Galaxy S11 နဲ့ S11+ တို့တွင် ကင်မရာငါးလုံးပါဝင်
0
960
[Unicode]
မကြာသေးခင်ကထွက်ရှိလာတဲ့ အစီရင်ခံစာတွေအရဆိုရင် Samsung Galaxy S11 နဲ့ Galaxy S11+ တို့မှာ ကင်မရာငါးလုံး setup ပါဝင်မယ်လို့ သိထားပါတယ်။ ဟုတ်ပါတယ်။ ကင်မရာငါးလုံးပါ။
နောက်ဆုံးရရှိထားတဲ့သတင်းတွေအရဆိုရင် Samsung ဟာ Galaxy S11 line-up (နဲ့ ခေါက်နိုင်တဲ့စမတ်ဖုန်း ဒုတိယမျိုးဆက်တို့)ကို ၂၀၂၀ ဖေဖော်ဝါရီ၁၈ရက်နေ့မှာ ကျင်းပမယ့် အထူးအခမ်းအနားမှာ ပြသမယ်လို့လည်း မျှော်လင့်နေကြပါတယ်။
2020 line-up ဟာ လက်ရှိတစ်ခုမှာရှိနေတဲ့အတိုင်း ထင်ဟပ်နေမှာဖြစ်ပြီးတော့ မော်ဒယ်လ်တွေအားဖြင့် ၆.၃ ၊ ၆.၇ နဲ့ ၆.၉လက်မအဖြစ် ထွက်ရှိလာမှာဖြစ်ပြီး အားလုံးအတွက် 5G variant တွေလည်း စီစဉ်ထားမှာပါ။
Galaxy S11 နဲ့ S11+ မှာ ကင်မရာငါးလုံးပါမယ်ပြောခဲ့သူကတော့ LetsGoDigital ဖြစ်ပါတယ်။ အဲဒီကင်မရာငါးလုံးထဲမှာ 108MP main, 5x telephoto lens, Bright Night camera (for low light), ToF sensor တို့ပါဝင်နေမှာပါ။ ငါးလုံးမြောက်အနေနဲ့ wide-angle lens ဖြစ်မလား မသေချာသေးပါဘူး။
မျက်နှာပြင်ပေါ်မှာ punch-hole အသေးလေးရှိနေတဲ့အတွက်ကြောင့် ဆယ်လ်ဖီကင်မရာဖြစ်မယ်လို့ ယူဆထားပါတယ်။ display ကတော့ Dynamic OLED ကို QHD resolution ၊ 90Hz to 120Hz refresh rate တွေနဲ့ ပေါင်းစပ်ထားပါတယ်။
ဘတ်ထရီအရွယ်အစားကတော့ 5,000mAh, 4,500mAh, 4,000mAh ဆိုပြီး Galaxy S11+, Galaxy S11, Galaxy S11e တို့မှာ မြင်တွေ့ရမှာဖြစ်ပါတယ်။
[Zawgyi]
Ref : pocketnow
Leave a Reply
This site uses Akismet to reduce spam. Learn how your comment data is processed.