[Unicode]
Apple ရဲ့ digital assistant Siri ကတော့ ကားမှောက်ပြီး ရေခဲမြစ်ထဲကိုပြုတ်ကျသွားခဲ့တဲ့ ဆယ်ကျော်သက်အရွယ်ကောင်လေးတစ်ယောက်ကို ထပ်မံကယ်တင်လိုက်ပြန်ပါပြီ။
အသက်၁၈နှစ်အရွယ် ကောလိပ်ကျောင်းသားတစ်ဦးဖြစ်သူ Gael Salcedo ဟာ North Iowa Area Community College ကို ကားမောင်းသွားနေတဲ့အချိန်မှာ ရေခဲတုံးတစ်ခုနဲ့ ဝင်တိုက်မိခဲ့ပါတယ်။ Salcedo ဟာ ကားကိုမထိန်းနိုင်တော့ဘဲ လမ်းဘေးကိုထိုးဆင်းသွားပြီးတော့ Winnebago မြစ်ထဲကိုပြုတ်ကျသွားပါတယ်။
“ညာဘက်ကိုလှည့်ကြည့်လိုက်ပေမယ့်လည်း အရာအားလုံးက မှုန်ဝါးနေတယ်။ ကျွန်တော်ဘယ်တွေရောက်နေလဲဆိုတာကို ကျွန်တော်မသိတော့သလို ဘာလုပ်ရမယ်ဆိုတာကိုလည်း မသိတော့ဘူး။ ကျွန်တော်သေရတော့မယ်ဆိုတာကိုပဲ ခေါင်းထဲမှာတွေးနေမိတယ်” လို့ CNN ရဲ့ တွဲဖက် KIMT ကိုပြောခဲ့ပါတယ်။
သူဟာ မြစ်ထဲမှာရောက်နေတယ်ဆိုတာကို သိလိုက်ရချိန်မှာတော့ ဂျစ်ကားနစ်တော့မယ့်အနေအထားကြောင့် ပြတင်းပေါက်တွေကိုချလိုက်ပါတယ်။ Winnebago မြစ်ရဲ့ရေခဲတွေနဲ့ ရေတွေဟာ ရေခဲမှတ်အောက်ကိုရောက်နေတာမို့ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်အတွက်တော့ ကြောက်လန့်တုန်လှုပ်နေခဲ့မယ်ဆိုတာ မှန်းလို့ရနေပါတယ်။
ကံကောင်းစွာနဲ့ပဲ Salcedo ဟာ သူ့ရဲ့အခြေအနေတစ်ခုလုံးကို ခေတ်မီနည်းပညာနဲ့ ပြောင်းလဲနိုင်တယ်လို့ စိတ်ကူးဝင်လာခဲ့ပါတယ်။ မတော်တဆမှုဖြစ်ပြီးနောက်မှာ သူ့ရဲ့ဖုန်းဟာ ဘယ်နေရာကိုရောက်သွားသလဲမသိပေမယ့်လည်း Siri ကတော့ အဲဒီနေ့အတွက် ကယ်ဆယ်ဖို့အသင့်ရှိနေခဲ့ပါတယ်။
“ကျွန်တော့ဖုန်းပျောက်သွားပြီးတော့ ကျွန်တော်မရှာနိုင်ခဲ့ဘူး။ ဒါနဲ့ ‘Hey Siri, call 911’ လို့ ဒီအတိုင်းပြောလိုက်တယ်။ Siri က ခေါ်နေချိန်မှာ ကျွန်တော်ဖုန်းကိုပြန်တွေ့ခဲ့တယ်။”
Mason မြို့ရဲ့မီးသတ်သမားတွေက အခင်းဖြစ်ရာနေရာကိုရောက်ရှိပြီးတော့ ရေခဲတမျှအေးစက်နေတဲ့မြစ်ထဲက Salcedo ကို ကယ်ဆယ်ဖို့လုပ်ဆောင်ခဲ့ကြပါတယ်။ ရေစီးကြောင်းက မောင်းသူအခြမ်းမှာ အတော်လေးသန်နေတာမို့ ခရီးသည်တင်တဲ့အခြမ်းက ချဉ်းကပ်ခဲ့ရပါတယ်။ အဲဒီအချိန်မှာပဲ ရေတွေတက်လာခဲ့ပါတယ်။
Masonမြို့မီးသတ်ဌာနမှ Lieutenant Craig Warner ကတော့ Salcedo ကို ကားအတွင်းကနေ မြစ်ထဲကိုထွက်လာခဲ့ဖို့အတွက် ပြောခဲ့ရပါတယ်။ တစ်လျှောက်လုံးမှာ သူ့ကိုတွဲပြီးတော့ ခေါ်ခဲ့ရပါတယ်။ ရေစီးအရမ်းသန်တဲ့မြစ်ထဲမှာ လူတစ်ယောက်ကိုတွဲခေါ်ရတာဟာ ဘယ်လောက်ခက်ခဲမှန်း တွေးဆကြည့်လို့ရနေပါတယ်။
[Zawgyi]
Apple ရဲ႕ digital assistant Siri ကေတာ့ ကားေမွာက္ျပီး ေရခဲျမစ္ထဲကိုျပဳတ္က်သြားခဲ့တဲ့ ဆယ္ေက်ာ္သက္အရြယ္ေကာင္ေလးတစ္ေယာက္ကို ထပ္မံကယ္တင္္လုိက္ျပန္ပါျပီ။
အသက္၁၈ႏွစ္အရြယ္ ေကာလိပ္ေက်ာင္းသားတစ္ဦးျဖစ္သူ Gael Salcedo ဟာ North Iowa Area Community College ကို ကားေမာင္းသြားေနတဲ့အခ်ိန္မွာ ေရခဲတံုးတစ္ခုနဲ႕ ၀င္တုိက္မိခဲ့ပါတယ္။ Salcedo ဟာ ကားကိုမထိန္းနုိင္ေတာ့ဘဲ လမ္းေဘးကိုထိုးဆင္းသြားျပီးေတာ့ Winnebago ျမစ္ထဲကိုျပဳတ္က်သြားပါတယ္။
“ညာဘက္ကိုလွည့္ၾကည့္လိုက္ေပမယ့္လည္း အရာအားလံုးက မႈန္၀ါးေနတယ္။ ကၽြန္ေတာ္ဘယ္ေတြေရာက္ေနလဲဆိုတာကို ကၽြန္ေတာ္မသိေတာ့သလို ဘာလုပ္ရမယ္ဆိုတာကိုလည္း မသိေတာ့ဘူး။ ကၽြန္ေတာ္ေသရေတာ့မယ္ဆိုတာကိုပဲ ေခါင္းထဲမွာေတြးေနမိတယ္” လို႕ CNN ရဲ႕ တြဲဖက္ KIMT ကိုေျပာခဲ့ပါတယ္။
သူဟာ ျမစ္ထဲမွာေရာက္ေနတယ္ဆိုတာကို သိလုိက္ရခ်ိန္မွာေတာ့ ဂ်စ္ကားနစ္ေတာ့မယ့္အေနအထားေၾကာင့္ ျပတင္းေပါက္ေတြကိုခ်လိုက္ပါတယ္။ Winnebago ျမစ္ရဲ႕ေရခဲေတြနဲ႕ ေရေတြဟာ ေရခဲမွတ္ေအာက္ကိုေရာက္ေနတာမို႕ ဆယ္ေက်ာ္သက္ေကာင္ေလးတစ္ေယာက္အတြက္ေတာ့ ေၾကာက္လန္႕တုန္လႈပ္ေနခဲ့မယ္ဆိုတာ မွန္းလို႕ရေနပါတယ္။
ကံေကာင္းစြာနဲ႕ပဲ Salcedo ဟာ သူ႕ရဲ႕အေျခအေနတစ္ခုလံုးကို ေခတ္မီနည္းပညာနဲ႕ ေျပာင္းလဲႏုိင္တယ္လို႕ စိတ္ကူး၀င္လာခဲ့ပါတယ္။ မေတာ္တဆမႈျဖစ္ျပီးေနာက္မွာ သူ႕ရဲ႕ဖုန္းဟာ ဘယ္ေနရာကိုေရာက္သြားသလဲမသိေပမယ့္လည္း Siri ကေတာ့ အဲဒီေန႕အတြက္ ကယ္ဆယ္ဖုိ႕အသင့္ရွိေနခဲ့ပါတယ္။
“ကၽြန္ေတာ့ဖုန္းေပ်ာက္သြားျပီးေတာ့ ကၽြန္ေတာ္မရွာႏုိင္ခဲ့ဘူး။ ဒါနဲ႕ ‘Hey Siri, call 911’ လို႕ ဒီအတုိင္းေျပာလိုက္တယ္။ Siri က ေခၚေနခ်ိန္မွာ ကၽြန္ေတာ္ဖုန္းကိုျပန္ေတြ႕ခဲ့တယ္။”
Mason ျမိဳ႕ရဲ႕မီးသတ္သမားေတြက အခင္းျဖစ္ရာေနရာကိုေရာက္ရွိျပီးေတာ့ ေရခဲတမွ်ေအးစက္ေနတဲ့ျမစ္ထဲက Salcedo ကို ကယ္ဆယ္ဖို႕လုပ္ေဆာင္ခဲ့ၾကပါတယ္။ ေရစီးေၾကာင္းက ေမာင္းသူအျခမ္းမွာ အေတာ္ေလးသန္ေနတာမို႕ ခရီးသည္တင္တဲ့အျခမ္းက ခ်ဥ္းကပ္ခဲ့ရပါတယ္။ အဲဒီအခ်ိန္မွာပဲ ေရေတြတက္လာခဲ့ပါတယ္။
Masonျမိဳ႕မီးသတ္ဌာနမွ Lieutenant Craig Warner ကေတာ့ Salcedo ကို ကားအတြင္းကေန ျမစ္ထဲကိုထြက္လာခဲ့ဖို႕အတြက္ ေျပာခဲ့ရပါတယ္။ တစ္ေလွ်ာက္လံုးမွာ သူ႕ကိုတြဲျပီးေတာ့ ေခၚခဲ့ရပါတယ္။ ေရစီးအရမ္းသန္တဲ့ျမစ္ထဲမွာ လူတစ္ေယာက္ကိုတြဲေခၚရတာဟာ ဘယ္ေလာက္ခက္ခဲမွန္း ေတြးဆၾကည့္လို႕ရေနပါတယ္။
Ref : digitaltrends