[Unicode]
Snapdragon 865 chipset ၊ 5G တို့ပေါင်းစပ်ထားတဲ့ Axon 10s Pro ကို ZTE က ထုတ်ပြခဲ့ပါတယ်။ ဖန်တွေဆီကနေ စိတ်ဝင်စားမှုအများအပြားရရှိပြီးနောက်မှာတော့ flagship လေးအကြောင်းကို ထုတ်ပြောခဲ့ပါတယ်။ ဒါဟာ ပုံမှန်မိတ်ဆက်နေကြပုံစံမျိုးတော့ မဟုတ်သေးပါဘူး။ Axon 10s Pro 5G လေးဟာ ပြန်လည်ပြင်ဆင်ထားတဲ့ UI ၊ ပိုမိုကောင်းမွန်လာတဲ့ AI feature တွေပါဝင်နေပြီးတော့ ၂၀၂၀မှာ ပထမဆုံးမိတ်ဆက်မယ့် 5G ဖုန်းတွေထဲက ပထမဆုံးဖြစ်လာနိုင်ပါတယ်။
ဖုန်းလးကိုတော့ ZTE ရဲ့ Mobile Devices လုပ်ငန်းမှ စီအီးအို Feng Xu လက်ဝယ်မှာ မြင်တွေ့ခဲ့ရတာပါ။ Axon 10s Pro 5G ရဲ့ ပုံရိပ်တွေကတော့ အရင်က Axon 10 Pro 5G ကနဲ့ အတော်လေးတူနေပါတယ်။ ဒေါ်လာ၄၅၀အောက်ရှိနေလိမ့်မယ်လို့ မှန်းထားကြပါတယ်။
flagship SoC ပါဝင်နေပြီး LPDDR5 RAM ၊ UFS3.0 ROM ကိုလည်း သုံးထားပါသေးတယ်။ Z-Booster 2.0 ကြောင့် App-Booster ၊ System-Booster တွေကို တိုးမြှင့်ပေးနိုင်တာမို့ resource တွေကို ကောင်းကောင်းအသုံးချနိုင်စေပါတယ်။
MiFavor 10 OS ရဲ့ မိတ်ဆက်ပွဲအကြောင်းပြောခဲ့ဖူးတာဆိုတော့ Android 10 ကို ပြင်ဆင်ထားတဲ့ UI အကြောင်း သိထားပြီးလောက်ပါပြီ။ ZTE Axon 10s Pro 5G လေးဟာ UI အသစ်တွေ၊ icons, Dark Mode, gestures, network control နဲ့ feature အသစ်လေးတွေကို ဆောင်ကြဉ်းလာပါပြီ။
Axon 10s Pro ဟာ 5G ရတဲ့အတွက်ကြောင့် 5G network တွေကို ဦးစားပေးချိတ်ဆက်ခြင်း ဒါမှမဟုတ် လျစ်လျူရှုထားခြင်းလုပ်နိုင်တဲ့ mode လေးတစ်ခု ပါဝင်မှာပါ။ ZTE ဟာ အလေးချိန် ၁၇၅ဂရမ်နဲ့ ၇.၉မီလီမီတာ ပါးလွှာမှုတွေနဲ့ ဖမ်းစားထားပါသေးတယ်။ အပါးလွှာဆုံးသော 5G ဖုန်းတစ်လုံး ဖြစ်လာနိုင်ပါတယ်။
[Zawgyi]
Snapdragon 865 chipset ၊ 5G တို႕ေပါင္းစပ္ထားတဲ့ Axon 10s Pro ကို ZTE က ထုတ္ျပခဲ့ပါတယ္။ ဖန္ေတြဆီကေန စိတ္၀င္စားမႈအမ်ားအျပားရရွိျပီးေနာက္မွာေတာ့ flagship ေလးအေၾကာင္းကို ထုတ္ေျပာခဲ့ပါတယ္။ ဒါဟာ ပံုမွန္မိတ္ဆက္ေနၾကပံုစံမ်ိဳးေတာ့ မဟုတ္ေသးပါဘူး။ Axon 10s Pro 5G ေလးဟာ ျပန္လည္ျပင္ဆင္ထားတဲ့ UI ၊ ပိုမိုေကာင္းမြန္လာတဲ့ AI feature ေတြပါ၀င္ေနျပီးေတာ့ ၂၀၂၀မွာ ပထမဆံုးမိတ္ဆက္မယ့္ 5G ဖုန္းေတြထဲက ပထမဆံုးျဖစ္လာႏုိင္ပါတယ္။
ဖုန္းလးကိုေတာ့ ZTE ရဲ႕ Mobile Devices လုုပ္ငန္းမွ စီအီးအို Feng Xu လက္၀ယ္မွာ ျမင္ေတြ႕ခဲ့ရတာပါ။ Axon 10s Pro 5G ရဲ႕ ပံုရိပ္ေတြကေတာ့ အရင္က Axon 10 Pro 5G ကနဲ႕ အေတာ္ေလးတူေနပါတယ္။ ေဒၚလာ၄၅၀ေအာက္ရွိေနလိမ့္မယ္လို႕ မွန္းထားၾကပါတယ္။
flagship SoC ပါ၀င္ေနျပီး LPDDR5 RAM ၊ UFS3.0 ROM ကိုလည္း သံုးထားပါေသးတယ္။ Z-Booster 2.0 ေၾကာင့္ App-Booster ၊ System-Booster ေတြကို တိုးျမွင့္ေပးႏုိင္တာမို႕ resource ေတြကို ေကာင္းေကာင္းအသံုးခ်ႏုိင္ေစပါတယ္။
MiFavor 10 OS ရဲ႕ မိတ္ဆက္ပြဲအေၾကာင္းေျပာခဲ့ဖူးတာဆိုေတာ့ Android 10 ကို ျပင္ဆင္ထားတဲ့ UI အေၾကာင္း သိထားျပီးေလာက္ပါျပီ။ ZTE Axon 10s Pro 5G ေလးဟာ UI အသစ္ေတြ၊ icons, Dark Mode, gestures, network control နဲ႕ feature အသစ္ေလးေတြကို ေဆာင္ၾကဥ္းလာပါျပီ။
Axon 10s Pro ဟာ 5G ရတဲ့အတြက္ေၾကာင့္ 5G network ေတြကို ဦးစားေပးခ်ိတ္ဆက္ျခင္း ဒါမွမဟုတ္ လ်စ္လ်ဴရွဳထားျခင္းလုပ္ႏုိင္တဲ့ mode ေလးတစ္ခု ပါ၀င္မွာပါ။ ZTE ဟာ အေလးခ်ိန္ ၁၇၅ဂရမ္နဲ႕ ၇.၉မီလီမီတာ ပါးလႊာမႈေတြနဲ႕ ဖမ္းစားထားပါေသးတယ္။ အပါးလႊာဆံုးေသာ 5G ဖုန္းတစ္လံုး ျဖစ္လာႏုုိင္ပါတယ္။
Ref : gsmarena