မိတ်ဆက်မယ့်နေ့မတိုင်ခင်တစ်ရက်အလိုမှာ ဈေးပေါက်ကြားခဲ့တဲ့ Realme X2

0
2431

[Unicode]

Realme X2 ဟာ စက်တင်ဘာလမှာအတည်ပြုခဲ့တာဆိုတော့ တော်တော်လေးအချိန်ယူခဲ့တဲ့ဖုန်းလို့တောင် ပြောရမလိုဖြစ်နေတယ်။ မိတ်ဆက်မယ့်နေ့မတိုင်ခင် တစ်ရက်အလိုမှာတော့ ဈေးနှုန်းသိခွင့်ရလိုက်ပါပြီ။
Realme X2 ရဲ့တည်ရှိမှုကို အတည်ပြုခဲ့တာက စက်တင်ဘာလ Realme XT မိတ်ဆက်ပွဲမှာပါ။ အခုတော့ ဒီဇင်ဘာလရောက်မှ အတည်မိတ်ဆက်နိုင်ခဲ့ပါတယ်။ Realme XT 730G လို ကနဦးခေါ်ခဲ့ပေမယ့်လည်း Realme X2 လို့ ပြောင်းလဲလိုက်ပါပြီ။ လက်ရှိမှာတော့ သူတို့ရဲ့အကောင်းဆုံး mid-range စမတ်ဖုန်းဖြစ်နေပြီးတော့ flagship Realme X2 Pro ရဲ့ နောက်မှာရှိနေပါတယ်။
ဈေးနှုန်းကတော့ Ishan Agrawal ဆီကနေ ပေါက်ကြားလာတာဖြစ်ပြီးတော့ သူကလည်း အတော်လေးယုံကြည်ရသူတစ်ယောက် ဖြစ်ပါတယ်။ တွစ်တာပေါ်မှာ တင်ခဲ့တာဖြစ်ပါတယ်။
Realme X2 ကတော့ 6GB RAM နဲ့ 128GB storage အတွက် ၁၉,၉၉၉ ရူပီး ၊ 8GB ဆိုရင်တော့ ၂၀,၉၉၉ ဖြစ်ပါတယ်။ ဒီဇင်ဘာ၂၀ရက်နေ့မှာ စတင်ရောင်းချမှာဖြစ်ပြီးတော့ အရောင်တွေအနေနဲ့ Pearl Green, Pearl Blue, Pearl White ဆိုပြီး ရွေးချယ်နိုင်မှာပါ။
ဈေးနှုန်းကသာ တကယ်တိကျခဲ့မယ်ဆိုရင်တော့ Realme X2 ဟာ အိန္ဒိယဈေးကွက်ထဲမှာ Snapdragon 730G chipset အတွက် ဈေးအသက်သာဆုံးဖြစ်နေပါတယ်။ Xiaomi Redmi K20 ကိုတောင် ပုတ်ချလိုက်လို့ရပါတယ်။ Snapdragon 730G ကို ဒီနှစ်အစောပိုင်းမှာ ကြေငြာခဲ့တာဖြစ်ပြီးတော့ flagship Snapdragon 845 လောက် စွမ်းဆောင်ရည်မြင့်မားတယ်လို့ ယူဆနိုင်ပါတယ်။
4,000mAh ဘတ်ထရီ၊ 30W VOOC အားသွင်းစနစ်၊ 64MP primary camera ပါဝင်ပြီးတော့ ultra-wide shooter, macro lens, depth sensor တို့နဲ့ ကင်မရာလေးလုံးစနစ်တွေ၊ 6.4-inch AMOLED display ၊ water-drop notch ၊ in-display fingerprint scanner တို့ကလည်း စွဲမက်စရာပါပဲ။
အခုမြင်ရတဲ့အထဲမှာ အရင်တုန်းကပြောခဲ့တဲ့ Avacado Green နဲ့ Star Wars edition တို့တော့ မမြင်ရသေးပါဘူး။ special edition ဆိုတော့ hardware ပြောင်းထားရင် ဈေးမြှင့်ထားနိုင်ပါတယ်။ မဟုတ်ရင်လည်း green နဲ့ purple gradient ကို နာမည်ပြောင်းထားတာလည်း ဖြစ်နိုင်တာပဲ။

[Zawgyi]

Realme X2 ဟာ စက္တင္ဘာလမွာအတည္ျပဳခဲ့တာဆိုေတာ့ ေတာ္ေတာ္ေလးအခ်ိန္ယူခဲ့တဲ့ဖုန္းလို႕ေတာင္ ေျပာရမလိုျဖစ္ေနတယ္။ မိတ္ဆက္မယ့္ေန႕မတုိင္ခင္ တစ္ရက္အလိုမွာေတာ့ ေစ်းႏႈန္းသိခြင့္ရလိုက္ပါျပီ။
Realme X2 ရဲ႕တည္ရွိမႈကို အတည္ျပဳခဲ့တာက စက္တင္ဘာလ Realme XT မိတ္ဆက္ပြဲမွာပါ။ အခုေတာ့ ဒီဇင္ဘာလေရာက္မွ အတည္မိတ္ဆက္ႏုိင္ခဲ့ပါတယ္။ Realme XT 730G လို ကနဦးေခၚခဲ့ေပမယ့္လည္း Realme X2 လို႕ ေျပာင္းလဲလိုက္ပါျပီ။ လက္ရွိမွာေတာ့ သူတို႕ရဲ႕အေကာင္းဆံုး mid-range စမတ္ဖုန္းျဖစ္ေနျပီးေတာ့ flagship Realme X2 Pro ရဲ႕ ေနာက္မွာရွိေနပါတယ္။
ေစ်းႏႈန္းကေတာ့ Ishan Agrawal ဆီကေန ေပါက္ၾကားလာတာျဖစ္ျပီးေတာ့ သူကလည္း အေတာ္ေလးယံုၾကည္ရသူတစ္ေယာက္ ျဖစ္ပါတယ္။ တြစ္တာေပၚမွာ တင္ခဲ့တာျဖစ္ပါတယ္။
Realme X2 ကေတာ့ 6GB RAM နဲ႕ 128GB storage အတြက္ ၁၉,၉၉၉ ရူပီး ၊ 8GB ဆိုရင္ေတာ့ ၂၀,၉၉၉ ျဖစ္ပါတယ္။ ဒီဇင္ဘာ၂၀ရက္ေန႕မွာ စတင္ေရာင္းခ်မွာျဖစ္ျပီးေတာ့ အေရာင္ေတြအေနနဲ႕ Pearl Green, Pearl Blue, Pearl White ဆိုျပီး ေရြးခ်ယ္ႏုိင္မွာပါ။
ေစ်းႏႈန္းကသာ တကယ္တိက်ခဲ့မယ္ဆိုရင္ေတာ့ Realme X2 ဟာ အိႏိၵယေစ်းကြက္ထဲမွာ Snapdragon 730G chipset အတြက္ ေစ်းအသက္သာဆံုးျဖစ္ေနပါတယ္။ Xiaomi Redmi K20 ကိုေတာင္ ပုတ္ခ်လုိက္လို႕ရပါတယ္။ Snapdragon 730G ကို ဒီႏွစ္အေစာပိုင္းမွာ ေၾကျငာခဲ့တာျဖစ္ျပီးေတာ့ flagship Snapdragon 845 ေလာက္ စြမ္းေဆာင္ရည္ျမင့္မားတယ္လို႕ ယူဆႏုိင္ပါတယ္။
4,000mAh ဘတ္ထရီ၊ 30W VOOC အားသြင္းစနစ္၊ 64MP primary camera ပါ၀င္ျပီးေတာ့ ultra-wide shooter, macro lens, depth sensor တို႕နဲ႕ ကင္မရာေလးလံုးစနစ္ေတြ၊ 6.4-inch AMOLED display ၊ water-drop notch ၊ in-display fingerprint scanner တို႕ကလည္း စြဲမက္စရာပါပဲ။
အခုျမင္ရတဲ့အထဲမွာ အရင္တုန္းကေျပာခဲ့တဲ့ Avacado Green နဲ႕ Star Wars edition တို႕ေတာ့ မျမင္ရေသးပါဘူး။ special edition ဆိုေတာ့ hardware ေျပာင္းထားရင္ ေစ်းျမွင့္ထားႏုိင္ပါတယ္။ မဟုတ္ရင္လည္း green နဲ႕ purple gradient ကို နာမည္ေျပာင္းထားတာလည္း ျဖစ္ႏုိင္တာပဲ။

Ref : techradar

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.