[Unicode]
လျှပ်စစ်ကားဆိုတာကို မကြားဖူးတဲ့သူတွေအတွက်ကတော့ ထုတ်လုပ်တဲ့သူမတူညီတာမို့ အားသွင်းရတဲ့ connector လေးတွေမတူတာလည်း သိကြမယ့်ပုံမပေါ်ပါဘူး။ Nissan ကတော့ CHAdeMO သုံးပါတယ်။ BMW နဲ့ VW ကတော့ CCS သုံးတာပါ။ Tesla ကတော့ သူ့ရဲ့ကိုယ်ပိုင် connector သုံးတာဖြစ်ပါတယ်။ Google Maps ဟာ အားသွင်းစတေရှင်တွေရှာနိုင်တဲ့ feature လေးကို ဒီနှစ်အစောပိုင်းမှာ လုပ်ဆောင်နေခဲ့ပါတယ်။ အခုတော့ plug အမျိုးအစားပေါ်မှာမူတည်ပြီးတော့ ရွေးချယ်နိုင်နေပါပြီ။
အားသွင်းစတေရှင်ကို လိုက်ရှာတဲ့နေရာမှာ filter ဘားလေးထဲမှာ plug အတွက် မီနူးအသစ်လေးကို တွေ့မြင်ရမှာဖြစ်ပါတယ်။ Google Maps ကို ဘယ်လို plug မျိုးရှာနေသလဲဆိုတာကို အတိအကျရှာခိုင်းလို့ရပါပြီ။ ရလဒ်တွေကိုလည်း မလိုတာတွေ ဖယ်ရှားပေးသွားမှာ ဖြစ်ပါတယ်။
Google Maps ဟာ app settings ထဲမှာ ‘Electric vehicle settings’ option အသစ်လည်း ထည့်သွင်းပေးထားပါသေးတယ်။ အဲဒီမှာ ကိုယ့်စိတ်ကြိုက် plug တွေကိုလည်း ပြောင်းလဲထားနိုင်ပါတယ်။
ဒီလုပ်ဆောင်ချက်ကိုရနေတဲ့ အခြားသော app တွေရှိပေမယ့်လည်း ကျွန်တော့စိတ်ကြိုက်တစ်ခုကတော့ PlugShare ဖြစ်ပါတယ်။ Google Maps မှာ အခုလိုမြင်ရပြီဆိုတော့ အတိုင်းထက်အလွန်ဝမ်းသာမိပါတယ်။ BMW i3 ရှာတဲ့အချိန်မှာ Tesla Supercharger ကို ပြသနေမှာမဟုတ်တော့ပါဘူး။ အချိန်ကုန်သက်သာတာပေါ့။ ဒါနဲ့ မြန်မာနိုင်ငံမှာတော့ သွားမရှာနဲ့တော့။ စိတ်ပူလို့ သတိပေးတာ။
[Zawgyi]
Ref : androidpolice