မင်း notch လည်းမမိုက်ဘူး ငါ့ notch လည်းမမိုက်ဘူး OPPO ရဲ့ under-display camera လာပြီ

0
2128

[Unicode]

OPPO ကတော့ သူ့ရဲ့ Innovation Day မှာ မတူညီတဲ့ concept product အချို့ကို ပြသလို့ပြီးပါပြီ။ highlight တွေကိုပြောရမယ်ဆိုရင်တော့ AR Glass အသစ်နဲ့ 5G CPE hub အသစ်တို့ဖြစ်ပါတယ်။ ဒါပေမယ့် Innovation Day press conference အပြီး OPPO ရုံးကိုအလည်သွားခဲ့တဲ့အချိန်မှာတော့ under-display selfie camera ကသာ ရှိုးရဲ့အဓိကဇာတ်ဆောင်ဆိုတာ သိလိုက်ရပါတယ်။
Innovation Day မှာ အဓိကထားပြီးတော့ ပြောသွားတာမဟုတ်ပေမယ့်လည်း လူတွေစိတ်ဝင်စားကြမှာ ဒီ feature လေးဆိုတာ မိတ်ဆွေငြင်းမလား။ AR glasses နဲ့ 5G hub တွေက မိုက်ပေမယ့်လည်း under-display camera ကတော့ လက်တွေ့အဆန်ဆုံး ဖန်တီးမှုတစ်ခုလို့ မြင်မိတာအမှန်ပဲ။
OPPO ရဲ့ရှုထောင့်ကတော့ ဒီနည်းပညာက အသစ်အဆန်းမဟုတ်ပါဘူး။ MWC Shanghai မှာတုန်းက ပထမဆုံးတစ်ခေါက်ပြခဲ့ဖူးလို့ပါ။ အဲဒီအချိန်တုန်းက device လေးကို ထူတဲ့အနက်ရောင် case လေးနဲ့ အုပ်ထားတာပါ။ Innovation Day မှာတော့ ကျွန်တော်တို့မြင်နိုင်ခဲ့ပါပြီ။


ဘယ်လိုအလုပ်လုပ်သလဲ
ဒီနည်းပညာက အလွန်ကိုပါးလွှာတဲ့ ထွင်းဖောက်မြင်နေတဲ့ပစ္စည်းတစ်မျိုးကို အသုံးပြုထားပြီးတော့ ကင်မရာအပေါ်မှာ pixel structure အသစ်နဲ့ တင်ထားတာဖြစ်ပါတယ်။ ဒါလေးက glass ကိုဖြတ်ပြီး lens အတွင်းထဲကို အလင်းတွေဝင်သွားအောင် ကူညီပေးနိုင်ပါတယ်။ OPPO ရဲ့ပြောကြားချက်အရ wider aperture နဲ့ sensor တွေဟာ အလွှာထဲကိုဖြတ်ဝင်ရမှာဖြစ်လို့ အလင်းကောင်းကောင်းဖမ်းယူဖို့လိုအပ်ပါတယ်။ resolution မြင့်တဲ့ sensor သုံးထားရင် လူကြိုက်ပိုများနေတာဖြစ်တာမို့ ပိုလို့ခက်ခဲပါတယ်။ ဒါပေမယ့်လည်း prototype လေးနဲ့ ဆယ်လ်ဖီရိုက်ကူးကြည့်ရာမှာတော့ အရည်အသွေးက သိပ်မဆိုးလှပါဘူး။
color wallpaper တလွဲနဲ့ angle တလွဲထားကြည့်မယ်ဆိုရင်တော့ camera housing ကို မြင်ရမှာပါ။ လက်ရှိမှာတော့ ထူးခြားတဲ့ လေးထောင့်ပုံစံကိုမြင်တွေ့ရပါတယ်။ အခြေအနေအများစုမှာတော့ cutout လုပ်ထားပုံက လုံးဝကိုပျောက်နေပါတယ်။ အံ့သြစရာပါပဲ။
ဒီနည်းပညာကို ရေစီးကြောင်းပေါ်ရောက်လာဖို့ ကျွန်တော်ကတော့ မစောင့်နေနိုင်တော့ပါဘူး။ notch တွေအတွက် ငြင်းခုံနေရတာ တော်လောက်ပြီလို ကျွန်တော်ထင်တာပဲ။
ငြင်းခုံခြင်း အဆုံးသတ်သင့်ပြီ
နှစ်ပေါင်းများစွာကြာအောင် ဆယ်လ်ဖီကင်မရာအတွက် ငြင်းခုံလာခဲ့ကြတာပါ။ ဘောင်တွေပါးသွားပြီး ကျွန်တော်တို့လိုချင်တဲ့ မျက်နှာပြင်အပြည့်ကိုသွားနေကြပေမယ့်လည်း အရှေ့ကင်မရာအတွက် ဘောင်တွေက ရှိနေတုန်းပါပဲ။ Notch ဒီဇိုင်းတွေကလည်း နည်းပညာလောကကို ရိုက်ခတ်နေတုန်းပါပဲ။ ဒါပေမယ့် မကြာခင်မှာ ဒီအကြောင်းအရာက ကွယ်ပျောက်သွားတော့မှာပါ။
အစောပိုင်း notch ဒီဇိုင်းတွေဖြစ်တဲ့ iPhone X လိုမျိုးဆိုရင် အတော်လေးကြည့်ရဆိုးခဲ့ပါတယ်။ ကြီးပြီးတော့ မြင်သာနေခဲ့တယ်။

[Zawgyi]

OPPO ကေတာ့ သူ႕ရဲ႕ Innovation Day မွာ မတူညီတဲ့ concept product အခ်ိဳ႕ကို ျပသလို႕ျပီးပါျပီ။ highlight ေတြကိုေျပာရမယ္ဆိုရင္ေတာ့ AR Glass အသစ္နဲ႕ 5G CPE hub အသစ္တို႕ျဖစ္ပါတယ္။ ဒါေပမယ့္ Innovation Day press conference အျပီး OPPO ရံုးကိုအလည္သြားခဲ့တဲ့အခ်ိန္မွာေတာ့ under-display selfie camera ကသာ ရွိဳးရဲ႕အဓိကဇာတ္ေဆာင္ဆိုတာ သိိလုိက္ရပါတယ္။
Innovation Day မွာ အဓိကထားျပီးေတာ့ ေျပာသြားတာမဟုတ္ေပမယ့္လည္း လူေတြစိတ္၀င္စားၾကမွာ ဒီ feature ေလးဆိုတာ မိတ္ေဆြျငင္းမလား။ AR glasses နဲ႕ 5G hub ေတြက မိုက္ေပမယ့္လည္း under-display camera ကေတာ့ လက္ေတြ႕အဆန္ဆံုး ဖန္တီးမႈတစ္ခုလို႕ ျမင္မိတာအမွန္ပဲ။
OPPO ရဲ႕ရွဳေထာင့္ကေတာ့ ဒီနည္းပညာက အသစ္အဆန္းမဟုတ္ပါဘူး။ MWC Shanghai မွာတုန္းက ပထမဆံုးတစ္ေခါက္ျပခဲ့ဖူးလို႕ပါ။ အဲဒီအခ်ိန္တုန္းက device ေလးကို ထူတဲ့အနက္ေရာင္ case ေလးနဲ႕ အုပ္ထားတာပါ။ Innovation Day မွာေတာ့ ကၽြန္ေတာ္တို႕ျမင္ႏုိင္ခဲ့ပါျပီ။


ဘယ္လိုအလုပ္လုပ္သလဲ
ဒီနည္းပညာက အလြန္ကိုပါးလႊာတဲ့ ထြင္းေဖာက္ျမင္ေနတဲ့ပစၥည္းတစ္မ်ိဳးကို အသံုးျပဳထားျပီးေတာ့ ကင္မရာအေပၚမွာ pixel structure အသစ္နဲ႕ တင္ထားတာျဖစ္ပါတယ္။ ဒါေလးက glass ကိုျဖတ္ျပီး lens အတြင္းထဲကို အလင္းေတြ၀င္သြားေအာင္ ကူညီေပးႏုိင္ပါတယ္။ OPPO ရဲ႕ေျပာၾကားခ်က္အရ wider aperture နဲ႕ sensor ေတြဟာ အလႊာထဲကိုျဖတ္၀င္ရမွာျဖစ္လို႕ အလင္းေကာင္းေကာင္းဖမ္းယူဖို႕လိုအပ္ပါတယ္။ resolution ျမင့္တဲ့ sensor သံုးထားရင္ လူၾကိဳက္ပိုမ်ားေနတာျဖစ္တာမို႕ ပိုလို႕ခက္ခဲပါတယ္။ ဒါေပမယ့္လည္း prototype ေလးနဲ႕ ဆယ္လ္ဖီရုိက္ကူးၾကည့္ရာမွာေတာ့ အရည္အေသြးက သိပ္မဆိုးလွပါဘူး။
color wallpaper တလြဲနဲ႕ angle တလြဲထားၾကည့္မယ္ဆုိရင္ေတာ့ camera housing ကို ျမင္ရမွာပါ။ လက္ရွိမွာေတာ့ ထူးျခားတဲ့ ေလးေထာင့္ပံုစံကိုျမင္ေတြ႕ရပါတယ္။ အေျခအေနအမ်ားစုမွာေတာ့ cutout လုပ္ထားပံုက လံုး၀ကိုေပ်ာက္ေနပါတယ္။ အံ့ၾသစရာပါပဲ။
ဒီနည္းပညာကုိ ေရစီးေၾကာင္းေပၚေရာက္လာဖို႕ ကၽြန္ေတာ္ကေတာ့ မေစာင့္ေနႏုိင္ေတာ့ပါဘူး။ notch ေတြအတြက္ ျငင္းခံုေနရတာ ေတာ္ေလာက္ျပီလို ကၽြန္ေတာ္ထင္တာပဲ။
ျငင္းခံုျခင္း အဆံုးသတ္သင့္ျပီ
ႏွစ္ေပါင္းမ်ားစြာၾကာေအာင္ ဆယ္လ္ဖီကင္မရာအတြက္ ျငင္းခံုလာခဲ့ၾကတာပါ။ ေဘာင္ေတြပါးသြားျပီး ကၽြန္ေတာ္တို႕လိုခ်င္တဲ့ မ်က္ႏွာျပင္အျပည့္ကိုသြားေနၾကေပမယ့္လည္း အေရွ႕ကင္မရာအတြက္ ေဘာင္ေတြက ရွိေနတုန္းပါပဲ။ Notch ဒီဇုိင္းေတြကလည္း နည္းပညာေလာကကို ရိုက္ခတ္ေနတုန္းပါပဲ။ ဒါေပမယ့္ မၾကာခင္မွာ ဒီအေၾကာင္းအရာက ကြယ္ေပ်ာက္သြားေတာ့မွာပါ။
အေစာပိုင္း notch ဒီဇုိင္းေတြျဖစ္တဲ့ iPhone X လိုမ်ိဳးဆိုရင္ အေတာ္ေလးၾကည့္ရဆိုးခဲ့ပါတယ္။ ၾကီးျပီးေတာ့ ျမင္သာေနခဲ့တယ္။

Ref : androidauthority

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.