွန်လိုင်းကနေ စတင်ရောင်းချသွားမှာဖြစ်လို့ မကြာခင်မှာတော့ offline store တွေမှာလည်း ရနိုင်မယ်လို့ ပြောကြားထားပါတယ်။
Realme X2 နဲ့အတူ Realme Buds Air truly wireless earbudsလေးကို ကြေငြာခဲ့ပါသေးတယ်။ ဒီဇိုင်းကတော့ Apple AirPods လိုဖြစ်ပြီး Realme Buds Air ဟာ music playback အတွက် ၁၇နာရီ ပေးထားပါတယ်။ ဈေးနှုန်းကတော့ ၅၆ဒေါ်လာဖြစ်ပါတယ်။ Realme Buds Air ကိုလည်း Flipkart နဲ့ Realme.com တို့မှာ ဝယ်ယူနိုင်ပြီဖြစ်ပါတယ်။

[Zawgyi]

Realme X2 နဲ႕အတူ ပထမဆံုးေသာ truly wireless earbuds ကိုလည္း မိတ္ဆက္ခဲ့ပါတယ္
ဒီေန႕မွာေတာ့ အိႏၵိယေစ်းကြက္အတြက္ Realme X2 ကို မိတ္ဆက္ခဲ့ပါတယ္။ တရုတ္အတြက္ကေတာ့ လြန္ခဲ့တဲ့သံုးလေလာက္ကတည္းက မိတ္ဆက္ခဲ့တာပါ။ ဥေရာပမွာေတာ့ flagship Realme X2 Pro နဲ႕တြဲဖက္ျပီးေတာ့ ေအာက္တုိဘာလမွာ မိတ္ဆက္ခဲ့ပါတယ္။
Realme X2 မွာ 6.4-inch FHD+ Super AMOLED display ၊ 19.5:9 aspect ratio ၊ မ်က္ႏွာျပင္ကိုယ္ထည္အခ်ိဳး 91.5% နဲ႕ ပြဲထြက္္ခဲ့တာပါ။ ထိပ္မွာေတာ့ ေရစက္ပံု notch ထည့္သြင္းထားပါတယ္။ Snapdragon 730G processor နဲ႕အတူ 8GB RAM ၊ 128GB UFS 2.1 storage တို႕ကိုလည္း အသံုးျပဳေပးထားပါတယ္။
Realme XT နဲ႕တူတာကေတာ့ Realme X2 ရဲ႕ေက်ာဘက္မွာ ကင္မရာေလးလံုးတပ္ဆင္ထားတာျဖစ္ပါတယ္။ 64MP primary sensor, an 8MP super-wide angle lens, 2MP dedicated macro lens, 2MP depth sensor တို႕ကို အသီးသီးေနရာခ်ထားပါတယ္။ ဆယ္လ္ဖီအတြက္ကေတာ့ 32MP camera ကို ေရစက္ပံု notch ေလးထဲမွာ ထည့္သြင္းထားပါတယ္။ ၾကီးမားတဲ့ 4,000mAh ဘတ္ထရီကိုလည္း 30W VOOC 4.0 Flash Charge နည္းပညာနဲ႕ေပါင္းဖက္ထားာသလို မ်က္ႏွာျပင္ေအာက္ကလက္ေဗြစနစ္ေတြ၊ USB Type-C တို႕ကလည္း စြဲမက္စရာတစ္ခုအျဖစ္ ျမင္ၾကမွာပါ။ Android Pie ကို မြမ္းမံထားတဲ့ ColorOS 6.1 ကို အသံုးျပဳထားပါတယ္။
Realme X2 ကို ဒီဇင္ဘာ၂၀ရက္ေန႕မွာ Flipkart တို႕၊ Realme India online store တို႕မွာ ၀ယ္ယူႏုိင္မွာျဖစ္ပါတယ္။ 4GB RAM ၊ 64GB storage ကေတာ့ ေဒၚလာ၂၄၀ ၊ 8GB RAM + 128GB ကေတာ့ ေဒၚလာ၂၈၂ ျဖစ္ပါတယ္။ အေရာင္အားျဖင့္ေတာ့ Pearl Blue, Pearl Green, Pearl White ဆိုျပီး သံုးမ်ိဳးျမင္ေတြ႕ရမွာပါ။
ICICI Bank credit card နဲ႕ဆိုရင္ေတာ့ ေလွ်ာ့ေစ်း ₹1,500 ခံစားခြင့္ရမွာျဖစ္သလို Jio အသံုးျပဳသူေတြကေတာ့ ₹11,500 အထိ ခံစားႏုိင္မွာပါ။ Realme X2 ကို အြန္္လုိင္းကေန စတင္ေရာင္းခ်သြားမွာျဖစ္လို႕ မၾကာခင္မွာေတာ့ offline store ေတြမွာလည္း ရႏုိင္မယ္လို႕ ေျပာၾကားထားပါတယ္။
Realme X2 နဲ႕အတူ Realme Buds Air truly wireless earbudsေလးကို ေၾကျငာခဲ့ပါေသးတယ္။ ဒီဇိုင္းကေတာ့ Apple AirPods လိုျဖစ္ျပီး Realme Buds Air ဟာ music playback အတြက္ ၁၇နာရီ ေပးထားပါတယ္။ ေစ်းႏႈန္းကေတာ့ ၅၆ေဒၚလာျဖစ္ပါတယ္။ Realme Buds Air ကိုလည္း Flipkart နဲ႕ Realme.com တို႕မွာ ၀ယ္ယူႏုိင္ျပီျဖစ္ပါတယ္။

Ref : androidcentral

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.